နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ဘီယာပွဲတော် အခုနှစ် ပြန်လည်ကျင်းပမည်

နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ဘီယာပွဲတော် အခုနှစ် ပြန်လည်ကျင်းပမည်

ကမ္ဘာပေါ်မှာ အကြီးဆုံး ဘီယာပွဲတော် Oktoberfest ဟာ အငြင်းပွားဖွယ်ရာမရှိသော အကောင်းဆုံးဘီယာပွဲတော်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအခြေအနေတွေအရ နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် Oktoberfest ဘီယာပွဲတော်ကို မြူးနစ်ချ်မြို့မှာ အခုနှစ် ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ ဒီပွဲတော်က ဂျာမနီနိုင်ငံရဲ့ အထူးထင်ရှားတဲ့ ပွဲတော်ဖြစ်တာကြောင့် ပါဝင်ဆင်နွှဲသူ ခုနစ်သန်းကျော်မျှရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဧည့်သည်တွေလည်း လာရောက်ဆင်နွှဲ ခဲ့ကြတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံမှာလည်း စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်တာကြောင့် အခုလို ပျော်ပွဲရွှင်ပွဲတွေက မတော်မရော်ဖြစ်သွားစေမှာကို စိုးရိမ်မှုတွေလည်းရှိခဲ့ရပြီး အခုလိုပွဲတော်ပြန် ကျင်းပဖို့ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါလို့ မြူးနစ်ချ်မြို့တော်ဝန် ဒီယက်တာရိုက်တာက ဆိုပါတယ်။

တရားဥပဒေအရ ချမှတ်ညွှန်ကြားထားတဲ့ အခြေခံတားမြစ်ချက်တွေ မရှိတော့တာ ကြောင့် ပွဲတော်ကိုလာရောက်မယ့် ဧည့်သည်တွေကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုတွေ ချမှတ်ထားမှာ မဟုတ်ပါဘူးလို့ ၎င်းကဆိုပါတယ်။

ဘီယာပွဲတော် Oktoberfest ကို စက်တင်ဘာလ ၁၇ ရက်ကနေ အောက်တိုဘာလ ၃ ရက်အထိ မြူးနစ်ချ်မြို့မှာကျင်းပသွား မှာဖြစ်ပါတယ်လို့ ၎င်းကဆိုပါတယ်။

ကပ်ရောဂါကာလမတိုင်မီ နောက်ဆုံးကျင်းပဖြစ်ခဲ့တဲ့ Oktoberfest ပွဲတော်မှာ ဧည့် သည်စုစုပေါင်း ၆ ဒသမ ၃ သန်းကျော် ဆင်နွှဲခဲ့ကြပြီး ဘီယာလီတာပေါင်း ၇ ဒသ မ ၃ သန်းကျော် သောက်သုံးခဲ့ကြတယ် လို့သိပါတယ်။

Oktoberfest, the world’s largest beer festival

Leave a Reply

Your email address will not be published.