ခြေထောက်တွေပါတဲ့ ကားစက်ရုပ်ကို စတင်ထုတ်လုပ်နေပြီဖြစ်တဲ့ ဟွန်ဒိုင်း

ခြေထောက်တွေပါတဲ့ ကားစက်ရုပ်ကို စတင်ထုတ်လုပ်နေပြီဖြစ်တဲ့ ဟွန်ဒိုင်း

တောင်ကိုရီးယားရဲ့ ထိပ်တန်း ကားကုမ္ပဏီဖြစ်တဲ့ ဟွန်းဒိုင်းက စက်ရုပ်ခြေတံလက်တံတွေပါတဲ့ လေးဘီးယက် ကားအမျိုးအစားတွေကို စတင်ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

အဲဒီ ကားတွေကို မွန်တားနားပြည်နယ်မှာရှိတဲ့ စက်ရုံကနေ ထုတ်လုပ်မှာဖြစ်ပါတယ်။ ထုတ်လုပ်ဖို့အတွက် လာမည့် ငါးနှစ်တာကာလမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်းထားပါတယ်။

အဲဒီစက်ရုံကနေ အဆုံးစွန်အထိ လှုပ်ရှားသွားလာနိုင်တဲ့ယာဉ်များ(Ultimate Mobility Vehicles)ဖြစ်တဲ့ TIGER လို့အမည်ပေးထားတဲ့ မောင်းသူမဲ့ကားနဲ့ Elevate လို့ အမည်ပေးထားတဲ့ ယာဉ်မောင်းပါ ဘက်စုံသုံးကားတွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဟွန်ဒိုင်းဟာ Elevate လို့အမည်ရှိတဲ့ ကားရဲ့ စိတ်ကူးပုံစံကို ၂၀၁၉ ခုနှစ်က စတင်ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားဟာ မြေနေရာမရွေး သွားလာနိုင်ပါတယ်။သာမန်သွားလာနိုင်တဲ့ မြေနေရာမျိုးမှာ ဘီးလှိမ့်ပြီး သွားလာနိုင်မှာဖြစ်သလို ကျောက်တောင် ကျောက်ကြားတွေထဲ သွားလာရပြီဆိုရင်လည်း စက်ရုပ်တစ်ရုပ်လိုမျိုး လမ်းလျှောက်သွားလာနိုင်မှာ ဖြစ်ပါတယ်။

TIGER လို့အမည်ရတဲ့ ကားကိုတော့ ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပြီး အလိုအလျောက် သွားလာနိုင်တဲ့ ဘီးလေးဘီး ပါရှိပါတယ်။ TIGER ဟာ Elevate နဲ့ထက် အရွယ်အစားပိုမို သေးငယ်ပါတယ်။ သို့သော်လည်း လုပ်ဆောင်ချက်ကတော့ Elevate နဲ့အတူတူပဲ ဖြစ်ပါတယ်။

အဓိကကတော့ TIGER ကို အာကာသအတွင်း စူးစမ်းလေ့လာရှာဖွေမှု လုပ်ငန်းတွေအတွက်ဖြစ်ပြီး Elevate ကိုတော့ သဘာဝ ဘေးအန္တရာယ်တွေကနေ ကယ်‌ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖန်တီးထားတာဖြစ်တယ်လို့ ဟွန်ဒိုင်းက ဆိုပါတယ်။

ဟွန်ဒိုင်းဟာ လူနှစ်ယောက်စီး Elevate ကို အရင်ဆုံးထုတ်ဖော်ပြသခဲ့တာ ဖြစ်ပေမယ့် TIGER ကို ဦးစွာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *