ကမ္ဘာ့အထူးဆန်းဆုံးနိုင်ငံများ

ကမ္ဘာ့အထူးဆန်းဆုံးနိုင်ငံများ

နိုင်ငံတိုင်းမှာ ၎င်းတို့၏ ထူးခြားချက်များ ကိုယ်စီရှိကြသည်။ ထူးဆန်းမှုကို တိုင်းတာရန် အဆင့်သတ်မှတ်ချက် မရှိသော်လည်း အောက်တွင်ဖော်ပြထားသောနိုင်ငံ ၅ နိုင်ငံသည် ကမ္ဘာပေါ်တွင် အထူးဆန်းဆုံးနိုင်ငံများထဲမှာ ပါဝင်သည်ဟု သေချာတပ်အပ် ပြောပြနိုင်ပါသည်။

(၁) ဘူတန်

“စုစုပေါင်းအမျိုးသားထုတ်ကုန်ကို ငါတို့မယုံကြည်ဘူး၊ နိုင်ငံလုံးဆိုင်ရာပျော်ရွှင်မှုက ပိုအရေးကြီးတယ်” ဟု ၁၉၇၉ ခုနှစ်တွင် ဘူတန်ဘုရင်က ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံလုံးဆိုင်ရာပျော်ရွှင်မှုသည် ဘူတန်၏ အတွေးအခေါ်တစ်ခု ဖြစ်လာခဲ့သည်။

၎င်းကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီး ဘူတန်ပြည်သူများအတွက် ပျော်ရွှင်စရာများ များစွာရှိသည်။ ဧည့်သည်များသည် သီးခြားဟိမဝန္တာနိုင်ငံကို ကမ္ဘာ့နောက်ဆုံး ရှန်ဂရီလာအဖြစ် ရည်ညွှန်းပြောဆိုကြသည်မှာ အံ့သြစရာမဟုတ်ပေ။

ဘယ်လိုပင်ဖြစ်ဖြစ်ဘူတန်တွင် ထူးခြားသောအရာတစ်ခုရှိသည်။ ဘုရားကျောင်းများ၊ အိမ်များနှင့် အစိုးရအဆောက်အအုံများတွင် အလှဆင်ထားသော ပုရိသသဘာဝအသွင် သင်္ကေတများ စီခြယ်ထားကြသည်။

ငရုတ်သီးသည် အဓိကအစား အစာတစ်ခုဖြစ်ပြီး စားသုံးသောဆန်မှာ အနီရောင် အရောင်အသွေးရှိသည်။ ကမ္ဘာလှည့်ခရီးသွားအားလုံးသည် တစ်ရက်လျှင် ဒေါ်လာ ၂၅ဝ ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းမှာ ဈေးကြီးသည်ဟု ထင်မှတ်ရသည်။

သို့ပေမဲ့ ၎င်းတွင် နေရာထိုင်ခင်း သယ်ယူပို့ဆောင်ရေး၊လမ်းညွှန်၊ အစားအသောက်နှင့် ဝင်ကြေးများပါဝင်သည့်အပြင် ခရီးသွားတို့၏ အိတ်များကို ပျက်စီးဆုံးရှုံးခြင်းမရှိအောင် အကာအကွယ်ပေးခြင်းလည်း ဖြစ်သည်။

(၂) ကာဇက်စတန်

Sacha Baron Cohen ၏ Borat သည် ၂၀၀၆ ခုနှစ်၌ ကာဇက်စတန်ကို မြေပုံပေါ်တွင် မှတ်ကျောက်တင်စေခဲ့ပြီး ထူးဆန်းသော ဗဟိုအာရှနိုင်ငံအကြောင်းကို လူသန်းပေါင်းများစွာက စိတ်ဝင်စားခဲ့ကြသည်။

Borat ၏ ကိုယ်စားပြုမှုများသည် အတိအကျမသေချာသော်လည်း ထူးခြားချက်များရှိသည်ကို ငြင်းဆို၍မရနိုင်ပေ။ အမျိုးသား အဖျော်ယမကာသည် မြင်းနို့ကို အချဉ်ဖောက်ကာ ပြုလုပ်ထားခြင်းဖြစ်ပြီး ကာဇက်စတန်၏ လူကြိုက်အများဆုံးဟင်းလျာများထဲမှ တစ်ခုဖြစ်သော Kazy သည် မြင်းသားဝက်အူချောင်းကို ကျပ်တိုက်၍ချက်ထားသော ဟင်းလျာဖြစ်သည်။

နိုင်ငံ၏ လူကြိုက်အများဆုံး အားကစားမှာ Buzkashi(ဆိတ်သေကိုဖမ်းယူခြင်း) ဖြစ်သည်။ ပြိုင်ပွဲတစ်ခုပြီးလျှင် ကစားသမားအားလုံးသည် ဧည့်ခံပွဲများပြုလုပ်တတ်ကြသည်။

ကာဇက်စတန်သည် ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူမျိုး ၁၃၀ ကျော် အခြေဆိုက်နေထိုင်ကြသည့်နိုင်ငံလည်း ဖြစ်သည်။ မြို့ကြီးများဖြစ်သော Almaty နှင့် Astanaတို့တွင် မိုးမျှော်တိုက်များ၊ စည်ကားနေသော စားသောက်ဆိုင်များနှင့် ဆိုဗီယက်ခေတ် ပြတိုက်များရှိသည်။

(၃) မြောက်ကိုရီးယား

ဂုဏ်ယူစွာ အိမ်တွင်းပုန်းနေသော ကွန်မြူနစ်တစ်ပိုင်းနိုင်ငံ မြောက်ကိုရီးယားသည် ကမ္ဘာ့အထူးဆန်း ဆုံးနိုင်ငံစာရင်းမှာ မပါဝင်လျှင် ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။ပေကျင်းသည် အနောက်နိုင်ငံခရီးသွားများအနေနှင့်မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သော်လည်း နိုင်ငံအတွင်းမှာ အံ့သြစရာကောင်းလောက်အောင် ဘေးကင်းပြီး အစိုးရ၏ စည်းမျဉ်းများဖြင့် သင့်ကို ပံ့ပိုးစီစဉ်ပေးထားမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းလမ်းညွှန် ၂ ဦးသည် နေရာတိုင်းတွင် သင်နှင့်အတူလိုက်ပါသွားမည် ဖြစ်ကာ မြောက်ကိုရီးယားသမိုင်းကြောင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာအကြောင်းတစ်ခုကို ကြားရမည်ဖြစ်သည်။

နေထိုင်စဉ်ကာလအတွင်း အမြဲမပြတ် စောင့်ကြည့်နေမည်ဖြစ်ပြီး အစိုးရမှ သင့်အား မြင်လိုသည်များကိုသာ မြင်နိုင်မည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် တင်းကြပ်စွာထိန်းချုပ်ထားနိုင်ဆုံးနိုင်ငံတစ်ခုတွင် ဘဝနေထိုင်ပုံနှင့် မည်သို့မည်ပုံနေထိုင်ရသည်ကို အနည်းငယ်ကြိုတင်သုံးသပ်မှု တစ်ခုဖြစ်သည်။

(၄) ဘီလာရုစ်

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အရှေ့ဥရောပရှိ နိုင်ငံအုပ်စုတစ်စုသည် အီးယူသို့ဝင်ရောက်ရန် ဘီလာရုစ်ကို တွန်းအားပေးခဲ့သည်။ အချို့နိုင်ငံကြီးများ၏ နိုင်ငံရေးကစားသမားများထံမှ ကြီးမားသောကတိများဖြင့် ဆွဲဆောင်ခြင်းခဲ့ရကြပြီးနောက် ဘီလာရုစ်၏ အိမ်နီးချင်းနိုင်ငံများသည် လျင်မြန်စွာ စာရင်းသွင်းခဲ့ကြသည်။

သို့သော် ရုရှားနှင့်ပိုလန်ကြားတွင်တည်ရှိသော ဘီလာရုစ်သည် လမ်းကြောင်းသစ်ကိုပိတ်ဆို့ခဲ့ပြီး အထီးကျန်မှုနှင့် ထီးတည်းတစ်နိုင်ငံတည်းနေရေးကို ရွေးချယ်ခဲ့ပြီး အဓိကအားဖြင့် စည်းလုံးသော ဥရောပကို ကျောခိုင်းခဲ့သည်။

ဘီလာရုစ်ခရီးစဉ်သည် ဥရောပ၏ လူကြိုက်များသောမြို့ကြီးများမှ များစွာလိုအပ်သော အနားယူခြင်းကို ပေးစွမ်းသည်။ မြို့တော် Minsk သည် မီးလောင်ကျွမ်းမှု ၁၈ ကြိမ်ခံခဲ့ရသည်။

ရိုးရာလေရဟတ်များ တပ်ဆင်ထားသော တောင်ကုန်းများပေါ်တွင် ထိုင်လျက်ကွန်ကရစ်ရုပ်တုများရှိပြီး ဒဏ္ဍာရီပုံပြင် ရဲတိုက်များဘေးတွင် ဆိုဗီယက်အောက်မေ့ဖွယ်အထိမ်းအမှတ်များကို မြင်တွေ့ရသည်။

Grodno ဆေးဘက်ဆိုင်ရာပြည်နယ်တက္ကသိုလ်၏ မြေအောက်ခန်းရှိ ချို့ယွင်းပျက်စီးနေသော ပြတိုက်တစ်ခုအပါအဝင် ထူးဆန်းသော အရာဝတ္ထုများကို မြင်တွေ့ချင်သူများအတွက် အံ့သြစရာများ အများကြီးရှိပါသေးသည်။ ဘီလာရုစ်သည် မကြာသေးမီက ပြည်ဝင်ခွင့်လိုအပ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

(၅) အာမေးနီးယား

စစ်တုရင်ကစားနည်းကို မသင်မနေရဘာသာရပ်အဖြစ် ပြဋ္ဌာန်းထားသည့်နိုင်ငံမှာ အာမေးနီးယားနိုင်ငံဖြစ်သည်။ စစ်တုရင်ကစားနည်းသည် မူလတန်းကျောင်း သင်ရိုးညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သင်္ချာနှင့်သမိုင်းကဲ့သို့ပင် တန်ဖိုးဖြတ်နိုင်သည်။ ၎င်းမှာ အမျိုးသားရေးစွဲလမ်းမှုတစ်ခုပင် ဖြစ်သည်။

သမိုင်းနှင့်ယဉ်ကျေးမှုများစီးဆင်းနေသော ၎င်းကုန်းတွင်းပိတ်နိုင်ငံသည် မြောက်ဘက်တွင် ဂျော်ဂျီယာ၊ တောင်ဘက်တွင် အီရန်နှင့် တူရကီတို့ နယ်နိမိတ်ချင်းထိစပ်နေသည်။၎င်း၏မြို့တော် Yerevan ကို ပန်းရောင်မီးတောင်မှ ကျောက်တုံးများဖြင့်တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အအုံများကို အစွဲပြု၍ ပန်းရောင် မြို့တော်ဟု လူသိများကြသည်။

အာမေးနီးယားတွင် ကောင်းမွန်ပြည့်စုံသော ခရစ်ယာန်သမိုင်းရှိပြီး အာမေးနီးယန်းလူမျိုးအများစုသည် နောဧ၏သေတ္တာကို အာရတ်တောင်ထိပ်တွင် ရေခဲထဲ၌ မြှုပ်နှံထားသည်ဟု ယုံကြည်ဆဲဖြစ်သည်။ သေတ္တာအပိုင်းအစတစ်ခုကို Etchmiadzin ဘုရားရှိခိုးကျောင်းပြတိုက်တွင် မြင် တွေ့ရမည်ဖြစ်ပါသည်။

Author-ရဲပြည့်အောင်
Source: 5 of the Weirdest Countries in the World.
From Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *