အကယ်၍ နျူကလီးယားစစ်ပွဲစတင်ခဲ့လျှင် တရုတ်တပ်ဖွဲ့အသုံးပြုဖွယ်ရှိတဲ့ DF-41ဒုံးကျည်

အကယ်၍ နျူကလီးယားစစ်ပွဲစတင်ခဲ့လျှင် တရုတ်တပ်ဖွဲ့အသုံးပြုဖွယ်ရှိတဲ့ DF-41 ဒုံးကျည်

အကယ်၍ နျူကလီးယားစစ်ပွဲစတင်ခဲ့လျှင် တရုတ်စစ်တပ်ဟာ အမေရိကန်ပြည်ထောင်စု ပြည်မကြီးမထိ ရောက်နိုင်တဲ့ DF-41 အမည်ရှိ တိုက်ချင်းပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်နဲ့ တိုက်ခိုက်လာဖွယ်ရှိပါတယ်။

တရုတ်ကပိုင်ဆိုင်ထားတဲ့ လက်နက်များထဲမှာ DF-41 ဟာ စွမ်းရည်အမြင့်ဆုံး တာဝေးပစ်ဒုံးကျည်(သို့မဟုတ်) တိုက်ချင်းပစ်ဒုံးကျည်(ICBM) ဖြစ်ပါတယ်။ DF-41 ကို ၂၀၁၃ခုနှစ်တွင် ပထမဆုံးစမ်းသပ် ပစ်ခတ်ခဲ့ပြီး ၂၀၁၉ခုနှစ်မှသာ အများပြည် သူသိအောင် ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဟိုက်ပါဆောနစ်ဒုံးကျည်များဟာ အစွမ်းထက်သော်လည်း တရုတ်နိုင်ငံကပိုင်ဆိုင်ထားတဲ့ ဖြန့်ကြက်ချထားနိုင်သော နျူကလီးယားလက်နက်များအားလုံးကို ခြုံငုံသုံးသပ်လျှင် DF-41 ဟာ စိုးရိမ်စရာအကောင်းဆုံး လက်နက်ဖြစ်ပါတယ်။

DF-41 ဟာ ပဲ့ထိန်းစနစ်ပါ ဒုံးကျည်အမျိုးအစားဖြစ်ပြီး ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ လက်နက်ဖြစ်ပါတယ်။ DF-41 ဟာ အမေရိကန်ပြည်ထောင်စု ပြည်မကြီးအထိ ရောက်နိုင်ပြီး အနောက်ဘက်ကမ်းခြေရှိ မြို့ကြီးများကို ဖျက်ဆီးပစ်နိုင်ပါတယ်။

ဟိုက်ပါဆောနစ်ဒုံးကျည်အဆင့်အထိ အပီအပြင်မရောက်သေးသည့်တိုင်အောင် လက်ရှိအခြေအနေမှာပင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။DF-41 ဟာ ကမ္ဘာပေါ်ရှိ တိုက်ချင်းပစ်ဒုံးကျည်(ICBM)များထဲမှာ ကြောက်စရာအကောင်းဆုံး စာရင်းမှာ ပါဝင်ပါတယ်။

ထိုဒုံးကျည်ကို လောင်ချာတင်သည့်ယာဉ်(EIGHT-AXLE LAUNCHER) ပေါ်တင်ပြီး မော်တော်ကားလမ်းအသုံးပြုကည ရွှေ့ပြောင်းသယ်ဆောင်နိုင်တာကြောင့် ဒုံးကျည်ဟာ ဖျက်ဆီးမခံရဘဲ ရေရှည်ခံနိုင်စွမ်းပိုမြင့်ပါတယ်။

အကွာအဝေးမိုင်ပေါင်း ၉၃ဝဝ အထိ ရောက်နိုင်တာကြောင့် တရုတ်က ပိုင်ဆိုင်ထားတဲ့ လက်နက်များထဲမှာ အဝေးဆုံးရောက်နိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။ ဖောက်ခွဲပစ္စည်းအလေးချိန် ၅၅၀၀ ပေါင်တင်ဆောင်နိုင်ပါတယ်။

တစ်ကြိမ်ပစ်ခတ်လျှင် ထိပ်ဖူး ၁၀ ခုဖြင့် မတူညီသည့် ပစ်မှတ်၁၀ ခုကို တစ်ပြိုင် နက်တည်း ချေမှုန်းနိုင်တဲ့ MIRV လက်နက်စနစ်ကို DF-41 က သယ်ဆောင်နိုင်ပါတယ်။

DF-41 ဒုံးကျည်ဟာ လျင်မြန်စွာ ရွေ့လျားနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုကို မိနစ် ၂ဝ ကျော်၊ ၂၅မိနစ် အတွင်း ရောက်သွားနိုင်ပါတယ်။ ၁၅၀ မီတာ အတွင်း တိကျစွာပစ်နိုင်တာကြောင့် ကာကွယ်ရန် ခဲယဉ်းပါတယ်။

တရုတ်ဟာ မော်တော်ကားလမ်းမပေါ်မှာ ရွေ့လျားသယ်ဆောင်သွားနိုင်တဲ့ ဒုံးကျည်များကို အခိုင်အမာတည်ဆောက်ထားတဲ့ လှိုဏ်ခေါင်းများထဲမှာ ထားရှိပြီး ပစ်မိန့်ရသည့်အခါမှသာ လိုဏ်ခေါင်းထဲမှ ထုတ်၍ပစ်ရမည့်နေရာသို့ ယူသွားကြသပါါတယ်။ ထို့ကြောင့် ပထမလက်ဦးမှုယူပြီ ပစ်ခတ်သည့် DF41 ကို မပစ်မီဖျက်ဆီးဖို့ ပိုခက်ခဲနိုင်ပါတယ်။

D-41 ဒုံးကျည်ရဲ့ အစွမ်းသတ္တိဟာ အထက်ပါ ဖော်ပြချက်များအတိုင်း မှန်ကန်ပြီး ထိပ်ဖူးဆယ်ခုကို တစ်ပြိုင်နက်တည်း ပစ်နိုင်သည်ဆိုပါက အနောက်အုပ်စုအတွက် ပြဿနာဖြစ်ပါတယ်။

ဥပမာ ဥရောပဒေသကို တရုတ် DF-41 ဒုံးကျည်ရဲ့ ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပြီဆိုလျှင်နေတိုးအဖွဲ့ဝင် နျူလက်နက်ပိုင်ဆိုင်ထားတဲ့ ပြင်သစ်နှင့်ဗြိတိန်တို့က မည်သို့ တုံ့ပြန်မလဲ၊ အမေရိကန်ပြည်ထောင်စုကို တရုတ်က နျူလက်နက်ဖြင့် လက်ဦးမှုယူ၍တိုက်လျှင် နေတိုးအဖွဲ့က လက်တုံ့ပြန်မလား စဉ်းစားစရာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.