နောက်ထပ် ဂင်းနက်စ်စံချိန်သုံးခု ထပ်မံရရှိခဲ့တဲ ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီး

နောက်ထပ် ဂင်းနက်စ်စံချိန်သုံးခု ထပ်မံရရှိခဲ့တဲ ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီး

ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့ကနေ ဖော်ပြထားတဲ့ တူရကီအမျိုးသမီး ရူမေဆာဂျယ်ဂီ (Rumeysa Gelgi) က နောက်ထပ်စံချိန် သုံးခု ထပ်မံရရှိ သွားခဲ့ပြန်ပါပြီ။

သူမတူအောင် ထူးထူးခြားခြားရှည်လျားတဲ့ သူရဲ့လက်တွေ၊ လက်ချောင်းတွေနဲ့ ကျောလျားတို့ရဲ့ အတိုင်းအတာအတွက် စံချိန်သုံးခု ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။

ရူမေဆာက သူရဲ့ အရပ်အမြင့် ၂၁၅ ဒသမ ၁၆ စင်တီမီတာ (၇ ပေ ၇ လက်မ)နဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီးအဖြစ် တရားဝင်စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ထပ်တိုးရရှိတဲ့ စံချိန်သုံးခုကြောင့် ရူမေဆာက ကမ္ဘာ့စံချိန်လေးခု တင်နိုင်သူဖြစ်သွားခဲ့ပါပြီ။ ထပ်တိုးတဲ့ စံချိန်သုံးခုထဲမှာ သူရဲ့ အရှည်လျားဆုံးလက်ချောင်းက ၄ ဒသမ ၄ လက်မအရှည်နဲ့ သက်ရှိထင်ရှားလူပုဂ္ဂိုလ် (အမျိုးသမီး) တစ်ဦးအတွက် အရှည်လျားဆုံး လက်ချောင်းအဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ရူမေဆာရဲ့ ညာဘက်လက်က ၉ ဒသမ ၈၁ လက်မရှည်လျားပြီး ဘယ်ဘက်လက်က ၉ ဒသမ ၅၅ လက်မရှည်လျားခဲ့ကာ သက်ရှိထင်ရှားလူပုဂ္ဂိုလ် (အမျိုးသမီး) တစ်ဦးအတွက် အကြီးမားဆုံး လက်တွေအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါ့ပြင် ရူမေဆာရဲ့ ကျောလျားက ၂၃ ဒသမ ၅၈ လက်မ အရှည်ရှိခဲ့ပြီး သက်ရှိထင်ရှားလူပုဂ္ဂိုလ် (အမျိုးသမီး)တစ်ဦးအတွက် အရှည်လျားဆုံး ကျောလျားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ရုပ်ခန္ဓာပိုင်းမှာ အလွန်ထူးခြားသူအဖြစ် မွေးဖွားလာခဲ့တာဖြစ်ပြီး တတ်နိုင်သမျှ အသိအမှတ်ပြုခံရ၊ ချီးမြှောက်ခံရလိုကာ အသွင်အပြင်ဆိုင်ရာ ကွဲပြားခြားနားကြသူ တိုင်းအတွက်လည်း ခွန်အားပေးလိုပါတယ်လို့လည်း ရူမေဆာဂျယ်ဂီက ပြောကြားခဲ့ပါတယ်။

Source-Pyi Myanmar

Leave a Reply

Your email address will not be published.