ကြီးမြတ်တဲ့စစ်ခေါင်းဆောင်တွေအထဲက တစ်ယောက်ဖြစ်တဲ့ နပိုလီယံဘိုနာပတ် အကြောင်း

နပိုလီယံဘိုနာပတ် (Napoleon Bonaparte) (1769-1821) 

ကမ္ဘာပေါ်က ကြီးမြတ်တဲ့စစ်ခေါင်းဆောင်တွေအထဲက တစ်ယောက်ဖြစ်တဲ့ နပိုလီယံဘိုနာပတ်ကို ၁၇၆၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှာ ပြင်သစ်ပိုင်၊ ကော်ဆီကာကျွန်းမှာရှိတဲ့ အဂျာစီယိုမှာ မွေးဖွားခဲ့ပါတယ်။

သူ့မိဘများကတော့ ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုလိုဘိုနာပတ်နဲ့ လက်ဆီဇီယာရိုမန်လီနာတို့ပဲဖြစ်ပါတယ်။ နပိုလီယံမွေးဖွားတဲ့အချိန်တုန်းက ကော်ဆီကာကျွန်းမှာ ပြင်သစ်တွေရဲ့သိမ်းပိုက်မှုကို ဒေသခံတွေရဲ့ ခုခံမှုတွေရှိခဲ့ပါတယ်။

နပိုလီယံဟာ ဘရိုင်ယန်စစ်ကောလိပ်မှာ ၅ နှစ်ကြာ စစ်ပညာကို သင်ယူခဲ့ပါတယ်။ နောက်တော့ ပါရီမှာရှိတဲ့ စစ်မှုရေးရာ သင်တန်းကျောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၇၈၅ ခုနှစ်၊ နပိုလီယံဟာ အဲဒီသင်တန်းကျောင်းမှာရှိနေစဉ်အတောအတွင်း သူ့ဖခင်ဟာ အစာအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ နပိုလီယံဟာ သူ့မိသားစုကို အဓိကဦးဆောင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ စစ်မှုရေးရာသင်တန်းကျောင်းက ဘွဲ့ရပြီးတဲ့နောက် အမြောက်တပ်ရဲ့ ဒုတိယဗိုလ်အဖြစ်နဲ့ ၁၇၈၆ ခုနှစ်မှာ ကော်ဆီကာကို ပြန်ရောက်ခဲ့ပါတယ်။

နပိုလီယံပြန်ရောက်တဲ့အချိန်မှာ ကော်ဆီကာကျွန်းမှာ ပြင်သစ်တွေရဲ့ သိမ်းပိုက်မှုကို ပြန်ပြီးတော့ ခုခံနေတဲ့အချိန်ဖြစ်ပါတယ်။ ၁၇၉၃ ခုနှစ်၊ဧပြီလမှာ ကော်ဆီကာမှာ ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခါမှာ နပိုလီယံဟာ သူ့ရဲ့မိသားစုကို ပြင်သစ်မှာ နေရာချထားပေးခဲ့ပါတယ်။

နပိုလီယံ ပြင်သစ်ကိုပြန်လာတာဟာ ပြင်သစ်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်။ ၁၇၉၃ ခုနှစ်၊ ဇွန်လရောက်တော့ နိုက်စ်မှာရှိတဲ့ သူ့ရဲ့တပ်ရင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

နပိုလီယံဟာ ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ လက်ဝဲစွန်းနိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ဂျက်ကိုဘင်တွေအပေါ်မှာ သူ့ရဲ့ထောက်ပံ့မှုကို လျင်လျင်မြန်မြန် ပြသခဲ့ပါတယ်။ ပြင်သစ်နိုင်ငံနဲ့ သူ့လူမျိုးတွေရဲ့အကြားမှာလဲ နှစ်အနည်းငယ်ကြာ အခြေအနေတွေ ဝရုန်းသုန်းကား ဖြစ်နေပါတယ်။

၁၇၉၂ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ်ကြေညာပြီး တော်လှန်ရေးပြီးလို့ ၃ နှစ်အကြာမှာ ပြင်သစ်ဘုရင် လူဝီ ၁၆ ဟာ ကွပ်မျက်ခံခဲ့ရပါတယ်။

အဲဒီလှုပ်ရှားမှုတွေကြောင့် မစ်ဆယ်လီယံဒီရောဘတ်စပီယာ ပေါ်ထွန်းလာခဲ့ပြီး လူထုလုံခြုံရေးကော်မတီရဲ့ အာဏာရှင်ဖြစ်လာ ခဲ့ပါတယ်။ သူ့အုပ်ချုပ်မှုလက်ထက် ၁၇၉၃ ခုနှစ်နဲ့ ၁၇၉၄ ခုနှစ်အတွင်း လူပေါင်း ၄ဝဝဝဝ အသဝာ်ခံခဲ့ရပါတယ်။

ဂျက်ကိုဘင်တွေဟာ တဖြည်းဖြည်းနဲ့အာဏာကျဆင်းလာပြီး ရောဘတ်စပီယာ ကွပ်မျက်ခံခဲ့ရပါတယ်။ ၁၇၉၅ ခုနှစ်မှာတော့ ဒါရိုက်ထရီဟာ တိုင်းပြည်ကိုထိန်းချုပ်ပြီး ၁၇၉၉ ခုနှစ်တိုင်အောင် အာဏာထိန်းခဲ့ပါတယ်။

အဲဒီလိုကသောင်းကနင်းဖြစ်မှုတွေကြောင့် နပိုလီယံလို ရည်မှန်းချက်ကြီးမားတဲ့ စစ်ရေးခေါင်းဆောင်အတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုကြောင့် နပိုလီယံဟာ ပြည်ထဲရေးတပ်ဖွဲ့မှူးအဖြစ် ကျော်ကြားခဲ့ပါတယ်။

၁၇၉၆ ခုနှစ်မှာတော့ နပိုလီယံဟာ အီတလီစစ်တပ်ကို ပဲ့ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ လမ်းညွှန်မှုအောက်မှာ ပြန်လည်ဖွဲ့စည်းထားတဲ့စစ်တပ်ဟာ ဩစတြီးယန်းတွေကို အရေးပါတဲ့တိုက်ပွဲ ပေါင်းများစွာမှာ အောင်မြင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ပြင်သစ်အင်ပါယာကို ချဲ့ထွင်နိုင်ခဲ့ပြီး နပိုလီယံကို စစ်ရေးနဲ့ပက်သက်ပြီး အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်စေခဲ့ပါတယ်။

နပိုလီယံဟာ ဂျိုဆက်ဖင်းနဲ့ လက်ထပ်လိုက်တဲ့အတွက် အမျိုးသားရေးပုံရိပ်ကလဲ တိုးတက်လာခဲ့ပါတယ်။ ဂျိုဆက်ဖင်းဟာ မုဆိုးမတစ်ဦးဖြစ်ပြီးတော့ ခင်ပွန်းဟောင်းကတော့ ခေါင်းဖြဝာ်အသဝာ်ခံခဲ့ရတဲ့ စစ်ဗိုလ်ချုပ် အလက်ဇန္ဒားဒီဘဲဟောနက်ပဲ ဖြစ်ပါတယ်။

ဂျိုဆက်ဖင်းမှာ ကလေး ၂ ယောက်ရှိပြီးတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ၁၇၉၆ ခုနှစ်၊ မတ်လမှာ လူထုအခမ်း အနားအဖြစ် ကျင်းပခဲ့ပါတယ်။

စည်းမျဉ်းခံဘုရင်စနစ်ကို ပြန်လည်အသက်သွင်းချင်နေသူတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားချေမှုန်းပြီးတဲ့အခါမှာ နပိုလီယံဟာ နောက်တစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒီ တစ်ကြိမ်မှာတော့ အရှေ့အလယ်ပိုင်းဒေသအထိသွားပြီး အီဂျစ်ကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယအထိ ကုန်သွယ်မှုပြုလုပ်နေတဲ့ ဗြိတိသျှတွေရဲ့ လမ်းကြောင်းတွေကို ဟန့်တားဖို့ပါပဲ။

၁၇၉၈ ခုနှစ်၊ သြဂုတ်လ ၁ ရက် နိုင်းမြစ်တိုက်ပွဲမှာတော့ နယ်လဆင်ရဲ့ကြောင့် နပိုလီယံရဲ့တပ်တွေ အများအပြား သေကျေပျက်စီးခဲ့ပါတယ်။ နပိုလီယံရဲ့ ပုံရိပ်ဟာ ဆုံးရှုံးမှုတွေကြောင့် ကျဆင်းခဲ့ရပါတယ်။

၁၇၉၉ ခုနှစ် နွေဦးရာသီမှာတော့ နပိုလီယံရဲ့စစ်တပ်ဟာ အီတလီမှာ ရှုံးနိမ့်သွားပါတယ်။ ပြင်သစ်နိုင်ငံမှာလဲ အကျိုးဆက်အနေနဲ့ ဆူပူအုံကြွမှုတွေဖြစ်ပေါ်ပြီးတော့ ၁၇၉၉ ခုနှစ်၊ ဇွန်လမှာတော့ ဒါရိုက်ထရီကိုထိန်းချုပ်ပြီး အာဏာသိမ်း လိုက်ပါတယ်။

နပိုလီယံရဲ့ နိုင်ငံရေးစွမ်းရည်တွေကြောင့် ဖွဲ့စည်းပုံအသစ်မှာ သူဟာ ပထမဆုံးကောင်စစ်ဝန်ရာထူးကို ရရှိစေဖို့ အလားအလာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ နပိုလီယံဟာ ပထမဆုံး ကောင်စစ်ဝန်ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်မဲ့သူဖြစ်ပြီး ၁၈ဝဝ ပြည့်နှစ်၊ဖေဖော်ဝါရီလမှာတော့ ဖွဲ့စည်းပုံအသစ်ကို အလွယ်တကူ လက်ခံ ခဲ့ကြပါတယ်။

နပိုလီယံဟာ ဟိုင်းပြည်အနှံ့အပြားမှာ သူ့ရဲ့ညွှန်ကြားချက်တွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေကို ပြုလုပ်ခဲ့ပါတယ်။ ၁၈၉၂ ခုနှစ်မှာတော့ နပိုလီယံဟာ ပထမဆုံးကောင်စစ်ဝန်းအဖြစ် ရွေးချယ်ခြင်းခံရပါတယ်။ ၂ နှစ်အကြာမှာတော့ သူဟာ ပြင်သစ်ဧကရာဇ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

နပိုလီယံဟာ ဥရောပနဲ့ငြိမ်းချမ်းရေးယူထားပေမဲ့ ၄ နှစ်ပဲ ခံခဲ့ပါတယ်။ ၁၈၀၃ ခုနှစ်မှာတော့ ပြင်သစ်ဟာ ဗြိတိန်နဲ့ တစ်ဖန် ပြန်ပြီးတော့ စစ်ဖြစ်ပါတယ်။ အဲဒီနောက် ရုရှား၊ ဩစတြီးယားတို့နဲ့ စစ်ဖြစ်ပါတယ်။

ဗြိတိသျှတို့က ၁၈ဝ၅ ခုနှစ် တာဖာဂါရေတပ်စစ်ပွဲမှာ နပိုလီယံကို အနိုင်ရခဲ့တယ်လို့ ဗြိတိသျှတို့က မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီအရှုံးကြောင့် နပိုလီယံဟာ အင်္ဂလန်ကို ကျူးကျော်ဝင်ရောက်မဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

နပိုလီယံဟာ အင်္ဂလန်ကိုတိုက်မဲ့အစား သူ့ရဲ့ အာရုံကို ရုရှားနဲ့ ဩစတြီးယားဘက်ကို လှည့်ခဲ့ပါတယ်။ အော်စတာလစ်တိုက်ပွဲမှာ နပိုလီယံဟာ စစ်တပ်နှစ်တပ်စလုံးကို အနိုင်ယူနိုင်ခဲ့ပါတယ်။

နပိုလီယံဟာ တခြားအောင်ပွဲတွေကိုလဲ ရရှိခဲ့ပါတယ်။ နပိုလီယံဟာ ပြင်သစ်အင်ပါယာကိုတိုးချဲ့ပြီး သူ့အစိုးရရဲ့ အပေါ် သစ္စာစောင့်သိသူတွေကို ဟော်လန်၊ နေပယ်လ်၊ ဆွီဒင်နဲ့ ဝက်စ်ထ်ဖလီးယားတို့မှာ နေရာချထားပေးခဲ့ပါတယ်။

နပိုလီယံရဲ့လူနေမှုဘဝမှာလဲ အပြောင်းအလဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ၁၈ဝဝ ပြည့်နှစ်မှာတော့ ဂျိုးဆက်ဖင်းနဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သူ့ကို သားတစ်ယောက် မမွေးဖွားပေးနိုင်လို့ပါပဲ။

ဒါကြောင့်မို့လို့ သူဟာ ဩစတြီးယားဧကရာဇ်ရဲ့သမီးတော် ၁၈ နှစ်ပဲရှိသေးတဲ့ မာရီလူးဝစ် နဲ့လက်ထပ်ခဲ့ပါတယ်။ ၁၈၁၁ ခုနှစ်၊ မတ်လ ၂၁ ရက်မှာတော့ မာရီလူးဝစ်ဟာ နင့်လီယံအတွက် သားတစ်ယောက်ကို ဖွားမြင်ပေးခဲ့ပါတယ်။ အဲဒီကလေးဟာ နပိုလီယံ ၂ လို့ နာမည်တွင်ပါတယ်။

နပိုလီယံရဲ့စစ်တပ် အောင်မြင်မှုတွေရခဲ့ပေမဲ့ စစ်တပ်ရဲ့ ဘဏ္ဍာငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။ ၁၈၁၂ ခုနှစ်မှာတော့ ပြင်သစ်ဟာ ရုရှားကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်တဲ့အတွက် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

အကြီးကျယ်ဆုံး ဆုံးရှုံးမှုကတော့ သူ့ရဲ့တပ်သားတွေ အစုလိုက်အပြုံလိုက်အသဝာ်ခံရပြီး အကြီးအကျယ်ထိခိုက်ဒဏ်ရာရလို့ပါပဲ။ တိုက်ခိုက်ရေးစစ်သား ၆၀၀၀၀၀ ရှိတဲ့အထဲက ၁ဝဝဝဝ လောက်ပဲ တိုက်ပွဲဝင်လို့ရတဲ့ အခြေအနေမျိုး ရောက်ရှိခဲ့ပါတယ်။

နပိုလီယံစစ်ရှုံးတဲ့သတင်းကြောင့် သူ့ရဲ့ပြည်တွင်းပြည်ပ ရန်သူတွေအဖို့ အားတက်စရာဖြစ်ခဲ့ရပါတယ်။ နပိုလီယံ ရုရှားကို တိုက်ခိုက်နေစဉ်မှာ အာဏာသိမ်းဖို့လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဗြိတိသျှတို့ဟာ ပြင်သစ်ရဲ့ပိုင်နက် ဧရိယာကို ကျူးကျော်ဝင်ရောက်လာပါတယ်။ ပြည်တွင်းပြည်ပ ဖိအားတွေများလာပြီး ရန်သူတွေကိုပြန်တိုက်ခိုက်ဖို့ အင်အားကင်းမဲ့တာကြောင့် နပိုလီယံဟာ ၁၈၁၄ ခုနှစ်၊ မတ်လ ၃ဝ ရက်မှာ မဟာမိတ်တပ်တွေကို အညံ့ခံလိုက်ရပါတယ်။ နပိုလီယံဟာ အယ်ဘာကျွန်းကို နယ်နှင်ဒဏ်ပေးခြင်း ခံလိုက်ရပါတယ်။

နပိုလီယံနယ်နှင်ဒဏ်အပေးခံရတာဟာ သိပ်မကြာမြင့်ခဲ့ပါဘူး။ သူမရှိတဲ့ ပြင်သစ်ဟာ အားအင်ယုတ်လျော့နေတာကို သူဟာ စောင့်ကြည့်ခဲ့ပါတယ်။ ၁၈၁၅ ခုနှစ်၊ မတ်လမှာ သူက ကျွန်းကနေလွတ်မြောက်ပြီး ပါရီကို အလျင်အမြန်ပြန်ခဲ့ကာ သူ့ရဲ့ အာဏာကို ပြန်လည်ရရှိခဲ့ပါတယ်။

နပိုလီယံရဲ့ ဦးဆောင်မှုအောက်မှာရှိနေတဲ့ အစိုးရဟာ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ကမောက်ကမဖြစ်မှုတွေ၊ ကြောက်ရွံ့စရာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

နပိုလီယံဟာ သူ့ရဲ့တိုင်းပြည်ကို စစ်ပွဲထဲကို ဆွဲသွင်းခဲ့ပါတယ်။ နပိုလီယံဟာ သူ့ရဲ့ တပ်ဖွဲ့တွေကို ဘယ်လ်ဂျီယံကို စေလွှတ်ခဲ့ပါတယ်။ ၁၈၁၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ ပရုရှန်းတွေကို စစ်အောင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂ နှစ်ကြာပြီးတဲ့အခါမှာ ဗြိတိသျှ တပ်တွေကို ဝါတာလူးတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဗြိတိသျှတွေကို အားဖြည့်ကူညီနေသူကတော့ ပရုရှန်းတိုက်ခိုက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ နပိုလီယံဟာ သိက္ခာကျအရှက်ရစရာ ဆုံးရှုံးမှုတစ်ခုနဲ့ကြုံတွေ့ ခဲ့ရပါတယ်။

၁၈၁၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာ သူ့ရဲ့အာဏာကို စွန့်လွှတ်လိုက်ရပါတယ်။ နယ်နှင်ဒဏ်ပေးထားတဲ့နေရာကနေ ဒုတိယအကြိမ် ပြန်လာမှာစိုးတဲ့အတွက် ဗြိတိသျှအစိုးရက အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းဖြစ်တဲ့ စိန့်ဟယ်လင်နာကျွန်းကို စေလွှတ်ခဲ့ပါတယ်။

သူ့ရဲ့အိမ်အသစ်မှာ နပိုလီယံဟာ ကျေနပ်နှစ်သက်ပြီး စာဖတ်စာရေးအလုပ်ကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေးဟာ စတင်ယိုယွင်းလာခဲ့ပြီး ၁၈၁၇ ခုနှစ်မှာတော့ အစာအိမ်အနာ(ဝါ) အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေပြလာပါတယ်။

၁၈၂၁ ခုနှစ်အစောပိုင်းမှာတော့ သူဟာ အိပ်ရာထဲလဲနေပြီး တစ်နေ့တခြားအားနည်းလာပါပြီ။ အဲဒီနှစ်ရဲ့ ဧပြီလကိုရောက်တဲ့အခါမှာ သူ့ရဲ့နောက်ဆုံးဆန္ဒကို ရေးသားခဲ့ပါတယ်။

ငါ့ရဲ့ အရိုးပြာတွေကို ငါသိပ်ချစ်တဲ့ပြင်သစ်လူမျိုးတွေရဲ့ အကြားမှာရှိတဲ့ စိန့်မြစ် ကမ်းပါးမှာထားပေးပါ။ ငါသေနေ့မစေ့ခင် သေတာကတော့ အင်္ဂလိပ်လူနည်းစုအစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ငှားရမ်းထားတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကြောင့်ပဲ” လို့ရေးသားခဲ့ပါတယ်။ နပိုလီယံဟာ ၁၈၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

Author – အောင်မွန်ကျော်

Leave a Reply

Your email address will not be published.