အိန္ဒိယရေတပ်က ပြည်တွင်းထုတ် သင်္ဘောဖျက်ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်

အိန္ဒိယရေတပ်က ပြည်တွင်းထုတ် သင်္ဘောဖျက်ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်

အိန္ဒိယရေတပ်၊ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DRDO)တို့ ပူပေါင်းတည်ဆောက်ထားတဲ့ ပြည်တွင်းထုတ် သင်္ဘောဖျက်ဒုံးကျည်ကို ရေတပ်ရဟတ်ယာဉ်က‌နေ ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဒုံးကျည်ဟာ အိန္ဒိယရေတပ်ရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေကြောင်းမှ ပစ်လွှက်နိုင်တဲ့ သင်္ဘောဖျက်ဒုံးကျည်စနစ်လည်း ဖြစ်ပါတယ်။ သင်္ဘောဖျက်ဒုံးကျည်စနစ်ဟာ အိန္ဒိယရေတပ်ရဲ့ ထိုးစစ်စွမ်းရည်ကို အားကောင်းစေမည်ဖြစ်ပါတယ်။

သင်္ဘောဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယနိုင်ငံ Odisha ကမ်းလွန်ရှိ Chmdipur ပေါင်းစပ်စမ်းသပ်ရေး စက်ပစ်ကွင်း(ITR)မှာ မေလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယရေတပ်နဲ့ DRDO မှ အကြီးတန်းအရာရှိများ တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။

ရေတပ်ရဟတ်ယာဉ်က သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ရာမှာ ၎င်းဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိမှန်းဖျက်ဆီးရန် ပင်လယ်ရေလမ်းကြောင်းအတိုင်း ထိန်းကျောင်းပျံသန်းနိုင်ခဲ့ပါတယ်။

အိန္ဒိယရေတပ်ရဲ့ အဆိုအရ သတ်မှတ်ထားတဲ့ ရည်မှန်းချက်များအားလုံးကို တိကျသေချာစွာဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒုံးကျည်တွင်ပါဝင်တဲ့ စနစ်အစိတ်အပိုင်းများရဲ့ စွမ်းဆောင်ရည်မှာ ကျေနပ်စရာ‌ကောင်းတယ်လို့ ဆိုပါတယ်။

“အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ်ဒီဇိုင်းနဲ့ ဒုံးကျည်စနစ်တွေ ဖွံ့ဖြိုးတိုးတက်မှုမှာ စွမ်းရည်မြင့်မားတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်”လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Sungh ကပြောကြားခဲ့ပါတယ်။

အဆိုပါစမ်းသပ်မှုတွင် လမ်းညွှန်မှု၊ ထိန်းချုပ်မှုနှင့်တိကျမှုအပါအဝင် သင်္ဘောဖျက်ဒုံးကျည်များရဲ့ စွမ်းဆောင်ရည် အမျိုးမျိုးကို ရည်မှန်းချက် တာဝန်ထမ်းဆောင်မှုများအလိုက် အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒုံးကျည်ပစ်လွှတ်စဉ်အတွင်း အဖြစ်အပျက်အားလုံးကို ဒုံးပျံသန်းရာ လမ်းကြောင်းကို ခြေရာခံထိန်းကျောင်းခြင်းအပါအဝင် စမ်းသပ်စက်ပစ်ကွင်းနှင့် ထိမှန်ဖျက်ဆီးနိုင်မှု စသည်တို့တွင် အာရုံခံကိရိယာများကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

DRDO ဥက္ကဌ Dr G Satheesh Peddy ကလည်း မစ်ရှင်အောင်မြင်မှုအတွက် ရေတပ်လေကြောင်းစမ်းသပ်ရေးတပ်စု၊ အိန္ဒိယရေတပ်နှင့် ဆက်စပ်အဖွဲ့များရဲ့ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published.