ကျောက်တောင်ကြီးတစ်ခုလုံးကို လက်ဖြင့်ထွင်း၍ ပုံဖော်ထားသည့် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရွှေဘတောင်

ကျောက်တောင်ကြီးတစ်ခုလုံးကို လက်ဖြင့်ထွင်း၍ ပုံဖော်ထားသည့် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရွှေဘတောင်

နှစ်ပေါင်း ၉ဝဝ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်သည့် ရွှေဘတောင်သည် မုံရွာ တစ်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းတွင်တည်ရှိပါသည်။

ဖိုလ်ဝင်တောင်နှင့် တောင်ကြော တစ်ဆက်တည်းဖြစ်ပြီး နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်များနှင့်လည်း တစ်ဆက်တည်း ရှိသည်။

ရှေးဟောင်း ကျောက်ထွင်း၊ ကျောက်တောင်ကြီးများဝန်းရံထားသည့် ရွှေဘတောင်တွင်ရှိသည့် ဘုရားများသည် ကျောက်သားများကို ထွင်းထုထားခြင်း ဖြစ်သည်။

ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါဘဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်များနှင့်သာ ထွင်းထုထားသည်။

ရွှေဘတောင်တွင် နာမည်ကြီး ကျောက်လှေကားသည် ကျောက်နံကို ထွင်းထုထားပြီး ကျောက်တောင်ကြီးအား ကျောက်လှိုဏ်ဂူအဖြစ် ဆောက်လုပ်ထားကာ အတွင်း၌ စေတီများ ဘုရားများ တည်ထားသည်။

ရွှေဘတောင်ဟု အမည်တွင်ရခြင်းမှာ ပုဂံခေတ်အလောင်းစည်သူမင်း လက်ထက်၌ ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင်ကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ ရွှေဘတောင် ဟူ၍ အမည်တွင်ခဲ့သည်။

ZawGyi

ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္ျဖင့္ထြင္း၍ ပုံေဖာ္ထားသည့္ ႏွစ္ေပါင္း ၉၀၀ သက္တမ္းရွိ ေ႐ႊဘေတာင္

ႏွစ္ေပါင္း ၉ဝဝတိုင္ေအာင္ ခမ္းခမ္းနားနားရွိေနဆဲျဖစ္သည့္ ေ႐ႊဘေတာင္သည္ မုံ႐ြာ တစ္ဘက္ကမ္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ယင္းမာပင္ခရိုင္၊ စစ္ကိုင္းတိုင္းတြင္တည္ရွိသည္။

ဖိုလ္ဝင္ေတာင္ႏွင့္ ေတာင္ေၾကာတစ္ဆက္ တည္းျဖစ္ၿပီး ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊ လင္းနို႔ေတာင္၊ ေက်ာက္တစ္လုံးေတာင္မ်ားႏွင့္လည္း တစ္ဆက္တည္းရွိသည္။

ေရွးေဟာင္း ေက်ာက္ထြင္း၊ ေက်ာက္ေတာင္ႀကီးမ်ားဝန္းရံထားသည့္ ေ႐ႊဘေတာင္တြင္ရွိသည့္ ဘုရားမ်ားသည္ ေက်ာက္သားမ်ားကို ထြင္းထုထားျခင္းျဖစ္သည္။

ေက်ာက္သားနံရံမ်ားကို အဂၤေတလုံးဝမပါဘဲ ျမန္မာမႈလက္ရာ ေက်ာက္ပန္းတေမာ့ႏွင့္ ေက်ာက္လက္မႈပညာ စစ္စစ္မ်ားႏွင့္သာ ထြင္းထုထားသည္။

ေ႐ႊဘေတာင္တြင္ နာမည္ႀကီး ေက်ာက္ေလွကားသည္ ေက်ာက္နံကို ထြင္းထုထားၿပီး ေက်ာက္ေတာင္ႀကီးအား ေက်ာက္လွိုဏ္ဂူအျဖစ္ ေဆာက္လုပ္ထားကာ အတြင္း၌ ေစတီမ်ား ဘုရားမ်ား တည္ထားသည္။

ေ႐ႊဘေတာင္ဟု အမည္တြင္ရျခင္းမွာ ပုဂံေခတ္အေလာင္းစည္သူမင္း လက္ထက္၌ ေက်ာက္ထြင္းအႏုပညာဆရာႀကီး သူေဌးမင္း ဦးေ႐ႊဘမွ ထိုေက်ာက္ေတာင္ႀကီးတြင္ ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး ေက်ာက္လူသြားလမ္းေဖာက္လုပ္ရာမွ ေ႐ႊဘေတာင္ ဟူ၍ အမည္တြင္ခဲ့သည္။

Leave a Reply

Your email address will not be published.