တရုတ်နဲ့ရှရှားတို့ရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်များကို ခြေရာခံပစ်ချနိုင်မဲ့ HBTTS ဂြိုဟ်တုစနစ်

တရုတ်နဲ့ရှရှားတို့ရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်များကို ခြေရာခံပစ်ချနိုင်မဲ့ HBTTS ဂြိုဟ်တုစနစ်

ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေဟာ အသံထက်အဆများစွာ မြန်တာကြောင့် တားဆီးရန် အလွန်ခက်ခဲပါတယ်။ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ခြေရောက်ကောက်ပြီး ဖျက်စီးနိုင်ဖို့ဆိုတာ မလွယ်ကူပေမဲ့ နည်းလမ်းတွေရှိလာတော့မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ Missile Defense Agency (MDA)ဟာ အာကာသက‌နေ ခြေရာခံစောင့်ကြည့်ဖို့နှင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်နိုင်ဖို့အတွက် ဂြိုဟ်တုရှေ့ပြေး နမူနာပုံစံများကို လွှတ်တင်နိုင်ရေးကို ကြိုးပမ်းလျက် ရှိပါတယ်။

အဆိုပါဂြိုဟ်တုများကနေ အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံဖို့ အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအေဂျင်စီဟာ လက်ရှိမှာ Hypersonic နှင့် Ballistic Tracking Space Sensor (HBTSS)စနစ်ကို တီထွင်လုပ်ဆောင်နေပြီး ရှေ့ပြေးပုံစံဂြိုဟ်တုနှစ်စင်းကို ၂၀၂၃ ခုနှစ်မှာ လွှတ်တင်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

HBTTS ဂြိုဟ်တုစနစ်ဟာ မမြင်နိုင်တဲ့ပစ်မှတ် မှိန်မှိန်တွေကို အဆက်မပြတ် ခြေရာခံနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားစစ်ကစားနိုင်စွမ်းမြင့်မားတဲ့ အဆင့်မြင့် အသံထက်မြန်တဲ့ ခြိမ်းခြောက်မှုကို ခြေရာခံဖို့ဆိုရင်တော့ အာကာသထဲကနေမှ မြင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဟိုက်ပါဆောနစ်လက်နက်တွေကို ခြေရာခံနိုင်ဖို့ဆိုတာ ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံမှုနဲ့ အာကာသထဲကနေပဲ ပိုမိုနီးစပ်နိုင်မှာ ဖြစ်ပါတယ်။

HBTTS ဂြိုဟ်တုစနစ်ကို စတင်လိုက်တာနဲ့၊ ဒါကတန်ဖိုးမဖြတ်နိုင်တဲ့ အာကာသထဲက ရှုထောင့်တစ်ခုနဲ့ ခြိမ်းခြောက်မှုတွေအများကြီးကို ကျော်ဖြတ်နိုင်စေမဲ့ အကျိုးကျေးဇူးများ ရရှိမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအေဂျင်စီက ဆိုပါတယ်။

ဒီဂြိုဟ်တုစနစ်ကို အာကာသ ပတ်လမ်းအတွင်းသို့ လွှတ်တင်သည့်အခါမှာ ဂြိုဟ်တုနှစ်စင်းဟာ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ ဒုံးကျည် စမ်းသပ်မှုများကို စောင့်ကြည့်နိုင်မယ်လို့လဲ သိရပါတယ်။

အာကာသယာဉ်ကို စောင့်ကြည့်မည့် မည်သည့်အရာ သို့မဟုတ် မည်သူရဲ့ စမ်းသပ်မှုများဖြစ်သည်ကို အတိအကျ အသေးစိတ် မဖော်ပြထားသော်လည်း အင်ဒို-ပစိဖိတ်ဒေသကိုစောင့်ကြည့်ဖို့ဆိုတာ တရုတ်ရဲ့ လှုပ်ရှားမှုများကို စောင့်ကြည့်ဖို့ အသုံးပြုမယ်လို့ အဓိပ္ပာယ်ကောက်ယူ နိုင်ပါတယ်။

မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံဟာ အဆင့်မြင့်နည်းပညာကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးခွင်းဒုံး နယ်ပယ်မှာ အဓိက အရေးပါတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ရုရှားနိုင်ငံဟာလည်း အသံထက်မြန်တဲ့ ဒုံးကျည်များနဲ့ လေဟုန်စီးယာဉ်များကို တီထွင်ထုတ်လုပ်လျက် ရှိပါတယ်။ ၎င်းတို့အနက် ဝေဟင်ပစ် Kinzhal ဒုံးကျည်များကဲ့သို့သော ဟိုက်ပါဆောနစ်ဒုံးကျည်များမှာ တိုက်ပွဲဝင်အသုံးပြုနေနိုင်ပြီ ဖြစ်ပါတယ်။

အမေရိကန်ဟာ ၎င်းရဲ့ကိုယ်ပိုင်အသံထက်မြန်တဲ့ ဒုံးကျည်များ တီထွင်ရာမှာ နှောင့်နှေးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အချို့စမ်းသပ်မှုအနည်းငယ်ကိုတော့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရှေ့ပြေးပုံစံများအနက် နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ Lockheed Martin ကုမ္ပဏီထုတ် Hypersonic Air-breathing Weapon Concept (HAWC)ဗားရှင်းကို မကြာသေးမီက စမ်းသပ်မှုပြုလုပ်နိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်သုတေသန စီမံကိန်းများအေဂျင်စီ(DARPA) အရ သိရပါတယ်။

အမေရိကန်ဟာ တရုတ်နဲ့ရှရှားတို့ရဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်ရဲ့ ခြိမ်းခြောက်မှုများကို ခြေရာခံပစ်ချနိုင်ဖို့အတွက် HBTSS ဂြိုဟ်တုစနစ်ကို အသည်းအသန် ကြိုးပမ်းလုပ်ဆောင်‌နေကြောင်း တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.