ပဲ့ထိန်းလမ်းညွှန်ဒုံးတွေ ဘယ်လိုအလုပ်လုပ်သလဲ
ပဲ့ထိန်းဒုံးကျည်ဆိုတာနဲ့ ပစ်မှတ်ကိုတိကျစွာ ထိမှန်ဖျက်ဆီးနိုင်တဲ့ လက်နက်တစ်ခုလို့ သိထားပြီး ဖြစ်မှာပါ။ ခုတင်ပြမှာကတော့ ဒီဒုံးတွေ ပစ်မှတ်ကို ရောက်အောင်ဘယ်လို နည်းပညာနဲ့ လုပ်ဆောင်ထားတယ်ဆိုတာ လက်လှမ်းမီသလောက် ရှာဖွေထားတာပါ။
ပဲ့ထိန်းလမ်းညွှန်ဒုံးတွေရဲ့ မူလအစကတော့ ဒုတိယကမ္ဘာစစ်က နာဇီတို့ရဲ့ VII ဒုံးပျံက စတင်မြစ်ဖျားခံပါတယ်။ ဂျာမန်တို့ရဲ့ V ဒုံးတွေဟာ အဲ့အချိန်က နည်းပညာမြင့်ဒုံးတွေဖြစ်ပြီး တာဝေးပစ်နိုင်ပါတယ်။
ဒီဒုံးတွေနဲ့ ဗြိတိန်အပြင် အခြားဥရောပမြို့ကြီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သူတို့မှာ အလိုအလျောက် ပဲ့ထိန်းလမ်းညွှန်စနစ် ပါရှိပါတယ်။ အများစုဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ပျက်ဆီးစေခဲ့ပါတယ်။
ဒီနေရာမှာ မေးစရာရှိတာက တိကျအောင်၊ မှန်ကန်အောင် ဖန်တီးထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာများနဲ့ သူတို့ရဲ့ နည်းပညာစွမ်းရည်ပါ။ ဒီနေ့ခေတ်မှာတော့ ပိုမိုတိကျ တဲ့ စွမ်းဆောင်ရည်မြင့်တဲ့ ဒုံးလက်နက်တွေကို တီထွင်လာနိုင်ကြပါတယ်။
တစ်ချို့ဆို နျူထိပ်ဖူးတောင် သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးတွေပါ။ မိုင် ၆၀၀၀ ကနေ ကမ္ဘာတစ်ပါတ်အထိ ပစ်ခတ်နိုင်တဲ့ ဒုံးတွေအထိ ရှိလာပါပြီ။ဒီလို ဒုံးတွေဟာ ပစ်မှတ်ကိုတိကျစွာထိမှန်အောင် အဓိက ကူညီပေးနေတဲ့ အစိတ်အပိုင်းတွေကတော့ (၁) Flight Control System ၊ (၂) Engine ၊(၃) Guidance Systemနဲ့ (၄) Warhead တို့ ဖြစ်ပါတယ်။
အင်ဂျင်က ဒုံးကိုပစ်မှတ်စီရောက်အောင် ပို့ဆောင်ပါတယ်။ Warhead ထိပ်ဖူးကတော့ ပစ်မှတ်ကိုထိမှန် ပေါက်ကွဲစေမှာပါ။ Flight Control System ကတော့ ဒုံးကျည်ကို ထိန်းကျောင်းပျံသန်းဖို့ လုပ်ဆောင်ပါတယ်။
အရေးအကြီးဆုံးကတော့ ပစ်မှတ်လမ်းညွန် Guidance System ပါ။ သူက ဘယ်လိုဒုံးမဆို အရေးပါတဲ့အစိတ်အပိုင်းပါ။ဒုံးကို ပစ်မှတ်ခရီးဆုံးမှာ တိကျစေဖို့အလုပ်လုပ်ပေးပါတယ်။
လုပ်ပုံက ပစ်မှတ်ရဲ့တည်နေရာ Location ကို အရင်တွက်ပါတယ်။ လတ္တီကျူ့၊ လောင်ဂျီကျူ့ ဘယ်လောက်မှာဆိုတာ တွက်တာပါ။ ပြီးရင် Navigation အိမ်မြှောင်ညွှန်းအတိအကျ ပေါင်းစပ်ပါတယ်။ ဒီနေရာမှာ အခြေခံအချက် ငါးခုရှိပါတယ်။(၁) Command၊ (၂) Inertial ၊(၃) Active ၊(၄)Simi-active၊ (၅) Passive ဆိုပြီး နည်းငါးခုနဲ့ တွက်ချက်ပါတယ်။
ဒီငါးခုအပေါ်အခြေခံပြီး နှစ်ပိုင်းထပ်ခွဲပါတယ်။ တစ်ပိုင်းက ဒုံးကျည်တွင်းမှာ Built in တပ်ဆင်ပါတယ်။ နောက်တစ်ပိုင်းကတော့ အခြေစိုက်စခန်းမှ ထိန်ချုပ်တာပါ။ သူက ဒုံးကျည်သွားရာလမ်းကြောင်းတလျောက် ခြေရာခံထိန်းချုပ်ပါတယ်။
အမိန့်ပေးချက်ကို ရေဒီယို ဆစ်ဂနယ်နဲ့လုပ်ပါတယ်။နောက်ပိုင်းမှာ ရေဒါ ဆစ်ဂနယ်၊ လေဆာဆစ်ဂနယ် pulses တွေ သုံးပါတယ်။ ဒုံးကျည်ဟာ ရေဒါဆစ်ဂနယ်သုံးရင် ပစ်မှတ်ကို ရှာဖွေရာမှာ ဘယ်ရင်(Bearing )၊အမြန်နှုံး (Speed )တို့ပါတွက်ချက်ပြီးသားဖြစ်လို့ ပိုမိုတိကျပါတယ်။
Command station ခေါ် ထိန်းချုပ်စက်ခန်းက ကွန်ပျူတာအကူအညီနဲ့ ပစ်မှတ်ကိုတိကျစွာ တွက်ချက်ထိမှန်စေပါတယ်။ တစ်ချို့ဒုံးကျည်များဟာ ပစ်မှတ်ကို ကိုယ်တိုင်ရှာဖွေနိုင်တဲ့ Si-mi active homing system ကိုထဲ့သွင်းတည်ဆောက်ထားပါတယ်။
တည်ငြိမ်ပစ်မှတ်ဖြစ်စေ၊ ရွေ့လျားပစ်မှတ်ဖြစ်စေ ဒုံးကျည်က သတ်မှတ်ပြီးသားဆိုရင် သေချာပေါက် ထိမှန်ပါတော့တယ်။ ဥပမာ အနီအောက်ရောင်ချည် Infrared ထွက်တဲ့ အင်ဂျင်အပူချိန်ကို အာရုံခံတာမျိုးပါ။
နောက်တစ်မျိုးကတော့ Active Guiding system ပါ ထိန်းချုပ်ခန်းက တစ်ခါထဲသတ်မှတ်ပေးထားတဲ့ပစ်မှတ်ကို ဒုံးကျည်က အရောက်သွား ဖေါက်ခွဲတာမျိုးပါ။ အီရတ်စစ်ပွဲအတွင်း သုံးခဲ့ပါတယ်။
ဒီနေ့ခေတ်ဒုံးကျည်တွေကတော့ ပိုမိုတိုးတက်လွန်းနေပါပြီ။ ရောင်ချည်ဖြာထွက်မှုကိုလျော့ချပြီး Predetermined flight path လို့ခေါ်တဲ့ ကြိုတင်သတ်မှတ်လမ်းကြောင်းအတိုင်း ပျံသန်းနိုင်ပါတယ်။
Inertial System ကို အသုံးပြုထားတဲ့အတွက် သူ့ကို ထောက်လှမ်းဖို့ ကြားဖြတ်ဟန့်တားဖို့ ခက်ခဲလှပါတယ်။ Gyroscopic platform ကို တပ်ဆင်ထားလို့ လေထုထဲမှာ တည်ငြိမ်စွာပျံသန်းနိုင်ပြီး Globel Positioning System (GPS)ပါဝင်လို့ ကမ္ဘာ့နေရာမရွေး ပစ်ခတ်နိုင်ပါတယ်။
Flight guidance computer တပ်ဆင်ထားလို့ အာကာသထိတက်ပြီးမှ ပစ်မှတ်ပေါ် ထိုးစိုက်ဖေါက်ခွဲပစ်နိုင်ပါတယ်။ ရေဒါလှိုင်းများကို ရှောင်ကွင်းပျံသန်းနိုင်ပါတယ်။ ရန်သူဟာ ဒုံးကျည်မှ ဖြာထွက်တဲ့ လျှပ်စစ်လှိုင်းများကို ဖမ်းယူသိရှိနိုင်တဲ့အတွက် နောက်ပိုင်းမှာ လျှပ်စစ်ဖြာထွက်မှုလုံးဝမရှိအောင် စွမ်းရည်မြင့်ဒုံးကျည်တွေပါ တီထွင်လာကြပါတယ်။
ပစ်မှတ်ကိုဖျက်ဆီးရာမှာလဲ ကြိုတင်မှတ်ဉာဏ်သွင်းခြင်း (Pre pin prigraming ) ပြုလုပ်ထားတဲ့အတွက် အကာအကွယ်ကို ကျော်ပြီးမှ ပေါက်ကွဲစေမှာဖြစ်လို့ ထိခိုက်မှု ပိုတိကျစေပါတယ်။
အခုတင်ပြခဲ့တာကတော့ ပဲ့ထိန်းဒုံးကျည်များကို ဘယ်လိုလမ်းညွှန်သလဲဆိုတဲ့အခြေခံအချက်ထဲက လက်လှမ်းမီသမျှတွေပါဘဲ။ စာဖတ်သူများတစုံတရာကျေနပ်မှုရတယ်ဆိုရင်ဖြင့် ကွန်မင့်လေးများ ရေးသားခဲ့ကြပါအုံးလို့။
Knight News Team