ခင်ပွန်းသည်ကို ‌ဆုံးပါး‌စေချင်သူ အမျိုးသမီးများအတွက် အဆိပ်ရေမွှေး တီထွင်ပေးခဲ့သူ

ခင်ပွန်းသည်ကို ‌ဆုံးပါး‌စေချင်သူ အမျိုးသမီးများအတွက် အဆိပ်ရေမွှေး တီထွင်ပေးခဲ့သူ

ဂူလီယာတိုဖါနာ (Giulia Tofana) ဆိုသူ ရေမွှေးပညာရှင်အမျိုးသမီးဟာ လူပေါင်းခြောက်ရာလောက်ကို ရေမွှေးအဆိပ်နဲ့ ဆုံးပါးစေခဲ့ပါတယ်။ သူမကိုယ်တိုင်တော့ သဝာ်ဖြတ်ခဲ့တာမဟုတ်ပါဘူး။ သူကဖေါက်သည်တွေကို ရောင်းချပေးခဲ့တာပါ။

ဒီအဆိပ်ဟာ ဂူလီယာရဲ့မိခင်ဖြစ်သူက ဖေါ်စပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂူလီယာက သူ့အဆိပ်ရေမွှေးကို Aqua Tofana လို့အမည်ပေးထားပါတယ်။ ဝယ်ယူသူအမျိုးသမီးတွေက သူတို့ရဲ့ ရိုင်းစိုင်းရက်စက်တဲ့ ခင်ပွန်းတွေကို သုတ်သင်ဖို့ အသုံးပြုကြပါတယ်။

ဂူလီယာကို ၁၆၂၀ ခုနှစ်မှာ အီတလီနိုင်ငံ၊ ပါလာမိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ ထင်ရှားသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အမည်ကတော့ Thofania d-Amado ဖြစ်ပါတယ်။

သူမဟာ ခင်ပွန်းဖြစ်သူကို သဝာ်ဖြတ်မှုနဲ့ ၁၆၃၃ ခုနှစ်မှာ ကွပ်မျက်ခံရပါတယ်။ ဂူလီယာလေးလည်း နေပယ်မြို့ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီကတဆင့် ရောမကိုထပ်မံပြောင်းရွှေ့ပြန်ပါတယ်။

သူမဟာ အချစ်မပါပဲ လက်ထပ်ခံရတဲ့ အမျိုးသမီးများကို သနားဂရုဏာ ကြီးသူဖြစ်ပါတယ်။ ဒီလိုနဲ့သူမဟာ အဲဒီလိုအမျိုးသမီးတွေကို သူမရဲ့ အဆိပ်ရေမွှေးသုံးဖို့ တိုက်တွန်းပါတယ်။

သူမက အစပိုင်းမှာအလကား ပေးပါတယ်။ သူမရဲ့ဆိုင်ဟာ ရှေ့မှာတော့ ဆေးဝါးဖေါ်စပ်ရောင်းချသလို ပြင်ဆင်ထားပါတယ်။ အလှပြင်ပစ္စည်းများ ကိုဟန်ပြရောင်းချနေပေမဲ့ သူမရဲ့တကယ့်ရောင်းကုန်က Aqua Tofana အမည်ရ အဆိပ်ရေမွှေးပါ။

ဒီပစ္စည်းဟာ တခြားအလှကုန်များကြားမှာ မထင်မရှားကွယ်ပျောက်သလို ဖြစ်နေလို့ ဘယ်သူမှသတိမထားမိကြပါဘူး။ အဆိပ်ရဲ့ ပုံစံကလဲမျက်နှာလိမ်းဆီလိုမျိုးထုပ်ပိုးထားတာပါ။

အညွှန်းလေဘယ်ကဒ်မှာလဲ Manna of St. Nicholas of Bari လို့ တခါတရံရေးထိုးထားပါတယ်။ အဲဒီအချိန်က ခေတ်စားတဲ့ အမည်တစ်ခုပါ။ အမှန်တကယ်တော့ Aqua Tofana ဟာ ခဲအဆိပ်တစ်မျိုးဖြစ်ပါတယ်။

ခဲရယ် ဘယ်လာဒိုနာရယ် အာဆင်းနစ်ရယ် ကော့တေးလို ပေါင်းစပ်ထားတာပါ။ ဒီ ပစ္စည်းတစ်မျိုးစီဟာလဲ အလှပြင်ပစ္စည်းထဲမှာ ပါဝင်နေကြအရာတွေပဲ ဖြစ်ပါတယ်။

Aqua Tofana ဟာ တခြားအဆိပ်တွေနဲ့ မတူပါဘူး။ သူ့ကိုအစက်ချ အသုံးပြုရပါတယ်။ ပထမတစ်စက်ဟာ သာမန်ပဲ ပျော်ဝင်နိုင်ပြီး မောပန်းခြင်းနဲ့ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။

နှစ်စက်ဆိုရင်တော့ ဗိုက်နာတာ၊အော့အန်တာအပြင် ဝမ်းကိုက်သလိုပါ ခံစားရပါတယ်။ သုံးစက် နဲ့လေးစက်ဆိုရင်တော့ လူကို ဆုံးပါးစေနိုင်ပါတယ်။ AquaTofana ဟာ အရသာ အရောင်နဲ့ အနံ့ပါမရှိတာကြောင့် ဆရာဝန်များက ဆုံးပါးသူဟာ ရောဂါကြောင့်လို့ပဲ မှတ်ချက်ပြုကြပါတယ်။

အဆိပ်ရဲ့နှေးကွေးတဲ့အစွမ်းကြောင့် အသက်ထွက်အံ့ဆဲဆဲ ခင်ပွန်းဖြစ်သူဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ဖို့ အချိန်တချို့ရကြပါတယ်။ကြေကွဲဝမ်းနည်းစွာကျန်ခဲ့မဲ့ မုဆိုးမတွေဟာ အမွေအနှစ်များကို ခံစားခွင့်ရှိပါတယ်။

အစမှာ ဒါကအလုပ်ဖြစ်နေပါတယ်။ ဂူလီယာကလဲ သတိထားပြီးသူ့ပစ္စည်းကိုရောင်းချပါတယ်။ သူမရဲ့သမီးနဲ့ စိတ်ချရတဲ့အလုပ်သမားတွေလောက်ပဲ ဒီကိစ္စကိုသိရှိကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့နောက်ဆုံးဖေါက်သည် ရောက်မလာခင်အထိသာ ကြာရှည်ခံခဲ့ပြီးအိမ်မက်အားလုံးပျက်ဆီးမဲ့နေ့ကို ရောက်ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ သူမရဲ့ခင်ပွန်းသောက်မဲ့ စွပ်ပြုတ်ထဲကို Aqua Tofana အဆိပ်ခတ်ခဲ့ပါတယ်။ ပြီးမှ သူမဟာ ခင်ပွန်းဖြစ်သူကို မသောက်ဖို့တားမြစ်ရာကနေ ဒီဇါတ်လမ်းပေါ်ခဲ့ရပါတယ်။

သူမက ဂူလီယာတိုဖါနာအကြောင်းကို တရားရုံးမှာဖွင့်ချခဲ့ပါတယ်။ချာ့စ် ကျောင်းမှာ ပုန်းနေတဲ့ဂူလီယာကို ချက်ခြင်းပဲ ဖမ်းဆီးခဲ့ကြပါတယ်။ ဒါပေမဲ့ ကောလဟာလ တစ်ခုကပြန့်နေပါတယ်။ သူမကို မဖမ်းမိခင်မှာ ဂူလီယာက မြို့တော်ရေပေးဝေစခန်းကနေ တစ်မြို့လုံးကိုအဆိပ်ခတ်ပြီးသွားပြီဆိုပြီးတော့ပါ။

ဂူလီယာဟာ တရားရုံးမှာဝန်ခံထွက်ဆိုချက်ကတော့ ၁၆၃၃ ခုနှစ်မှ ၁၆၅၁ ခုနှစ် အတွင်း ရောမတစ်မြို့ထဲမှာတင် လူ‌ပေါင်း ၆၀၀ လောက်ကို ဆုံးပါးစေခဲ့ကြောင်းဆိုပါတယ်။၁၆၅၉ ခုနှစ်မှာတော့ ဂူလီယာ သူ့သမီးနဲ့အလုပ်သမားသုံးယောက်တို့ကို သေဒါဏ်ပေးခဲ့ပါတယ်။သူမရဲ့ဖေါက်သဘ်တချို့လဲအပစ်ပေးခံရပါတယ် ။

နောက်နှစ်များစွာကြာပြီးနောက် ၁၇၉၁ ခုနှစ်မှာ ဂီတပညာရှင် မိုးဇက်က ခုလိုပြောပါတယ်။ ဂူလီယာသာ အမှန်တကယ် အဆိပ်ရှိခဲ့ရင် သူ့နေရာမှာကျနော်သာဆိုအချိန်မဖြုန်းပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်မှာပေါ့ဗျာတဲ့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *