ထူးဆန်းစွာသေဆုံးခဲ့ကြတဲ့ အာဏာရှင် ငါးယောက်
အခုတင်ပြမှာကတော့ အာဏာရှင်ကြီးငါးယောက်ဟာ ဘယ်လိုထူးဆန်းစွာ သေဆုံးခဲ့ရတယ်ဆိုတာ ဖြစ်ပါတယ်။ အာဏာရှင်ဆိုတဲ့အတိုင်း ရက်စက်ကြမ်းကျုတ်ကြပေမဲ့ ကိုယ်သေရမှာတော့ အင်မတန်ကြောက်ကြသူတွေပါဘဲ။
အကာအကွယ်မျိုးစုံ သက်တော်စောင့် အများအပြားရှိပေမဲ့ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကိုတော့ မကျော်လွားနိုင်ကြပါဘူး။ ကဲကြည့်လိုက်ကြရအောင်။
(၁) ဂျင်ဂစ်ခန်
မွန်ဂိုအင်ပါယာကိုထူထောင်ခဲ့သူပါ။ ကြီးမားကျယ်ပြန့်လှတဲ့ နယ်မြေတွေကို သိမ်းပိုက်ခဲ့ပါတယ်။ သူသေဆုံးရတာကို အမျိုးမျိုးပြောဆိုကြပေမဲ့ တချို့ကအခိုင်အမာယူဆတာက သူဟာ အသတ်ခံရတာပါတဲ့။
သူ့ကိုသဝာ်တာက ရှားဘုရင့် အနွယ်တော် မင်းသမီးတစ်ပါးပါ။ ဂျင်ဂစ်ခန်ဟာ စစ်ပွဲမှာအနိုင်ရလို့ မင်းသမီးကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်ခဲ့တာ အယောက် ငါးရာလောက်ရှိပါတယ်တဲ့။
ဒီထဲကမှ သူမက ထူးခြားသူပါ။ တနေ့မှာတော့ သူမဟာ ဂျင်ဂစ်ခန်ရဲ့ သွေးကြောသို့မဟုတ် မေ့ကြောကိုနှိပ်လိုက်ပြီး မလှုပ်ရှားနိုင်တော့မှ ကတ်ကျေး တစ်လက်နဲ့ထိုးသဝာ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဏ်ရာပြင်းလွန်းတာကြောင့် ဂျင်ဂစ်ခန် သေဆုံးခဲ့ရပါတယ်။
(၂) Martin of Aragon
သူကတော့ AD1000 နဲ့ 1400 လောက်မှာ စပိန်နိုင်ငံရဲ့ ဘုရင်တစ်ပါးပါ။ သူဟာ နောက်ဆုံးမင်းဆက်တစ်ခုဖြစ်ခဲ့ပြီး ဘာစီလိုနာမြို့က မေ့လျော့ခံ စံအိမ်ကြီးမှာနေထိုင်ခဲ့ပါတယ်။
မာတင်ဟာ နှစ်ကြိမ် လက်ထပ်ခဲ့ပေမဲ့ နန်းမွေဆက်ခံသူ မထွန်းကားခဲ့ပါဘူး။ သူ့ရဲ့ထူးဆန်းတဲ့သေဆုံးမှုက သူ့ကိုပိုနာမည်ကြီး လူသိများစေခဲ့ပါတယ်။ ဘုရင်ဟာ အစာမကြေတဲ့ရောဂါကို ခံစားနေရသူပါ။
ဒါကြောင့် သူ့ရဲ့အပြုအမူတွေဟာ တခါတရံ ထူးဆန်းနေပါတယ်။ သူဟာ သူ့ရဲ့လူရွှင်တော်ကို သူမအီမသာဖြစ်တာ သက်သာစေဖို့ ဟာသနဲ့ဖျော်ဖြေစေပါတယ်။လူရွှင်တော်ရဲ့ပျက်လုံးတွေက ရီစရာကောင်းလွန်းတာကြောင့် သူဟာ အတောမသတ် ရီမောရင်း ဆုံးပါးသွားခဲ့ပါတယ်။သေဆုံးချိန်မှာ သူဟာ အသက် ၅၃ နှစ်ပဲရှိပါသေးတယ်။
(၃) Attila
သူကတော့ ဟန်လူမျိုးစုရဲ့ ဧကရာဇ်တပါးပါ။ ဟန်လူမျိုးဆိုတာ ၄ ရာစု၊ ၅ ရာစုလောက်မှာ ဥရောပကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့ အာရှက လူကြမ်းမျိုးနွယ်တွေပေါ့။ သူတို့ကို ရိုမင်အင်ပါယာကလူတွေတောင် ကြောက်စရာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ရပါတယ်တဲ့။
Attila ဟာ ဘိုင်ဇင်တိုင်းအင်ပါယာနဲ့ အီတလီကို တစ်ပြိုင်တည်းကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ရောမကိုတော့ တစ်ခါမှမတိုက်ခဲ့ပါဘူးတဲ့။ Attils ဟာ ကွန်စတန်တီနိုပယ်ကို သိမ်းဖို့စီစဉ်နေစဉ်မှာ ရုတ်တရက် ဆုံးပါးခဲ့ပါတယ်။
ဒါကလဲ သူ့ရဲ့နောက်ဆုံးလက်ထပ်ပွဲ ပြုလုပ်နေစဉ်မှာပါ။ သူက အစားတွေအလွန်အကျွံစား၊ ဒာရက်တွေအများကြီး သောက်ထားပါတယ်။ တစ်ညလုံးနီးပါးသောက်ပြီး သူမသောက်နိုင်တော့မှ လက်လျော့ပြီး အိပ်ယာဝင်ခဲ့ပါတယ်။သူသတိမထားမိခင်မှာဘဲ သူ့နှာခေါင်းက သွေးယိုလာပါတယ်။သွေးခဲတွေပိတ်ဆို့ပြီးအသက်ရှူ မရဘဲ ဆုံးပါးခဲ့ရပါတော့တယ်။
(၄) Frederick Barbarossa
သူကတော့ ရိုမန်အင်ပါယာရဲ့ အရှင်သခင်တစ်ပါးပါ။ သူဟာ အလယ်ခေတ်ရဲ့အကြီးမြတ်ဆုံးဘုရင်တစ်ပါးဖြစ်ခြင်ခဲ့ပါတယ်။ ပြိုင်ဖက်တွေက သူ့ကို စူပါလူသားလို့ ကင်ပွန်းတပ်ကြပါတယ်။
သူဟာ စစ်ရေးစွမ်းရည်ထက်မြက်သလို ပါးနပ်တဲ့ နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။သူဟာ ဥရောပအလယ်ပိုင်းမှာ ရိုမန်ဥပဒေကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။
သူအသက် ၆၈ နှစ်မှာ ပါလက်စတိုင်းတွေနဲ့ တတိယ ကရူးဆိတ်စစ်ပွဲဖြစ်ပွားပါတယ်။ သူနဲ့သူ့ရဲ့စစ်တပ်ဟာ အနာတိုလီယာဒေသမှာ တိုက်ခိုက်ခံရပါတယ်။ဆုတ်ခွာရင်း Salph မြစ်ကမ်းဘေးအရောက်မှာ တောင်ကြားလမ်းကျဉ်းလေးထဲကိုဖြတ်သန်းရပါတယ်။
သူရဲကောင်းအိုကြီးဟာ မြစ်ကိုဖြတ်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့မြင်းနဲ့အတူ မြစ်ကိုဖြတ်ကူးရာမှာတော့ လေးလံတဲ့ချပ်ဝတ်တန်ဆာတွေကြောင့် မြင်းပေါ်ကပြုတ်ကျပြီးရေစီးနဲ့မျောပါ အသက်ဆုံးရှုံးခဲ့ရပါတော့တယ်။
(၅) Richard the Lionheart
နောက်ဆုံးတင်ပြရမဲ့သူကတော့ Richard the Lionheart ပါ။ Richard I ဟာ အင်္ဂလန် နိုင်ငံရဲ့ တော်ဝင်ဘုရင်တစ်ပါးဖြစ်ပါတယ်။ သူ့ဘဝတလျောက်လုံးဟာ အမျိုးမျိုးသောတိုက်ပွဲ၊အောင်ပွဲတွေနဲ့ ပြည့်နှက်နေပါတယ်။
ရစ်ချတ်ဟာ စစ်ပွဲတိုင်းလိုလို အောင်နိုင်ခဲ့သူပါ။၁၁၉၂ ခုနှစ်၊မတ်လ မှာ သူဟာပြင်သစ်မှာ ရှိနေခဲ့ပါတယ်။ ပုန်ကန်သူတွေကိုနှိမ်နှင်းဖို့ပါ။ပုန်ကန်သူက လီမိုဂျက်စ်နယ်စား အေမာ ၅ ( Amiar V )ဖြစ်ပါတယ်။
တိုက်ပွဲနားနေစဉ်မှာ ရစ်ချတ်ဟာ သူ့ချပ်ဝတ်တန်ဆာကိုချွတ်ပြီး နားနေခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ ကျေးလက်လူငယ်တစ်ယောက်က သူ့ကိုဒူးလေးနဲ့ပစ်ခတ်ခဲ့ပါတယ်။လူငယ်ဟာ အိမ်လုပ် စစ်ဝတ်စုံကိုဝတ်ထားပြီး ဒိုင်းကာအဖြစ် ဒယ်အိုးပြားတစ်ခုကို ကိုင်ဆောင်ထားတာ သူတွေ့လိုက်ရပါတယ်။
လူငယ်ရဲ့မြှားဟာ ရစ်ချတ်ကို သေလုမျောပါး ဒဏ်ရာရစေခဲ့ပါတယ်။လူငယ်ကိုဖမ်းဆီးပြီး သူ့ရှေ့ကိုခေါ်လာတဲ့အခါမှာ ဘုရင်ကသူ့ကိုခွင့်လွှတ်ခဲ့ပါတယ်။ လူငယ်ကို လွှတ်ပေးဖို့ သူကအမိန့်ပေးပါတယ်။ သျီလင်တရာကိုလူငယ်ကိုပေးစေပါတယ်။ ပြီးမှသူသေသွားခဲ့ပါတယ်။ နောက်လိုက်တွေက လူငယ်ကိုခွင့်မလွှတ်ပဲ ကွပ်မျက်လိုက်ပါတယ်။
အခုတင်ပြခဲ့တာတွေကိုစာရှုသူများနှစ်ခြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Knight News Team