အီရန်က မြေအောက်တစ်‌နေရာ၌ တည်ဆောက်ထားတဲ့ ဒရုန်းစခန်းကို ထုတ်ဖော်ပြသ

အီရန်က မြေအောက်တစ်‌နေရာ၌ တည်ဆောက်ထားတဲ့ ဒရုန်းစခန်းကို ထုတ်ဖော်ပြသ

အီရန်နိုင်ငံပိုင်သတင်းဌာနက မြင်ရခဲတဲ့ အီရန်ရဲ့ မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသလိုက်ပြီး ထိုစခန်းမှာ ဒရုန်းများ အစီအရီ ရှိနေတာကို တွေ့ရပါတယ်။ ပါရှန်ပင်လယ်ကွေ့မှာ အခြေအနေများ တင်းမာနေစဉ်မှာပဲ အခုလို မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မြေအောက်ဒရုန်းစခန်းဟာ ဇာဂ‌ရော့ဇ်တောင်တန်းဒေသ မြေအောက်အနက် မီတာပေါင်းများစွာမှာ တည်ရှိကြောင်းနှင့် ထိုတောင်တန်းဟာ အီရန်ပင်လယ်ကွေ့ ကမ်းရိုးတန်းမှသည် အီရတ်နိုင်ငံနှင့် နယ်စပ်အထိပေါက်ကြောင်း ထိုသတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းစခန်းနှင့်ပတ်သက်တဲ့ အခြားအသေးစိတ်အချက်အလက်များကိုတော့ ဖော်ပြထားခြင်း မရှိသော်လည်း သတင်းတင်ဆက်သူက ၎င်းအနေဖြင့် နိုင်ငံအနောက်ပိုင်း ကာမန်ရှားမြို့မှနေပြီး ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ် ကြာသွားရတယ်လို့ ပြောသွားကြောင်းတွေ့ရပါတယ်။

ထိုသို့ရဟတ်ယာဉ်ဖြင့် သွားစဉ်တွင်လည်း လမ်းတစ်လျှောက် မျက်စိကို အဝတ်ဖြင့် စည်းသွားရကာ ဒရုန်းစခန်းသို့ရောက်ရှိမှသာ ပတ်ဝန်းကျင်ကို ကြည့်ခွင့်ရှိသည်ဟုဆိုပါတယ်။

သတင်းဌာနကဖော်ပြသော ဗီဒီယိုအရ မီတာ ရာပေါင်းများစွာရှည်သောလိုဏ်ခေါင်းတစ်ခုအတွင်း ဒုံးကျည်များတင်ဆောင်ထားတဲ့ တိုက်ခိုက်ရေး၊ရုန်းများကို မြင်တွေ့ရပါတယ်။

အချို့သော ဒရုန်းများကိုမူ Qaem- 9 ဒုံးကျည်များ တပ်ဆင်ထားဖွယ်ရှိပါတယ်။ အဆိုပါ ဒုံးကျည်အမျိုးအစားဟာ အမေအမေရိကန်နိုင်ငံထုတ် ဝေဟင်မှမြေပြင်ပစ် Hellfire ဒုံးကျည်အမျိုးအစားနှင့်ပုံစံတူဖြစ်ပါတယ်။

တွေ့ရှိရသည့် ဒရုန်းများမှာ အဘာဘီလ်-၅ အမျိုးအစားနဲ့ Kaman-22 အမျိုးအစား ဒရုန်းလည်းအပါအဝင်ဖြစ်ပြီး ထိုဒရုန်းများဟာ အနည်းဆုံး ကီလိုမီတာ ၂၀၀၀ (၁၂၄၅ မိုင်) အထိ ခရီးဆန့် နိုင်ပါတယ်။

အီရန်တပ်မတော်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီးမိုဟာမတ်ဘက်ဂါရီနှင့် ကြည်း တပ်ဦးစီးချုပ်တို့က ဒရုန်းများကို စစ်ဆေးနေတဲ့အခြေအနေကို သတင်းဌာနက ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါတယ်။

ပါရှန်ပင်လယ်ကွေ့ ဒေသမှာ ဂရိမှတ်ပုံတင် ရေနံတင်သင်္ဘော နှစ်စီးကို အီရန်တော်လှန်ရေး အစောင့်တပ်က ဖမ်းဆီးခဲ့ပြီးနောက် မြေအောက် မောင်းသူမဲ့လေယာဉ် အခြေစိုက်စခန်းကို အီရန် စစ်ဘက်က ပြသခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.