အမေရိကန်နဲ့ ရုရှား စစ်အင်အား ဘယ်သူသာ

အမေရိကန်နဲ့ ရုရှား စစ်အင်အား ဘယ်သူသာ

အမေရိကန်က ကမ္ဘာ့စစ်အင်အား နံပါတ်တစ်နေရာကို ရယူထားပါတယ်။ ရုရှားကတော့ နံပါတ် နှစ်နေရာကို အခိုင်အမာ ရယူထားပါတယ်။ ဒီနေရာနှစ်ခုအတွက် ဘယ်လိုသတ်မှတ်ထားပြီး ဒီနှစ်နိုင်ငံကို ဘယ်လိုနှိုင်းယှဉ်သလဲဆိုတာ တင်ပြမှာဖြစ်ပါတယ်။

အခြေခံတွက်ချက်မှုအရတော့ အမေရိကန်က သာပါတယ်။ Active Personal ခေါ်တဲ့ စစ်သည်အရေအတွက်ကစလိုက်ရအောင်။ ရုရှားက စစ်သည်အင်အား ၉၀၀,၀၀၀ ရှိပြီး အမေရိကန်က ၁,၃၉၅,၃၅၀ ရှိပါတယ်။ အရံစစ်သည်အင်အားမှာတော့ ရုရှားက များပါတယ်။ စုစုပေါင်း ၂,၀၀၀,၀၀၀ ( နှစ်သန်း ) အထိ ရှိပြီး ကန်ကတော့ ၈၄၃၄၅၀ ပဲ ရှိပါတယ်။

F-35

ရုရှားမှာ ICBM ခေါ် တိုက်ချင်းပစ် ဒုံးကျည်ပစ်စင် ၃၃၉ ခု ရှိပါတယ်။ အမေရိကန်မှာ ၄၀၀ ရှိပါတယ်။ ကန်မှာတိုက်ပွဲဝင် လေယာဉ် ၁၅၇၄ စင်းရှိပြီး ရုရှားမှာတော့ ၁၁၇၄ သာရှိပါတယ်။

ရုရှားမှာ ဗုံးကြဲလေယာဉ် ၇၆ စီး ရှိပြီး အမေရိကန်ကတော့ ၆၆ စီးသာ ရှိပါတော့တယ်။ ဒရုန်းအရေအတွက်ကတော့ အမေရိကန်မှာ ၄၀၀ ရှိပြီး ရုရှားမှာ ၄၀ သာရှိပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်က ၇၁၅ ဘီလီယံ ကျော်ရှိပြီး ရုရှားကတော့ ကန်ထက် ၁၁ ဆကျော်နဲတဲ့ ၆၂ ဘီလီယံသာ သုံးနိုင်ပါတယ်။

ရုရှားရဲ့ အဓိကအင်အားဟာ နျူလက်နက်ဖြစ်ပြီး သိုလှောင်ထားတဲ့ အရံ နျုထိပ်ဖူးအများအပြား ရှိပါတယ်။တိုက်ချင်းပစ် ICBM တပ်ရင်းတပ်ဖွဲ့တွေကို အများအပြားဖွဲ့စည်းထားပါတယ်။ လေယာဉ်ဖျက် တာဝေးပစ်ဒုံးကျည်တွေကို ဦးစားပေးတည်ဆောက်ထားပါတယ်။

ရုရှားရဲ့ နျူလက်နက်တပ် ရေငုပ်သင်္ဘော အင်အားကလဲ လျော့တွက်လို့မရပါဘူး။ သမားရိုးကျ စစ်အင်အားနဲ့အရည်အချင်းကတော့ အထင်ကြီးစရာကို မဟုတ်တာသေချာပါတယ်။ အများစုက စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်မှုထမ်းကြသူတွေဖြစ်ပြီး ထောက်ပံ့မှု ကောင်းစွာ မရကြပါဘူးတဲ့။ ဒါကို ယူကရိန်းစစ်ပွဲမှာ သိသာစွာတွေ့ခဲ့ရပါတယ်။

SU-35

တခြားဖက်က အမေရိကန်ကို ကြည့်မယ်ဆိုရင်တော့ ပရိုဖက်ရှင်နယ်ဆန်တဲ့စစ်တပ်ကို တွေ့ရမှာပါ။ ဒီတစ်ချက်က တကယ့်စစ်မြေပြင်မှာ လုံးဝကို ခြားနားစေပါတယ်။

ယူအက်စ်ဟာ လေကြောင်းစိုးမိုးမှုမှာလဲ အသာစီးရထားပါတယ်။ တိုက်ခိုက်ရေးလေယာဉ်များ ထောက်ပံ့ရေးလေယာဉ်များ ထောက်လှမ်းရေးလေယာဉ်များ ပြည့်စုံစွာရှိနေပါတယ်။

ရုရှားဟာ မြေပြင်တိုက်ခိုက်ရေးအတွက် အမြှောက် နဲ့ အခြားတိုက်ခိုက်ရေးယာဉ် ၅၁၈၀ စင်းအထိ ရှိပါတယ်။ ကန်မှာတော့ ၂၉၃၁ စီးသာရှိပါတယ်။

ရေကြောင်းဖက်ကိုကြည့်ရင်တော့ ယူအက်စ်က ဖျက်သင်္ဘောနဲ့ ရေငုပ်သင်္ဘော အရေအတွက်မှာလဲ ရုရှားထက် များပါတယ်။ လေယာဉ်တင် သင်္ဘောကတော့နှိုင်းစရာကို မလိုတာပါ။ လက်ရှိတင် ယူအက်စ်က ၁၀ စီးရှိပါတယ်။ရုရှားက တစ်စီးထဲပါ။

ရှရှားရဲ့တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော

အမေရိကန်မှာ ဖျက်သင်္ဘော ( Destroyer, cruiser, free gate ) ၁၁၃ စီးရှိပြီး ရုရှားမှာ ၃၁ စီးသာ ရှိပါတယ်။ ဒါကြောင့်လဲ ရုရှားဟာ ရေငုပ်သင်္ဘောတွေ anti-stealth ဒုံးကျည်စနစ်တွေ ဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။ ဒါကလဲ တိုက်ခိုက်ရေးလေယာဉ်နဲ့ တိုက်ခိုက်ရေး ဟယ်လီကော်ပတာတွေမှာ ယူအက်ကို မယှဉ်နိုင်လို့ပါ။တိုက်စွမ်းရည်ပြည့်ဝတဲ့ လေယာဉ်မှူးကောင်းတွေ ရှားပါးမှုကလဲ ရုရှားရဲ့ အားနည်းချက်တစ်ခုပါ။ လေ့ကျင့်မွေးထုတ်ပေးဖို့ လုံလောက်တဲ့ဘတ်ဂျက်မရှိပါဘူး။

မြေပြင်တိုက်ခိုက်ရေးအတွက် ယူအက်စ်မှာ(USSOCOM US Special Operation Commands. ) ဆိုပြီး ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဟာ ကြည်း၊ရေ၊လေ အားလုံးနဲ့ အဆင့်မြင့်ဆက်သွယ်ရေးကွန်ယက် ထားရှိပြီး လျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

ဒီကွပ်ကဲမှုဌာနဟာ အင်အား ၆၅၈၀၀ နဲ့ လည်ပါတ်နေပါတယ်။ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်‌ ချေမှုန်းခြင်း၊ ဓါးစာခံများကယ်တင်ခြင်းစသည့် အထူးစစ်ဆင်ရေးများကို အောင်မြင်စွာဆောင်ရွက်နိုင်ပါတယ်။ ရုရှားမှာတော့ ဒီလိုဌာနအတွက် အင်အား ၁၀၀၀ လောက်သာ ရှိပါတယ်။

နောက်ဆုံးနှိုင်းပြခြင်တာကတော့ ဓနအင်အားနဲ့မိတ်ဖက်နိုင်ငံတွေပါ။ စာရှုသူများသိတဲ့အတိုင်းပါဘဲ ယူအက်စ်ဟာ နိုင်ငံက ကြွယ်ဝချမ်းသာပြီး NATO လို အင်အားတောင့်တင်းတဲ့ မိတ်ဖက်တွေရှိပါတယ်။

ရုရှားကတော့ တရုပ်တစ်နိုင်ငံသာ လောက်လောက်လားလားရှိတာပါ။ ကျန်တာတွေကလဲ ဘီလာရု့စ်၊ မြောက်ကိုရီးယား၊ အီရန်တို့ပဲရှိတာမို့ ယူအက်စ်ကို အဖက်ဖက်က မယှဉ်နိုင်တာ ထင်ရှားပါတယ်လို့ ရှာဖွေတင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.