Boeing ပြသနာ အဖြေရှာ
လွန်ခဲ့တဲ့လပိုင်းလောက်က ပျက်ကျသွားတဲ့ China Eastern Airline ရဲ့ Boeing 737-800 အကြောင်း မှတ်မိကြမယ် ထင်ပါတယ်။ ထုံးစံအတိုင်း ဘလက်ဘောက် လိုခေါ်တဲ့ Flight Data Recorder နဲ့ Cockpit Voice Recorder တွေကို စစ်ဆေးကြပါတယ်။
ဒီမှာထူးခြားတာက အမေရိကန်ပညာရှင်များအဆိုအရ လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်က လေယာဉ်ကို စိုက်ကျစေအောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တကယ်လား ညာတာလားဆိုတာတော့ ကာယကံရှင် ပညာရှင်တွေသာ သိကြမှာပါ။ ဘာလို့ဒီလိုပြောရသလဲဆိုရင် သမိုင်းကြောင်းတွေကလဲ ရှိနေခဲ့လို့ပါဘဲ။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ၉ ရက်မှာ အင်ဒိုနီးရှားနိုင်က Lion Air ပိုင် Boeing 737-Max လေယာဉ် flight no 610 ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ပင်လယ်ထဲကို ထိုးစိုက်ပျက်ကျခဲ့ပါတယ်။
လေယာဉ်က အသစ်ဆိုတော့ အင်ဒိုကလူတွေ ညံ့လိုဘဲထင်ကြမှာပါ။ Boeing ဆိုတာကလဲ နာမည်ကြီးကုမ္ပဏီဆိုတော့ စက်ချို့ယွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဘလက်ဘောက်ကို ရှာတွေ့လို့စစ်ကြဆေးကြတော့မှ လေယာဉ်မှူးဟာလေယာဉ်ပျက်မကျအောင် အသည်းအသန်ကြိုးစားခဲ့ပေမဲ့ လေယာဉ်ကိုယ်တိုင် ဇောက်ထိုးဆင်းနေတယ်ဆိုတာ အလန့်တကြား တွေ့လိုက်ရပါတော့တယ်။
၂၀၁၉ မတ်လ ၁၀ ရက်နေ့မှာတော့ နောက်ထပ် Boeing 737 Max တစ်စီးဟာ ဒီပုံစံပဲပျက်ကျခဲ့ရပြန်ပါတယ်။ အီသီယိုးပီးယား လေကြောင်းရဲ့ အသစ်စက်စက်လေယာဉ်ပါ။ဖလိုက်နံပါတ်က ၃၀၂ ။
ဒီတစ်ခါလဲ ဘလက်ဘောက်က တူညီတဲ့အဖြေကိုပဲ ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေ မတိုင်ခင်က ပိုင်းလော့တစ်ချို့ဟာ လေယာဉ်ရဲ့ အလိုအလျောက်မောင်းစနစ် Auto Flight Control System ဟာ ချို့ယွင်းချက်တချို့ရှိကြောင်း တင်ပြခဲ့ကြပေမဲ့ ဘယ်သူမှ အရေးတယူမရှိခဲ့ကြပါဘူး။ Boeing ဟာ ဒီကိစ္စကိုသိရှိပေမဲ့လဲ software ပိုင်းအသေးစားပြုပြင်မှုလုပ်ရင်ရပြီလို့ ယူဆထားခဲ့ပါတယ်။
လအနဲငယ်အတွင်း လေယာဉ်နှစ်စီးနဲ့လူပေါင်း၃၀၀ ကျော် ပျက်ဆီးခဲ့ရပါပြီ။ လျင်တာက တရုပပါ။သူ့ဆီက Boeing 737 Max မှန်သမျှ grounded မြေပြင်မှာ ရပ်ခိုင်းထားပါတယ်။
လေယာဉ်ရဲ့ MCAS ဟာ လေယာဉ်ကို စိုက်ဆင်းအောင်ပြုလုပ်နေတယ်လို့ ပိုင်းလော့တွေက အသံကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ တစ်ချို့က Boeing 737 Max ဆိုရင် မမောင်းနိုင်ဘူးလို့ ငြင်းဆိုတဲ့အထိဖြစ်လာပါတယ်။
အမေရိကန်ရဲ့ FAA ကတော့ ငြိမ်နေတုံးပါဘဲ။ ဩစတေးလျ၊ စင်ကာပူနဲ့မလေးတို့ကပါ သူတို့ရဲ့ Boeing 737 Max တွေကို ရပ်လိုက်တဲ့အခါမှာလဲ FAA ဟာ ငြိမ်သက်ဆဲပါ။
ဒါပေမဲ့ MCAS အကြောင်း အီသီယိုးပီးယား လေကြောင်းပျက်ကျမှုအပြီးမှာ သိလိုက်ရတဲ့ ယူအက်စ် သမ္မတ ထရမ့်က Boeing 737 max အားလုံးမြေချဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။
ဒါဟာ သမိုင်းမှာ သမ္မတတစ်ဦးက ထုတ်လို့လေယာဉ်တွေ ရပ်နားရတဲ့ထူးခြားအဖြစ်အပျက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ Boeing လဲ မနေသာတော့ဘဲ ဒီ MCAS အမှုကိုစစ်ဆေးရပါတော့တယ်။
ဒီနေရာမှာ တစ်ခုပြောစရာရှိတာက Boeing ဆိုတာ သိက္ခာရှိ စက်မှုကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာတလွှား နာမည်ကျော်ကြားတဲ့သူပါ။ Safety ဆိုတာကလဲ သူတို့ရဲ့ ပင်မ ကျောရိုးပါ။ဒါဆိုရင် ဘာကြောင့်ခုလို နှောင့်နှေးနေခဲ့ရတာပါလဲ။
စတော့ရှယ်ယာဈေးကွက်ကြောင့်လို့ဆိုရင် ဘာဆိုင်လို့လဲလို့ပြောမဲ့သူတွေ ရှိမှာပါ။ ဟုတ်ပါတယ် ကုမ္ပဏီတွေဟာ စတော့ရှယ်ယာများဖို့ ကြိုးစားကြပါတယ်။ဈေးကွက်မှာ ရှယ်ယာဈေးကောင်းမှ ရင်းနှီးမြှုပ်နှံသူများမှာပါ။ ရှယ်ယာဈေးကောင်းဖို့ကလဲ ကုမ္ပဏီစာရင်းမှာအမြတ်အစွန်း များကြောင်းပြနိုင်ရပါမယ်။
ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ Boeing ဟာ ရှယ်တွေကို Macdonald Douglas ကိုရောင်းချခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်အစွန်းကိုသာ အဓိကမို့ Boeing ဟာလဲ သူတို့အလိုကြ ပြောင်းလဲမှုတွေလုပ်ရပါတယ်။
အရည်အသွေးထက် အရေအတွက်ကို ပိုလာရရယ် စရိတ်စကလျော့ချဖို့ အလုပ်သမားနဲ့ လုပ်ခလျော့ချမှုတွေ ပြုလုပ်ရပါတော့တယ်။၊ အရည်အသွေးစစ်ဆေးသူလျော့ချမှုဟာ ပိုမိုဆိုးရွားတဲ့အကျိုးဆက်တွေကိုဖြစ်စေခဲ့တာပါ။
Boeing ဟာ ဒီ MCAS ပြဿနာကို နောက်မှ software version အသစ်ထုတ်ပြီးတိုးတိုး တိတ်တိတ် ဖြေရှင်းဖို့ စဉ်းစားထားတာပါ။ ကန့်ကွက်သူ တင်ပြသူတွေဟာ အလုပ်ထုတ်ခံရပါတယ်။ကံမကောင်းရှာတဲ့ လူ ၃၀၀ နဲ့ လေယာဉ်နှစ်စင်းဟာ ပျက်ဆီးကြေမွခဲ့ရပါတယ်။ တကယ်လို့ ဒီလေယာဉ်တွေကို မပြုပြင်ဘဲ ဆက်လက်ပျံသန်းဖို့ခွင့်ပြုထားမယ်ဆိုရင် မတွေးဝံ့စရာပါ။
ခု တရုပ်လေယာဉ်ကတော့ Boeing 737-800 အမျိုးအစားဆိုတော့ မျိုးကွဲဖြစ်လို့ အဖြေရှာတွေ့ရှိချက် မှန်ကန်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။