ပူတင်ရဲ့ ပိုင်ဆိုင်မှုများ

ပူတင်ရဲ့ ပိုင်ဆိုင်မှုများ

ရုရှားသမ္မတ ပူတင်ဟာ ကမ္ဘာ့အချမ်းသာဆုံးသူလို့ဆိုရင် အံ့ဩစရာမရှိပါဘူး။ ခုသူဘယ်လောက်ချမ်းသာတယ်၊ ဘာတွေပိုင်ဆိုင်တယ်ဆိုတာ ကြည့်ကြရအောင်ပါ။

၁။ ရွှေ အိမ်သာ

ဟုတ်ပါတယ် ရွှေသားအစစ်နဲ့ပြုလုပ်ထားပြီး ထိုင်ခုံမှာ အပူပေးစနစ် ထဲ့သွင်းထားတဲ့အပြင် သီချင်းလဲနားထောင်လို့ရပါတယ်တဲ့။ ပူတင်ရဲ့ လေယာဉ်တစီးပေါ်မှာရှိပြီး တန်ဖိုးက ဒေါ်လာ ၇၅၀၀၀ တန်ပါတယ်။

၂။ အဝတ်ဘီရို

ပူတင်ဟာ အဝတ်အစားကို စမတ်ကျကျ ဝတ်ဆင်သူပါ။ အနက်ရောင် ကုတ်အင်္ကျီ နဲ့ အရောင်မှိုင်းတဲ့ လည်စီးကို နှစ်သက်ပါတယ်။ ဒါကြောင့်သူ့ကို Man in Black လို့နံမည်ပြောင်‌ ပေးထားပါတယ်။

ဘီရိုက ဒေါ်လာ ၁၀၀၀၀၀ လောက်တန်ကြေးရှိပြီး ဝတ်စုံတစ်ခုကို ဒေါ်လာ ၅၀၀၀ လောက်တန်ပါတယ်။ သူက အီတာလျံ ဝတ်စုံကို နှစ်သက်ပြီး အထူးသဖြင့် Brioni တံဆိပ်ကို ပိုကြိုက်ပါတယ်။ သူရဲ့ Loro piana ဂျာကင် တန်ဖိုးတင် ဒေါ်လာ ၁၂၀၀၀ တန်ပါတယ်။

၃။ နာရီ

ပူတင်ရဲ့နာရီတွေတန်ဖိုးကလဲ မသေးပါဘူး။ ဒေါ်လာ၁.၃၆ သန်းဖိုးလောက်ရှိပါတယ်။ ဒီထဲကမှ ဈေးအကြီးဆုံးနာရီကတော့ Lange & so”hne tourbograph အမျိုးအစားပါ။

မိကျောင်းသားရေ လက်ပါတ်ကြိုးနဲ့ ဝတ်ဆင်ရပါတယ် တန်ဖိုးက ဒေါ်လာ ၄၇၀၀၀၀ ရှိပါတယ်။ ရွှေဖြူနဲ့ လုပ်ထားတဲ့ patek Phillip နာရီကလဲတန်ဖိုး ဒေါ်လာ ၆၁၀၀၀ ပါ။ Breguet Marine နာရီကတော့ ၁၅၀၀၀ တန်ပါတယ်။ဒါ့အပြင် Blancpane Leman Aqua တံဆိပ် နာရီလဲရှိပါတယ်။သူက ၁၁၀၀၀ ဒေါ်လာပါ။

၄။ ဇိမ်ခံကား

ဒေါ်လာသန်းချီတန်တဲ့ကားတွေ အစီး ၇၀၀ လောက်ရှိတယ်ဆိုတာ ပုံပြင်မဟုတ်ပါဘူး။ Aurus Senat Limousine တစ်စီးကတင် ၁. ၂ သန်းလောက် တန်ပါတယ်။ GAZelle Limousine ဆိုရင် ပူတင့်အတွက် သီသန့်ထုပ်လုပ်ပေးထားပါတယ်။ ဆူပါကားတွေအများကြီးထဲမှာ Formula I ပြိုင်ကားတောင် ပါပါသေးတယ်။ သူတစ်ခါလောက်မောင်းဖို့ပါ။

၅။ လေယာဉ်

ဒေါ်လာသန်းတစ်ထောင်ဖိုးလောက်ရှိတဲ့ လေယာဉ်ကြီးတွေ၊ ဟယ်လီကော်ပတာတွေကို လဲပိုင်ဆိုင်ပါတယ်။ အတိအကျဆိုရင် လေယာဉ် ၅၈ စီးနဲ့ ဟယ်လီကော်ပတာတွေပါ။ ဒီထဲမှာ ကမ္ဘာပျက် ရင် စီးဖို့ဆိုတဲ့ဒေါ်လာ ၇၁၆ သန်းတန်လေယာဉ်တစီးကတော့စပါယ်ရှယ်ပါ။ သူ့ကို Flying Kremlin လို့နံမည်ပေးထားပါတယ်။

ပူတင်ဟာ ကားထက် ဟယ်လီကော်ပတာကို ပိုကြိုက်ပါတယ်။ သူ့မှာ ရုရှားလုပ် MI -8 ရဟတ်ယာဉ်တွေ ရှိပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၄ သန်းဖိုးလောက်ရှိပါတယ်။

၆။ Black Sea Palace

ပင်လယ်နက် စံအိမ်လို့ခေါ်ရမလားဘဲ။ နန်းတော်ကြီးတစ်ခုလုံးက ဒေါ်လာ ၁ . ၄ ဘီလီယံ တန်ပါတယ်။ ကော့တေးပါတီပွဲတွေဆင်နွှဲရာ နေရာဖြစ်ပြီး ကျယ်ဝန်းတဲ့အကခန်းမကြီး ပါရှိပါတယ်။

အကောင်းစား မာဘယ်ကျောက်များနဲ့ ပြုလုပ်ထားတဲ့ ရေကူးကန်လဲ ရှိပါတယ်။ခန်းမကျယ်ကြီးထဲမှာ ကက်စီနို ကစားဝိုင်းတွေ၊ ဝိုင်ပုလင်းထားဖို့ စင်တွေနဲ့ ပြဇာတ်စင်တစ်ခုတောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။

အတွင်းပိုင်းဒီဇိုင်းတွေကလဲ အပျံစား ပြင်ဆင်ထားပါတယ်။ အပြင်ဖက်မှာလဲ ရဟတ်ယာဉ်ကွင်း တွေရှိပါတယ်။ မြေအောက် ဟော်ကီကစားကွင်းတစ်ခု ပါဝင်ပြီး ဘုရားရှစ်ခိုးကျောင်းတစ်ခုပါရှိပါတယ်။ ဝန်ထမ်း ၄၀ ကပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်ပေးနေပါတယ်။

၇။ ရွက်လှေ

ပူတင်မှာ ရွက်လှေ လေးစီးလောက်ရှိပြီး တန်ကြေးဒေါ်လာ ၁. ၅ ဘီလီယံ ရှိပါတယ်။ သမ္မတ အနေနဲ့စီးတဲ့ရွက်လှေမှာဆိုရင် ရေကူးကန်နဲ့ အနှိပ်ခန်းပါရှိပါတယ်။ ဘာဘီကျူး မီးဖိုပါတဲ့အပြင် အိပ်ခန်းလေးခုပါပါတယ်တဲ့ ။

ချယ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ကလဲ ပူတင်ကို ဒေါ်လာ ၃၅ သန်းတန် ရွက်လှေတစ်စီး လက်ဆောင်ပေးခဲ့ဘူးပါတယ်။

၈။ အနုပညာလက်ရာများ

ပူတင်ဟာ အနုပညာလက်ရာတွေနဲ့ ပန်းချီကားတွေလဲ ပိုင်ဆိုင်ထားပါတယ်။အရေအတွက် ထောင်ကျော်ပါ။ နံမည်ကျော်ပန်းချီဆရာတွေရဲ့ လက်ရာတွေပါဝင်ပြီး အားလုံးကို မော်စကိုမြို့ရဲ့ အဆောက်အဦတစ်ခုမှာ ထိန်းသိမ်းထားပါတယ်။

ရဲနဲ့အရပ်ဖက်လုံခြုံရေးတွေ အချိန်ပြည့် စောင့်ကြပ်ထားပါတယ်။ အချို့အဆိုအရ ရုရှားတော်လှန်ရေးအတွင်း ဝှက်ထားတဲ့အဖိုးတန်ပစ္စည်းတွေလဲ ပါဝင်နေတယ်လို့ သိရပြီး ၁၉၆၈ လောက်မှာပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

၉။ စတော့ရှယ်ယာ

ဒေါ်လာဘီလီယံချီတဲ့ အစုရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ပူတင်ဟာ ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းတချို့ကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ရုရှားရဲ့အကြီးဆုံးရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီ Gazprom မှာ ပူတင်ဟာ ၃၇ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

ဒီလောက်ဆို ပူတင်ရဲ့ ကြွယ်ဝမှု အကြောင်း သိလောက်မယ်ထင်ပါတယ်။

Leave a Reply

Your email address will not be published.