ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြား ရိုးရာဓလေ့များ

ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြား ရိုးရာဓလေ့များ

ကမ္ဘာတစ်ဝန်းမှာ နိုင်ငံပေါင်းများစွာရှိကြသည်။ နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် လူမျိုးစုများစွာရှိကြပါသည်။ လူမျိုးစုတစ်စုစီတိုင်းမှာ ရိုးရာယဉ်ကျေးမှုနှင့် ကိုးကွယ် သည့်ဘာသာအယူဝါဒများလည်း ကွဲပြားခြားနားမှုရှိသည်။

ထို့ကြောင့် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မတူညီသည့် ရိုးရာဓလေ့များလည်း ရှိကြမည်မှာ အမှန်ပင် ဖြစ်သည်။ ဥပမာ – အီဂျစ်နိုင်ငံတွင် သတို့သမီးကို မင်္ဂလာပွဲမတိုင်ခင်မှာ သူမ၏ သူငယ်ချင်းများ ဝိုင်းဆိတ်ခြင်းကိုခံလိုက်ပါက ကံကောင်းသည်ဆိုသည့် ရိုးရာ ဓလေ့ပင်ဖြစ်သည်။

ထို့ကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသည့် ထူးခြားဆန်းပြားသောရိုးရာဓလေ့များ ကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ရပါသည်။

(၁) ကောက်ပဲသီးနှံထွက်ရန်အတွက် သစ်သားတာဝါတိုင်ကနေ ခုန်ချရသည့် နိုင်ငံ

Vanuatuနိုင်ငံက Pentecost ဆိုသည့် ကျွန်း ပေါ်တွင် ကောက်ပဲသီးနှံများ ကောင်းစွာထွက်ရှိအောင် လုပ်ကြသည့် ရိုးရာအစဉ်အလာတစ်ခုရှိသည်။ ယင်း အစဉ်အလာမှာ ခြေချင်းဝတ်တွင် နွယ်ပင်များကိုချည် နောင်ပြီး သစ်သားတာဝါတိုင်ပေါ်မှ ခုန်ချရခြင်းဖြစ် သည်။

ထိုသို့ခုန်ချခြင်း အားဖြင့် ယောက်ျားတစ်ယောက် ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုကောင်းမွန်စေ ပြီး ကောက်ပဲသီးနှံရာသီတွင် သီးနှံအထွက်တိုးစေလိမ့် မည်ဟု လက်ခံယုံကြည်ထားကြသည်။

(၂) အရွယ်ရောက်လာလျှင် ပုရွက်ဆိတ်ကိုက်ခံရသည့် နိုင်ငံ

ဘရာဇီးနိုင်ငံက Satere-Mawe ဆိုသည့် မျိုး နွယ်စုတွင် ယောက်ျားလေးများက အရွယ်ရောက်လာ ပြီဆိုလျှင် Bullet Ant ဆိုသည့် ပုရွက်ဆိတ်များပြည့် နေသော လက်အိတ်ကို ဝတ်ဆင်ကြရပါသည်။ယင်းပုရွက်ဆိတ်များက ကိုက်လျှင်အရမ်းနာသည့် အင်းဆက် များထဲက တစ်ခုအပါအဝင်ဖြစ်သည်။

(၃) နှင်းဆီအဝါ မပေးရသည့် နိုင်ငံ

မက္ကဆီကိုနိုင်ငံမှာ နှင်းဆီအပါကိုပေးခြင်းမပြုလုပ်ရပါ။ နှင်းဆီပန်း တိုင်းကလှသည်ဆိုသော် လည်း တချို့နိုင်ငံများမှာ ပန်း၏အရောင်ကိုလိုက်၍ အဓိပ္ပာယ်အမျိုးမျိုးသတ်မှတ်ထားကြသည်။

အဘယ် ကြောင့်ဆိုသော် မက္ကဆီကိုနိုင်ငံတွင် နှင်းဆီအဝါသည် သေခြင်းဟု အဓိပ္ပာယ်ရသောကြောင့်ဖြစ်သည်။ ထို့ ကြောင့် မက္ကဆီကိုနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဆိုပါက ယင်းရိုးရာဓလေ့ကို သိရှိထားရမည်ဖြစ်သည်။

(၄) လက်ထပ်ပြီးစ ဇနီးမောင်နှံများ သန့်စင်ခန်းသုံးခွင့်မရှိသည့် နိုင်ငံ

အင်ဒိုနီးရှားနိုင်ငံက Tidong မျိုးနွယ်များတွင် ကျင့်သုံးသည့် ရိုးရာဓလေ့အစဉ်အလာ ဖြစ်ပါသည်။၎င်းဓလေ့တွင် လက်ထပ်ထားသည့်စုံတွဲများက လက် ထပ်ပြီး ၃ ရက်ကြာသည်အထိ သန့်စင်ခန်းသုံးခွင့်မရှိ ခြင်းဖြစ်ပါသည်။

ထိုဓလေ့ကိုမရှောင်ဘဲ သုံးလိုက်မိပါ က လက်ထပ်ထားသည့် စုံတွဲများသည် ကံဆိုးမှုများ နှင့် ကြုံတွေ့ရတတ်သည်ဟူ၍ အယူရှိကြပါသည်။ ကြင်စဦးစုံတွဲများကို အခြားမိသားစုဝင်များကပါရိုးရာ အစဉ်အလာမဖျောက်ဖျက်ရအောင် ဘေးကနေ စောင့် ကြပ်ကြည့်ရှုပေးကြသည်။

သန့်စင်ခန်းမသုံးရဆိုသည့် ရိုးရာဓလေ့ကို ထိန်းသိမ်းနိုင်ရန်အတွက် ထို ၃ ရက် အတွင်းတွင် ရေနှင့်အစားအစာများကို အနည်းငယ်သာ တိုက်ကြ၊ ကျွေးကြပါသည်။

(၅) မင်္ဂလာပွဲတွင် ကြွေထည်ပစ္စည်းများကိုခွဲရသည့် နိုင်ငံ

ဂျာမနီနိုင်ငံတွင် သတို့သား၊ သတို့သမီးများ သည် ကံကောင်းစေရန်ဆိုသည့်ရည်ရွယ်ချက်နှင့် ကြွေ ထည်ပစ္စည်းများကို ခဲ့ကြခြင်းဖြစ်သည်။ ပွဲပြီးလျှင် သတို့သားနှင့် သတို့သမီးတို့က ယင်းအမှိုက်များကို သန့်ရှင်းရေး ပြုလုပ်ကြရပါသည်။

ထိုသို့လုပ်ခြင်းဖြင့် ကံကောင်းခြင်းများရလာမည်၊ ပူးပေါင်းဆောင်ရွက်မှု ကို ကောင်းမွန်စေရန် အထောက်အကူပြုမည်ဟူသည့် သဘောကိုဆောင်ခြင်းကြောင့်ဖြစ်ပါသည်။

(၆) Toilet paper မသုံးရသည့် နိုင်ငံ

အိန္ဒိယနိုင်ငံတွင် အိမ်သာသုံး စက္ကူကို လိုက်ရှာမည်ဆိုပါက မောရုံပင်ရှိမည်ဖြစ်ပါသည်။ အိမ်သာသုံး စက္ကးအစား ရေပုံးသေသေးပင် တွေ့ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် အိန္ဒိယနိုင်ငံကို သွားရာက်လည်းပတ် မည်ဆိုပါက ဤရိုးများကို သိ ထားရန် လိုအပ်မည်ဖြစ်သည်။

(၇) နောက်ကျသည့်ထုံးစံကိုနှစ်သက်သည့် နိုင်ငံ

ဗင်နီဇွဲလားနိုင်ငံတွင် အစည်းအဝေးများ၊ ပါတီပွဲ များကို ကျင်းပသည့်အချိန်ကွက်တိသွားမိပါက မှားလိမ့် မည်ဖြစ်သည်။

ကျင်းပသည့်အချိန်ထက် နောက်ကျမှ ရောက်ခြင်းသည် ၎င်းတို့၏ ဓလေ့ထုံးစံပင်ဖြစ်ကြပါ သည်။ အဘယ်ကြောင့်ဆိုသော် နောက်ကျမှရောက်ခြင်းကို ကောင်းသည်ဟု မှတ်ယူထားကြသောကြောင့် ဖြစ် သည်။

(၈) ခွက်ချင်းတိုက်၍မရသည့်နိုင်ငံ

ဟန်ဂေရီနိုင်ငံကို အလည်အပတ်သွားလျှင် ဘားများမှာ သောက်ကြရင်းနှင့် ခွက်ချင်းတိုက်လေ့ မရှိကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ ခွက်ကို အသံမြည်အောင်တိုက်ခြင်းလည်း မရှိကြပါ။

၁၉၁၄ ခုနှစ် ကတည်းက စခဲ့သည့် ဓလေ့ရိုးရာအစဉ်အလာပင်ဖြစ် သည်။ ဟန်ဂေရီကိုတိုက်နိုင်ဖို့ အတွက် ဩစတြီးယား များက ခွက်ချင်းတိုက် အောင်ပွဲခံခဲ့ကြသည်။

ထို့ကြောင့် ဟန်ဂေရီလူမျိုးများက ခွက်ချင်းတိုက်ခြင်းကို ရှုတ်ချခဲ့ ကြသည်။ ထိုအစဉ်အလာကို ရှောင်လာကြသည်မှာ နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ ဟန်‌ဂေရီကို အလည်အပတ်သွားမည်ဆိုပါက ဤအချက်ကို သတိပြုဆင်ခြင် ရမည်ဖြစ်သည်။

(၉) ပရိဘောဂများကို လွှင့်ပစ်သည့်နိုင်ငံ

နှစ်သစ်ကူးချိန်ရောက်တိုင်း တောင်အာဖရိကနိုင်ငံတွင်လုပ်လေ့ရှိ သော ထူးဆန်းသည့်ဓလေ့တစ်ခုရှိပါ သည်။ အခြားသော နိုင်ငံများမှာ နှစ်သစ်ကို မီးပန်းဖောက်၍ကြိုဆိုကြ သော်လည်း တောင်အာဖရိကနိုင်ငံတွင် ကိုယ့်အိမ်ရှိ ပရိဘောဂပစ္စည်းများကို ပြတင်းပေါက်မှတစ်ဆင့် လွှင့်ပစ်သည့် နည်းလမ်းနှင့် နှစ်သစ်ကို ကြိုဆိုကြပါ သည်။

(၁၀) Single ဘဝတွင် ရယ်ရွှင်စရာဦးထုပ်ကို ဆောင်းရသည့်နိုင်ငံ

ပြင်သစ်နိုင်ငံတွင် နိုဝင်ဘာလ ၂၅ ရက်ရောက် တိုင်း Saint Catherine ပွဲကို ကျင်းပကြသည်။ အကယ်၍ အသက် ၂၅ နှစ်ပြည့်ပြီး လက်မထပ်ရသေးသူ အမျိုးသမီးဖြစ်နေပါက အစိမ်းနှင့် အဝါရောင်ရှိသည့် ရယ်စရာဦးထုပ်ကိုဆောင်းရမှာဖြစ်သည်။ ဤသည်မှာ ပညာရှိမှုနှင့် သစ္စာရှိမှုကို ပြသခြင်းဖြစ်သည်။

(၁၁) အစည်းအဝေးပွဲများကို ချွေးထုတ်ခန်းမှာလုပ်သည့်နိုင်ငံ

ဖင်လန်နိုင်ငံရှိ ချွေးထုတ် ခန်းများသည် ၎င်းတို့၏ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာကိစ္စများနှင့်ပက် သက်သည့် အစည်းအဝေးပွဲများကို ချွေးထုတ်ခန်းများတွင်ပြုလုပ်လျက် ရှိကြသည်။ ဤသည်မှာ ဖင်လန် နိုင်ငံ၏ဓလေ့ပင်ဖြစ်သည်။

(၁၂) မင်္ဂလာပွဲတွင် ငိုရသည့်နိုင်ငံ

အခြားသောနိုင်ငံများတွင် မင်္ဂလာပွဲ၌ ပျော်ရွှင် ကြရသော်လည်း တရုတ်နိုင်ငံတွင် ထိုကဲ့သို့မဟုတ်ကြ ပါ။ တရုတ်ရိုးရာအစဉ်အလာအရ သတို့သမီးက လက် မထပ်ခင်တစ်လတွင် ငိုကြွေးရပါသည်။

ထို့နောက် တွင်မှ သတို့သမီးအမေနှင့် ဆွေမျိုးများက ဝိုင်းပြီး ငိုကြွေးကြရသည်။ ဤသို့ပြုလုပ်ခြင်းလေသည် သတို့သမီး၏ အနာဂတ် အိပ်‌ထောင်ရေးအတွက် ဝမ်းသာမှုကို ပြသည့်အနေနှင့် ငိုပေးရခြင်းဖြစ်သည်။

(၁၃) ဘယ်လက်မသုံးရသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တစ်စုံတစ်ဦး ကို နှုတ်ဆက်မည်ဆိုပါက ဘယ်လက်ကို အသုံးပြု၍မရ ပါ။ ၎င်းအပြုအမူသည် ရိုင်းသည်၊ မယဉ်ကျေးဘူး ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။

ထိုမျှမက ညစာ စားပွဲတွင် ဘယ်လက်သုံးလျှင် ရိုင်းသည်ဟု သတ်မှတ် ထားကြပါသည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ များကိုသွားရောက်လည်ပတ်မည်ဆိုပါက ဘယ်လက် ကိုအသုံးမပြုမိစေရန် သတိပြုရမည့်အကြောင်းရေး သားတင်ပြလိုက်ရပါသည်။

သင်ရော ဘယ်ဓလေ့စရိုက်တွေကို သဘောကျလဲ ပြောခဲ့ပါဦး။

Author -ဟန်မင်းဆက်

Leave a Reply

Your email address will not be published.