ကမ္ဘာ့အကြီးဆုံးကျွန်းများ

ကမ္ဘာ့အကြီးဆုံးကျွန်းများ

ကမ္ဘာတစ်ဝန်းရှိ ကျွန်းအနည်းငယ်သည် အလွန်ကြီးမားပြီး အများစုမှာ နိုင်ငံများဖြစ်သည်။ သြစတြေးလျသည် နည်းပညာအရ ကျွန်းတစ်ကျွန်းဖြစ်ပြီး ၎င်းသည် အခြားကုန်းမြေများနှင့် ဆက်စပ်မှုမရှိသောကြောင့် ၎င်းကို တိုက်ကြီးတစ်ခုအဖြစ် အသုံးပြုကြသည်။

တိုက်ကြီး ၇ တိုက်အနက် သြစတြေးလျတိုက်သည် အသေးဆုံးဖြစ်ပြီး ၂၉၆၉၉၇၆ စတုရန်းမိုင်၊ သို့မဟုတ် ၇၆၉၂၂၀၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။သို့သော်လည်း ကျွန်းဟုယူဆရမည်ဆိုလျှင် ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်။

အောက်ပါကျွန်းများသည် မြေထုထည်အပေါ် အခြေခံ၍ အကြီးဆုံးကျွန်း ၁ဝ ကျွန်းတွင် စာရင်းဝင်သည်။

(၁) ဂရင်းလန် (၈၃၆၃၃၀ စတုရန်းမိုင်/ ၂၁၆၆၀၀၆ စတုရန်းကီလိုမီတာ)

တက္ကဆက်ပြည်နယ်၏ အရွယ်အစားထက် ၃ ဆကြီးမားသော ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ယင်းဒေသတွင် ဒေသတွင်းကိစ္စများကို အထူးအလေးထားဆောင်ရွက်ပါသည်။ ယင်းဒေသရှိ နေထိုင်သောလူများသည် အဓိကအားဖြင့် အက်စကီးမိုး လူမျိုးများ ဖြစ်ကြသည်။

(၂) နယူးဂီနီ (၃၁၇၁၅၀ စတုရန်းမိုင်/ ၈၂၁၄၀၀ စတုရန်းကီလိုမီတာ)

တစ်နှစ်လျှင် လက်မ ၃ဝဝ ထက်ကျော်လွန်သော မိုးရေချိန်ကြောင့် နယူးဂီနီ၏ Fly-Digul နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကုန်းမြင့်များသည် ကမ္ဘာပေါ်တွင် အစိုစွတ်ဆုံးနေရာများထဲတွင်ပါဝင်ပြီး လူနေမှုအနည်းဆုံးအရပ်ဒေသထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

(၃) ဘော်နီယို (၂၈၈၈၆၉ စတုရန်းမိုင်/ ၇၄၈၁၆၈ စတုရန်းကီလိုမီတာ)

ထူထပ်သော မိုးသစ်တောများစွာ ဖုံးလွှမ်းထားသော ဘော်နီယိုသည် ကမ္ဘာပေါ်တွင် အကြီးဆုံး မွန်းစတားပန်း(Rafflesia Arnoldii) အပါအဝင် ကမ္ဘာ့မျိုးစိတ်အစုံဆုံး သစ်ပင်ပန်းမန်များနှင့် သားရဲတိရစ္ဆာန်အချို့ကို ပိုင်ဆိုင်ထားသည်။

(၄) မာဒါဂါစကာ (၂၂၆၇၅၆ စတုရန်းမိုင်/ ၅၈၇၂၉၅ စတုရန်းကီလိုမီတာ)

အာဖရိက ကမ်းရိုးတန်းမှ မိုင် ၂၅ဝ အကွာတွင်ရှိသော မာဒါဂါစကာသည် Lemur မျိုးစိတ် ၄၀ နီးပါး (တကယ်တော့ Lemur မျိုးစိတ်အားလုံးသည် မာဒါဂါစကာမှ ဖြစ်သည်) နှင့် လိပ်ပြာမျိုးစိတ် ၈၀ဝ အပါအဝင် အလွန်ထူးခြားသော တောရိုင်းတိရစ္ဆာန်များနေထိုင်ရာ ကျွန်းဖြစ်သည်။

(၅) Baffin (၁၉၅၉၂၈ စတုရန်းမိုင်/ ၅၀၇၄၅၁ စတုရန်းကီလိုမီတာ)

ကနေဒါနိုင်ငံ မြောက်ပိုင်း Nunavut ပိုင်နက်တွင်တည်ရှိသော ကနေဒါရှိ အကြီးဆုံးကျွန်း Baffin ကို ၁၇ ရာစု အင်္ဂလိပ်ရေကြောင်းပြ William Baffin မှ အမည်ပေးခဲ့ ခြင်းဖြစ်သည်။ ကမ်းရိုးတန်းကျေး ရွာအနည်းငယ်မှလွဲ၍ လူသူကင်းမဲ့သည်။

(၆) ဆူမတြာ (၁၇၁၀၆၉ စတုရန်းမိုင်/ ၄၄၃၀၆၆ စတုရန်းကီလိုမီတာ)

မလေးကျွန်းစုရှိ Greater Sunda ကျွန်းစုများတွင် ဒုတိယအကြီးဆုံးဖြစ်သော ဆူမတြာ၏ အမျိုးသားဥယျာဉ် ၃ ခုဖြစ်သည့် Mount Leuser, Kerinci Seblat & Bukit Barisan Selatan တို့ကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၂ဝဝ၄ ခုနှစ်တွင် စုပေါင်းသတ်မှတ်ခဲ့သည်။

(၇) ဟွန်ရှူး (၈၇၉၉၂ စတုရန်းမိုင် / ၂၂၇၈၉၈ စတုရန်းကီလိုမီတာ)

ဂျပန်နိုင်ငံ၏ အဓိကကျွန်း ၄ ကျွန်းတွင် အကြီးဆုံးဖြစ်ပြီး ဟွန်ရှူးကျွန်းတွင် နိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ဖူဂျီတောင်နှင့် အကြီးဆုံးအိုင်ဖြစ်သည့် Biwa ကန်တို့ တည်ရှိသည်။

(၈) ဗစ်တိုးရီးယားကျွန်း (၈၃၈၉၆ စတုရန်းမိုင်/ ၂၁၇၂၉၁ စတုရန်းကီလိုမီတာ)

ကနေဒါအာတိတ်ကျွန်းစုတွင်တည်ရှိသော ကမ္ဘာ့အကြီးဆုံးကျွန်း၏ အဓိကအစိတ်အပိုင်းက ကျွန်းတစ်ကျွန်းအတွင်းတွင် ပါဝင်နေခြင်းသည် ထူးခြားချက်ဖြစ်သည်။

(၉) ဂရိတ်ဗြိတိန် (၈၀၈၂၃ စတုရန်းမိုင်/ ၂ဝ၉၃၃၁ စတုရန်းကီလိုမီတာ)

ဂရိတ်ဗြိတိန်တွင် အင်္ဂလန်၊ စကော့တလန်နှင့် ဝေလနယ်တို့ပါဝင်သည်။ ၎င်းသည် မြောက်အိုင်ယာလန်နှင့် ကမ်းလွန်ကျွန်းငယ်များစွာလည်းပါဝင်သည့် ယူနိုက် တက်ကင်းဒမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

(၁၀) Ellesmere (၇၅၇၆၇ စတုရန်းမိုင်/၁၉၆၂၃၆ စတုရန်းကီလိုမီတာ)

ကနေဒါ အာတိတ်ကျွန်းစုတွင် တည်ရှိသော လူသူကင်းမဲ့ကျွန်းကို ၁၈၅၂ ခုနှစ်တွင် Francis Egerton အတွက် Ellesmere ၏ ပထမဗြိတိသျှမှူးမတ်သူကောင်းဘွဲ့အမည်ပေးခဲ့သည်။ ၁ဝ ရာစုတွင် ဗိုက်ကင်းများလာရောက်လည်ပတ်ခဲ့သည်ဟု ယူဆရသည်။

Author- ပြည့်စုံထက်ကျော်
From Knowledge Light Magazine
Source: The Largest Islands in the World.

Leave a Reply

Your email address will not be published.