ကမ္ဘာပေါ်က မယုံကြည်နိုင်ဖွယ်ရာ အမျိုးသမီးများ

ကမ္ဘာပေါ်က မယုံကြည်နိုင်ဖွယ်ရာ အမျိုးသမီးများ

လူသားအများစုသည် မိမိတို့ သွားရောက်သည့် မည်သည့်နေရာတွင်မဆို မိမိတို့ကို လူအများက အာရုံစိုက်ခြင်းကို ရရှိလိုကြသည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထူးခြားမှုများကြောင့် ဤကမ္ဘာပေါ်တွင် လူသိများထင်ရှားပြီး အများ၏ အာရုံစိုက်ခြင်းကိုရရှိကြသည့် အမျိုးသမီး ၅ ဦးကို ရွေးချယ် ဖော်ပြလိုက်ပါသည်။

(၅) ဘစ်ဘီရှိုင်း (အကြီးဆုံးရင်သားပိုင်ရှင် အမျိုးသမီး)

ဘီရှိုင်း (Big Beshine)သည် အသက် ၃၉ နှစ်အရွယ် ဥရောပသူတစ်ဦးဖြစ်ကာ သူ့ကို လူသိအများဆုံးအချက်သည် ကမ္ဘာပေါ်တွင်အကြီးမားဆုံးသော ရင်သားရှိနေခြင်းကြောင့်ဖြစ်သည်။

သူ၏ရင်သားတစ်ဖက်စီသည် အလေးချိန် ၄၂ ပေါင်စီရှိ၍ အရွယ်အစားသည် ယုံနိုင်ဖွယ်မရှိအောင် အလွန့်အလွန်ကြီးမားနေပေသည်။ ထို့ကြောင့် သူသည် မည်မျှခက်ခဲစွာနေထိုင်ရမည်ကို စဉ်းစားမိနိုင်ကြသည်။

ဓာတ်ပုံတွင် ပြသထားသည့် သူ၏ရင်သားများသည် ဓာတ်ပုံကို ပြုပြင်ထားခြင်း မဟုတ်ဘဲ ရင်သားအစစ်အမှန်များဖြစ်ပေသည်။

(၄) အက်ရှာမန်ဒီလာ (Asha Mandela)၊(ဆံပင်အရှည်ဆုံးအမျိုးသမီး)

ဝေါ့ဒစ္စနေးရုပ်ရှင်လုပ်ငန်းက ၂၀၁၀ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့သည့် Tangled ဇာတ်ကားထဲမှ အလွန်ဆံပင်ရှည်လျားသည့် သရုပ်ဆောင် ရာပွန်ဇယ်လ် ကဲ့သို့ ဆံပင်အလွန်ရှည်သည့် အမျိုးသမီးသည် ပြင်ပတွင် အမှန်ပင် ရှိနေသည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ အက်ရှာမန်ဒီလာအမည်ရှိ အမျိုးသမီး၏ ဆံပင်သည် ၅၅ ပေရှည်သဖြင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်အဖွဲ့က ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုး သမီးအဖြစ် မှတ်တမ်းတင်ခဲ့သည်။

သူသည် သူ၏ ဆံပင်ရှည်လျားနေပုံကို အလွန်ဂုဏ်ယူကာ သူ့ကိုယ်သူ ‘အနက်ရောင် ရာပွန်ဇယ်လ်”ဟု ခေါ်ဆိုသည်။

(၃) ကင်မ်ဂွတ်မင်း (မျက်စိအပြူးနိုင်ဆုံးအမျိုးသမီး)

ကင်မ်ဂွတ်မင်း(Kim Goodman)သည် မျက်လုံးကို မျက်လုံးအိမ်မှ အပြင်သို့ အရှည်ဆုံးထုတ်နိုင်သူအမျိုးသမီးဖြစ်ကာ သူမျက်လုံးပြူးလျှင် မျက်လုံးသည် အပြင်သို့ ၁၂ မီလီမီတာ (လက်မဝက်နီးပါး) ထွက်လာသည်။

ထို့ကြောင့် သူသည် ကမ္ဘာပေါ်တွင် မျက်လုံးကို အပြင်သို့ အရှည်ဆုံး ဆန့်ထုတ်နိုင်သူအဖြစ် စံချိန်တင်ခဲ့သည်။ သူသည် မျက်လုံးပြူးနေချိန်၌ အမှန်ပင်ကြောက်မက်ဖွယ်အသွင် ကိုဆောင်နေပေသည်။

(၂) ဗလာရိယာ လူကြာနိုဗာ (Valeria Lukyanova ) (ဘာဘီရုပ်မလေး)

ရုရှားနိုင်ငံသူတစ်ဦး၏အလှသည် မယုံနိုင်ဖွယ်ရာဖြစ်ကာ သူသည် သက်ရှိ ဘာဘီရုပ်နှင့် တူညီနေသည်။ သူက သူ၏ ရင်သားများကို ပြုပြင်ခဲ့သော်လည်း ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လုံးလုံးလျားလျား မွေးရာပါအတိုင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူသည် ကိုယ်ကာယလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပြီး အစားအသောက်ကို အထူးဂရုပြုစားသုံးခဲ့သဖြင့် သူ၏ခန္ဓာကိုယ်က ကြော့ရှင်းနေခဲ့သည်။ ယင်းပြောဆိုမှုများသည် ယုံကြည်ရန်ခက်ခဲသော်လည်း ဗလာရီယာ လူကြာနိုဗာသည် ဘာဘီအရုပ်မလေးများနှင့် ချွတ်စွပ် တူညီနေပေသည်။

(၁) မာရီယာ ဂျို့စ် ခရစ်စ်တာနာ (Maria Jose Cristerna) ၊(သွေးစုပ်ဖုတ်ကောင်အမျိုးသမီး)

မက္ကဆီကိုနိုင်ငံမှ မာရီယာသည် တစ်ချိန်က သာမန်အမျိုးသမီးတစ်ဦးသာဖြစ်ခဲ့သော်လည်း သူသည် သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ရာထူးခြားမှုရှိစေရန်ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် သူ၏ပုံသွင်ကို သွေးစုပ်ဖုတ်ကောင်တစ်ကောင်နှင့်တူညီစေရန် ပြောင်းလဲခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဆေးမင်ကြောင်များထိုး၍ သွားများကို သွေးစုပ်ဖုတ်ကောင်နှင့်တူညီစေရန် ပြောင်းလဲခဲ့ကာ တိုက်တေနီယမ်အစွယ်များကို ဦးခေါင်းတွင်စိုက်ခဲ့သည်။

ထို့ပြင် မိမိအလိုရှိသည့်ပုံဖြစ်လာစေရန် များစွာသောခွဲစိတ်မှုများကို ပြုလုပ်ခဲ့ပြီး ယနေ့အချိန်တွင် သူသည် မယုံကြည်နိုင်ဖွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သံသယရှိဖွယ် မလိုတော့ပါချေ။ ။

Source: Top 10 Women You Won’t Believe Are Real.

Leave a Reply

Your email address will not be published. Required fields are marked *