အလုပ်အကိုင်အတည်တကျရဖို့အတွက် K-Pop အဆိုတော်တွေနှင့်တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူ
အလုပ်အကိုင်အတည်တကျရဖို့ ခက်ခဲနေတာ ရုပ်ရည်ကြောင့် သုံးသပ်ပြီး ကိုရီးယားအနုပညာရှင် K-Pop အဆိုတော်တွေနှင့်တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူ
ထရန်ဒန်ဖုချန်(Tran Dang Phuoc Cuong)ဆိုသူ ဗီယက်နမ်လူငယ်လေးက အလုပ်အကိုင် အခွင့်အလမ်းအတွက် ရုပ်ရည်သွင်ပြင်ချောမောလှပဖို့ လိုအပ်ချက် ကြီးမားတယ်လို့ ယူဆခဲ့ပြီးတဲ့နောက် ရုပ်ရည်ချောမော လှပစေရန် ၁၀ နှစ်ကျော်ကြာ ခွဲစိတ်ပြုပြင်တွေ ပြုလုပ်ခဲ့ပါတယ်။
သူဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ပလတ်စတစ် ဆာဂျရီလုပ်ပြီး သူရဲ့အသွင်အပြင်ကို တောင်ကိုရီးယားအနုပညာရှင်တွေရဲ့ ရုပ်ရည်ပုံစံမျိုးဖြစ်အောင် ခွဲစိတ်ပြုပြင်လာခဲ့တယ်လို့ သိရပါတယ်။
၂၀၀၉ ခုနှစ်မှာ သူရဲ့မိဘတွေ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရာမှာ ဖခင်ဆုံးပါးသွားခဲ့ရပြီး မိခင်ကလည်း လူမမာဖြစ် သွားခဲ့ရတာကြောင့် မိသားစုအတွက်စီး ပွားရှာဖွေဖို့ တရုတ်နိုင်ငံကို ပြောင်းရွေ့ကာ အလုပ်အကိုင် ရှာဖွေခဲ့ပါတယ်။
ဘာသာစကားကျွမ်းကျင်မှုရှိပေမယ့် အလုပ်အကိုင်အတည်တကျရဖို့ ခက်ခဲနေခဲ့ပြီး နောက်ဆုံးမှာတော့ သူရဲ့ ရုပ်ရည်ကြောင့်လို့ သုံးသပ်မိတာကြောင့် အချိန်ပိုင်းအ လုပ်တွေလုပ်ကာ ငွေစုပြီး သူရဲ့ရုပ်ရည်ကို ပြုပြင်ပြောင်းလဲနေခဲ့တာ ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့မှာ ဓာတ်ပုံမော်ဒယ်၊ ဖက်ရှင်မော်ဒယ်နဲ့ အကပညာရှင်အဖြစ် အလုပ် လုပ်ကိုင်မယ့် စိတ်ကူးရည်မှန်းချက်အတွက် သူရဲ့ရုပ်ရည် ပြည့်စုံဖို့လိုအပ်ပြီး မိမိ ကိုယ်မိမိ ယုံကြည်ချက်ပြည့်ဝဖို့ နာကျင်မှုတွေ အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ရတာလို့ လက်ရှိမှာ ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထရန်ဒန်ဖုချန်က ဆိုပါတယ်။
ဘဝတိုးတက်မှုအတွက်၊ ယုံကြည်ချက်ရှိဖို့အတွက် ပလတ်စတစ်ဆာဂျရီ လုပ်ချင်နေသူတွေကိုလည်း သူ့အနေနဲ့အားပေးပါတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ၎င်းက သူ့ရည်မှန်းချက်အတိုင်း ရှန်ဟိုင်းမှာ ဖက်ရှင်မော်ဒယ်အဖြစ် လုပ်ကိုင်နေတဲ့အပြင် ဗီယက်နမ်မှာလည်း ဖက်ရှင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေပြီလို့ သိရပါတယ်။