ဩစတေးလျပင်လယ်အော်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးအပင်

ဩစတေးလျပင်လယ်အော်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးအပင်

(ကမ္ဘာ့အကြီးဆုံးအပင်အဖြစ် သတ်မှတ်နိုင်သည့်အပင်ကို ဩစတေးလျသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထား)

ကမ္ဘာ့အကြီးဆုံးအပင်အဖြစ် သတ်မှတ်နိုင်သည့် အပင်ကို ဩစတြေးလျ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း သတင်းများတွင် ဖော်ပြထားချက်များအရ သိရပါတယ်။

အနောက်ဩစတြေးလျပြည်နယ်၊ ရှပ်ခ်ဘေးပင်လယ်အော် ရေပြင်အတွင်းရှိ ပင်လယ်မြက်ပင် အုပ်တစ်အုပ်ကို ကမ္ဘာ့အကြီးဆုံး အပင်အဖြစ် သတ်မှတ်နိုင်ကြောင်း ဩစတြေးလျနိုင်ငံ ဖလန်းပါစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့အဆိုအရ သိရခြင်း ဖြစ်ပါတယ်။

Posidonia Australis ခေါ် ပင်လယ်မြက်ပင်ဟာ အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းမိုင် ၇၇ မိုင်ခန့်ရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၅ဝဝ ခန့် ရှိပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားထားတယ်။

Posidonia Australis ပင်လယ်မြက်ပင်ဟာ ပုံတူပွားနိုင်စွမ်းရှိပြီး မျိုးရိုးတူ အပင်ငယ်များစွာ ဖန်တီးနိုင်မှုကြောင့် အရွယ်အစား လွန်စွာကြီးမားနေရခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားကြပါတယ်။

ရှပ်ခ်ဘေး ပင်လယ်အော် ရေပြင်ရဲ့ ဧရိယာစတုရန်းမိုင် ၇၇ မိုင်ခန့်ကို ဖုံးလွှမ်းထားသော အဆိုပါ ပင်လယ်မြက်ပင်များဟာ တစ်ခုတည်းသော ပင်စည်ကိုယ်ထည်မှ ပြာထွက်လာကြခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များအဆိုအရ သိရပါတယ်။

ပင်လယ်မြက်ပင်များဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ပင်လယ်ကမ်းရိုးတန်း ရေတိမ်ဒေသများ၊ ပင်လယ်ဝများ၌ ပေါက်ဖွားလေ့ရှိသော အပင်များ ဖြစ်ကြကြောင်းလည်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး အပင် _ World’s largest plant discovered in Australia
(ကမ္ဘာ့အကြီးဆုံး အပင်အဖြစ် သတ်မှတ်နိုင်သည့် အပင်ကို ဩစတေးလျ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထား)

Source – yadanarpon daily news

Leave a Reply

Your email address will not be published. Required fields are marked *