သဘာဝနှင့်လိုက်ဖက်ညီလှသည့် ရှားပါး တိရစ္ဆာန်များ
သဘာဝနှင့်လိုက်ဖက်ညီလှသည့် ရှားပါး တိရစ္ဆာန်များအကြောင်းကိုဖော်ပြ ပေးလိုက်ပါသည်။တစ်နည်းအားဖြင့် သတ္တလောကအတွင်း ကျင်လည် ကျက်စားကြသော သတ္တဝါများ အားလုံးသည် သဘာဝတရားနှင့်လိုက်ဖက်စွာနေထိုင် အသက်ရှင်ရန် ဖွဲ့စည်းမှုပုံသဏ္ဌာန်များရှိသည်ကိုလည်း တွေ့ရှိရပါသည်။
သဘာဝတရားက ဖန်တီးပေးထားသော ပုံစံများဖြင့် အမွေးအတောင် အသားအရေအရောင် များဖြင့်လည်းကောင်း၊ မိမိကို အန္တရာယ်ပေးနိုင်သည့် အရာများကို ရှောင်ပုန်းခြင်း၊ အနိုင်ယူခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။
ယခုတင်ပြပေးမည့်တိရစ္ဆာန်များကတော့ သဘာဝမှပေးထားသော ထူးခြားသည့် ပုံသဏ္ဌာန်နှင့် အသွေးအရောင်ရှိကြသော တိရစ္ဆာန်များကို စုစည်းဖော်ပြပေးခြင်းဖြစ်ပါသည်။
ပုံနှင့်တကွ ဖော်ပြပေးထားသည့် တချို့တိရစ္ဆာန်လေးများမှာ အမှန်ပင်ထူးခြားသောပုံစံနှင့် အသွေး အရောင်ရှိကြပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ထပ်တူကျနေကြသည်ကို တွေ့ရှိရမှာဖြစ်ပါသည်။
၁။ Dead Leaf Butterfly (သစ်ရွက်ခြောက်ပုံစံလိပ်ပြာ)
မြန်မာလို သီးသန့်အခေါ်အဝေါ်မတွေ့ရှိရသည့် အတွက် အနီးစပ်ဆုံးအမည်ကို သစ်ရွက်ခြောက်ပုံစံရှိ လိပ်ပြာလေးဟု ဖွင့်ဆိုလိုက်ပါတယ်။
ပုံတွင်မြင်တွေ့ ရ သည့်အတိုင်း အရောင်အသွေးစုံလင်လှပစွာရှိတတ်ကြသော လိပ်ပြာမျိုးများစွာရှိပေမဲ့ ၎င်းလိပ်ပြာလေး၏ ပုံစံကတော့ သဘာဝတရားနှင့်လိုက်ဖက်ညီစွာဖြစ်တည် နေသည့်အတွက် အမှန်ပင်ထူးခြားလှပါသည်။
၂။ Leafy Seadragon (ရေမှော်ပင်များနှင့်ပုံစံတူ ရေနဂါး)
ရေအောက်ကမ္ဘာရှိ ရေမှော်ပင်များနှင့်ပုံစံတူနေသော ရေနဂါးလေး ပင်ဖြစ်ပါသည်။ ၎င်းတို့ကို ဩစတြေးလျနိုင်ငံ၏သန္တာကျောက်တန်း၊ ကျောက်ဆောင်တွေမှာတွေ့ရှိရပါသည်။ ထူးခြားချက်မှာ ရေနေသတ္တဝါများအတွင်းမြင်တွေ့ ရခဲသော ရှားပါးရေနေ သတ္တဝါတစ်မျိုးဖြစ်ပါသည်။
၃။ Leaf Butterfly (သစ်ရွက်ပုံစံ ဓားခုတ်ကောင်)
ပုံတွင်မြင်တွေ့ ရသည့်အတိုင်း ကြည့်လိုက်လျှင် သာမန်သစ်ရွက်စိမ်းတစ်ရွက်ဟု ထင်စရာရှိပါသည်။ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ တကယ့်သစ်ရွက်များနှင့် ခန္ဓာကိုယ်ကိုဖွဲ့စည်းထားရှိပါသည်။
အတောင်တွေကအစ တကယ့်သစ်ရွက်ပုံစံမျိုးပင်ဖြစ်ပါသည်။ မျိုးနွယ်စိတ်မှာ လိပ်ပြာမျိုးနွယ်စိတ်မဟုတ်ဘဲ ဓားခုတ်ကောင်ဟု မြန်မာအခေါ် အင်းဆက် မျိုးနွယ်စိတ်လည်းဖြစ်ပါသည်။
ဇီဝဗေဒသဘော တရားအရ နာမည်အပြည့်အစုံမှာ Phyllidaen ဟုခေါ်ပါသည်။ ၎င်းတို့ကို တောင်အာရှ၊ အရှေ့ တောင်အာရှနှင့်ဩစတြေးလျတိုက်တို့တွင် တွေ့မြင်နိုင်သည့် အင်းဆက်မျိုးနွယ်စိတ်ပင်ဖြစ်ပါသည်။
၄။ Walking Leaves
မြန်မာလို တိုက်ရိုက်သီးခြားအမည်မရှိသည့် အတွက် Walking Leaves ဟုတိုက်ရိုက်ဖော်ပြ လိုက်ပါသည်။
ပုံတွင်မြင်တွေ့ရသည့်အတိုင်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံသဏ္ဌာန်မှာ တစ် ကောင်နှင့်တစ်ကောင်ပုံစံချင်းလည်းမတူပါပေ။ ရုတ်တရက်ကြည့်လျှင် အကောင်တစ်ကောင်ဟုပင် ထင်ချင်စရာမရှိဘဲ အရွက်များဖြင့်စုဖွဲ့ထား သော Walking Leaves ကို ယခုလိုမြင်တွေ့ရပါသည်။
၅။ Stone Fish (ကျောက်တုံးငါး)
ပုံတွင်မြင်တွေ့ရသည့်အတိုင်း တွေ့မြင်နေကျ ပုံစံမျိုးမဟုတ်သည့် ကျောက်တုံးနှင့် မှားယွင်းနိုင်သည့် ငါးတစ်မျိုးဖြစ်ပါသည်။ ၎င်းငါးကို ကျောက်တုံးငါးဟုလည်းခေါ်ဝေါ်ကြပြီး ရေနေမျိုးနွယ်စိတ် တွင် ကမ္ဘာ့အဆိပ်ပြင်းဝါးတစ်မျိုးလည်းဖြစ်ပါ သည်။
၎င်း၏အဆိပ်မိသွားပါက အထိတ်တလန့် ဖြစ်ကာ တစ်သျှူးကြွက်သားများ သေဆုံးစေပါသည်။ နာရီအနည်းငယ်အတွင်း နီးစပ်ရာဆေးရုံများကို မရောက်ရှိ ဆေးကုသမှု မပြုနိုင်ပါကအသက် သေဆုံး ရတတ်ပါသည်။
၎င်းတို့ကို ပစိဖိတ်သမုဒ္ဒရာနှင့်အိန္ဒိယ သမုဒ္ဒရာ အပူပိုင်းရေတိမ်သောနေရာနှင့် ပင်လယ်နီ သောင်ခုံကျောက်တန်းများတွင်တွေ့ရှိရပါသည်။
၆။ Uroplatus Phantasticus (သစ်ရွက်ခြောက်တောက်တဲ့)
ပုံတွင်မြင်တွေ့ ရသည့်အတိုင်း အမှတ်တမဲ့နေ တတ်သူများနှင့် သတိမထားတတ်သူများအတွက် သစ်ရွက်ခြောက်ဟု ထင်စရာရှိပါသည်။ သို့သော်လည်း သူ့ မျိုးနွယ်စိတ်က တောက်တဲ့မျိုးဝင်သော သစ်ရွက်ခြောက်တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါသည်။
၎င်းတို့ကို မာဒါဂါစကာနိုင်ငံအတွင်းမှာပဲ တွေ့ရှိရပါသည်။ မာဒါဂါစကာနိုင်ငံဟာ အာဖရိကတိုက် အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာတွင်းက ကျွန်းစုနိုင်ငံဖြစ်ပါသည်။
၎င်းသတ္တဝါ၏ ခန္ဓာကိုယ် အလျားအရှည်ကတော့ ၂ ဒသမ ၅ လက်မမှ ၆လက်မအထိရှည်လျားသောတောက်တဲ့မျိုးနွယ်စိတ် ဖြစ်ပါသည်။၎င်းတို့ရဲ့၏ ထူးခြားသောအသွင် သဏ္ဌာန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ် ကြပါသည်။ ဆေးဝါးအဖြစ်လည်း သုံးစွဲသလို အိမ်မွေး တိရစ္ဆာန်အဖြစ်လည်း မွေးမြူ ကြပါသည်။ ။
ခရက်ဒစ်-ရဲမာန်ခ