ဗြိတိန်က ယူကရိန်းနိုင်ငံကို တာဝေးပစ်ဒုံးကျည်များ ပံ့ပိုးမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြောကြား

ဗြိတိန်က ယူကရိန်းနိုင်ငံကို တာဝေးပစ်ဒုံးကျည်များ ပံ့ပိုးမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြောကြား

ဗြိတိန်နိုင်ငံက ကီလိုမီတာ ၈၀ (မိုင် ၅၀) အကွာရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စနစ်များကို ယူကရိန်းနိုင်ငံသို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဂေါ လက်စ်က ပြောကြားခဲ့ပါတယ်။

တင်ပို့မှုတွင် အမေရိကန်နိုင်ငံထုတ် M270 အတွဲလိုက်ဒုံးပစ်လောင်ချာများစွာ ပါဝင်မည် ဖြစ်ပါတယ်။ ဗြိတိန်က ယခုပံ့ပိုးရန်စီစဉ်ထားတဲ့ လက်နက်စနစ်အရေ အတွက်က‌တော့ သုံးစင်းဖြစ်လိမ့်မယ်လို့ သိရပါတယ်။

“ဒီစွမ်းရည်မြင့် အများအပြား ပစ်လွှတ်နိုင်တဲ့ ဒုံးပျံစနစ်တွေက ကျွန်ုပ်တို့ရဲ့ ယူကရိန်း မိတ်ဆွေတွေကို တာဝေးပစ် အမြောက်တပ်တွေရဲ့ ရက်စက်တဲ့ အသုံးပြု တိုက်ခိုက်ခံနေရမှုကနေ ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်စေမှာပါ။ ပူတင်ရဲ့ တပ်ဖွဲ့ဝင်တွေက မြို့တွေကို အမြောက်တွေနဲ့ပစ်ခတ် တိုက်ခိုက်နေကြပါတယ်”လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလက်စ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်စကိုရဲ့ နည်းဗျူဟာများ ပြောင်းလဲလာသည်နှင့်အမျှ ယူကရိန်းအတွက် ကျွန်ုပ်တို့၏ ပံ့ပိုးကူညီမှုလိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းအစိုးရရဲ့ အဆိုအရ လာမည့်သီတင်းပတ်များအတွင်း ဗြိတိန်တွင် M270 အသုံးပြုမှု သင်တန်းများတွင် ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးမည်ဖြစ်ပါတယ်။ ပေးပို့မှုကို ထုတ်ဖော်ကြေညာရာတွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များကို အရေးကြီးသော လက်နက်များပေးပို့နေရာ၌ ဗြိတိန် နိုင်ငံသည် ဦးဆောင်နေကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။

M270 ရဲ့ ပေါ့ပါးသော ဗားရှင်းစနစ်ဖြစ်တဲ့ M142 High Mobility Artillery Rocket Systems (HIMARS) အမြောက်၊ ဒုံးပျံပစ်လက်နက်စနစ်များကို ယူကရိန်းသို့ လေးစင်းပေးပို့မည်ဟု ဝါရှင်တန်က ပြောကြားပြီးနောက် တစ်ပတ်အတွင်း လက်နက်များပံ့ပိုးရန် လန်ဒန်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အဆိုပါ တာဝေးပစ်စနစ်များကို ရုရှားနိုင်ငံရှိ ပစ်မှတ်များအား တိုက်ခိုက်ဖျက်ဆီး ရန်အတွက် အသုံးမပြုကြောင်း ယူကရိန်းခေါင်းဆောင်များထံမှ အာမခံချက်ရရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ပြောကြားခဲ့ပါတယ်။

သို့သော် ရက်ပိုင်းအကြာမှာ ယူကရိန်း ထိပ်တန်းအရာရှိတစ်ဦးနှင့် ကိယက်ဖ် ဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့က ၎င်းအဆိုကိုဆန့်ကျင်ပုံပေါ်ပြီး ကရိုင်းမီး ယား နယ်မြေအပါအဝင် ယူကရိန်းတပ်ဖွဲ့များဟာ ၎င်းတို့ရဲ့ ပစ်မှတ်များကို လွတ် လပ်စွာ ရွေးချယ်နိုင်သည်ဟု ဆိုပါတယ်။

ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ဟာ ယူကရိန်းကို လက်နက်နှင့်ပတ်သက်ပြီး ထိပ်တန်းထောက်ခံသူများ ဖြစ်ကြသော်လည်း မကြာသေးမီထိ ၎င်းတို့နှစ်နိုင်ငံစလုံးက ကိယက်ဗ်ကို တာဝေးပစ်ဒုံးကျည်များပေးအပ်ရန် အကြိမ်ကြိမ်တောင်းဆို နေသော်လည်း ရပ်တန့်နေကြခဲ့ပါတယ်။

ယူကရိန်းမှာ ဆိုဗီယက် ဒီဇိုင်းထုတ် အတွဲလိုက် ဒုံးပျံပစ်လွှတ်သည့်စနစ် ရာနှင့်ချီရှိသော်လည်း အမေရိကန်ထုတ်လက်နက်များက ဒုံးကျည်အမျိုးအစားပေါ်မူတည်၍ အကွာအဝေး ကီလိုမီတာ ၃၁၀ (၁၈၆ မိုင်)ထိ ပစ်ခတ်နိုင်ပြီး ပိုမိုတိကျသည် ဟုဆိုပါတယ်။

လန်ဒန်ဟာ ကီလိုမီတာ ၈၀ အကွာ အဝေးရှိ ပစ်မှတ်များကို ထိမှန်ဖျက်ဆီးနိုင်တဲ့ ဒုံးကျည်များကို ကိယက်ဗ်အား ပေးအပ်ရန်စီစဉ်နေပြီး ယူကရိန်းတပ်ဖွဲ့များအတွက် သိသာထင်ရှားသော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဂေါ လက်စ်က ဇွန် ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.