စူပါစစ်သည်တစ်ဦးဖြစ်လာမည့် Ratnik-3 စစ်ဘက်တိုက်ခိုက်ရေး သံချပ်ကာဝတ်စုံ
စစ်ဘက်တိုက်ခိုက်ရေး သံချပ်ကာဝတ်စုံများသည် အနာဂတ် စစ်သည်တစ်ဦးကို ပုံဖော်ရာတွင် အရေးပါလာသည်။ ရုရှားသည်လည်း ၎င်းစစ်သည်များအတွက် စစ်ဘက်တိုက်ခိုက်ရေး သံချပ်ကာဝတ်စုံများကို တီထွင်ဖန်တီးလာသည်။
Ratnik-3 သည် ပေါက်ကွဲမှုနှင့် ကျည်ဆန်ဒဏ်ခံနိုင်သော မျိုးဆက်သစ်ဖိုင်ဘာမျှင်နည်းပညာအပြင် ဦးထုပ်၌ စူးစမ်းလေ့လာရေး အချက်အလက်များကိုပြသသော မျက်နှာပြင်ပါရှိသည်။ ၎င်းတို့၏ Ratnik-3 သံချပ်ကာဝတ်စုံတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၅ဝဝ ခန့်ရှိသည်။
ကျည်ကာဦးထုပ်
ကျည်ကာဦးထုပ်သည် Ratnik-3 ၏ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး နည်းပညာအများစုအတွက် မျက်နှာပြင်ဗဟိုချက် ဖြစ်သည်။ သို့သော် ၎င်းသည် စစ်သည်၊ လည်ပင်းကို ဖိအားမပေးနိုင်လောက်အောင် လုံးဝပေါ့ပါးရမည်။
၎င်းဦးထုပ်သည် ကျည်အကာအကွယ် အပြည့်အဝပေးပြီး ၁၁၈ စတုရန်းလက်မအကျယ်ရှိသည်။ ကျန်သည့်အပိုင်းသည် မျက်နှာဖုံးနှင့် မျက်စိကာမှန် ဖြစ်သည်။
အကာအကွယ်မျက်မှန်သည် စူးစမ်းလေ့လာခြင်း၊ အပူပုံရိပ်၊ ကျန်းမာရေး အချက်အလက်များ၊ ဇီဝဗေဒဆိုင်ရာ အချက်အလက်များနှင့် ပစ်မှတ်သတင်းအချက်အလက်စသည့် အချက်အလက်များကို ဖော်ပြပေးသော မျက်နှာပြင်ဖြစ်သည်။ ဦးထုပ်၏ အတွင်းပိုင်းတွင် အသက်ရှူကိရိယာကိုလည်း တပ်ဆင်ထား သည်။
လက်အကာအကွယ်များ
လက်အကာအကွယ်များသည် နည်းပညာပိုင်းအရ အဆင့်အနိမ့်ဆုံး ဖြစ်သည်။ များသောအားဖြင့် အဆိုပါပစ္စည်းကိရိယာအတော်များများသည် စစ်သည်၏လက်ကိုလေးလံစေပြီး ၎င်းကို သက်ရောက်မှုနည်းပါးအောင် လုပ်ဆောင်ပေးရမည်။
လက်ပေါ်တွင်တပ်ဆင်ထားသည့် တစ်ခုတည်းသောအရာမှာ လက်နက်ခဲယမ်းအပိုင်းအစများ အကာအကွယ်နှင့်နျူကလီးယားပေါက်ကွဲမှု အကာအကွယ်ပေးနာရီပင်ဖြစ်သည်။
၎င်းနာရီသည် လုံးဝ မပျက်စီးနိုင်ပေ။ သံချပ်ကာဝတ်စုံ၏ လက်အကာအကွယ်များသည် ရာသီဥတုဆိုးရွားခြင်းနှင့် တိုက်ခိုက်ခြင်းများတွင် အကာအကွယ်ပေးသည်။
လူ့န္ဓာကိုယ်ပိုင်း အကာအကွယ်
ဤအပိုင်းတွင် စစ်ဆင်ရေး၏ အကာအကွယ်ပေးရေးအဆင့် ရောက်လာသည်။ အသစ်တီထွင်ထားသော ဖိုင်ဘာမျှင် အကာအကွယ်ဝတ်စုံသည် စစ်သည်ကို ဝတ်စုံအတွင်းရှိ အပူအားလုံးအပါအဝင် အနီအောက် ရောင်ခြည်ဖြင့်သာ ပုံရိပ်မြင်နိုင်ရန် ပြုလုပ်ထားသည်။
စမ်းသပ်ပြီးသော သံချပ်ကာအင်္ကျီသည် လူ့ခန္ဓာကိုယ်အများစုကို ကာကွယ်ပေးသော်လည်း လက်အောက်ပိုင်းနှင့် ဝမ်းဗိုက်အောက်ပိုင်းတွင် အားနည်းပါသည်။ ဝတ်စုံကိုယ်ထည်နှင့်အင်္ကျီများသည် မီးလောင်မှုဒဏ်နှင့်ရေစိုခံနိုင်သည်။
သက်သောင့်သက်သာအရဖြစ်စေ၊ နည်းဗျူဟာအရဖြစ်စေ စစ်သည်က ၎င်းဝတ်စုံ၏။ အတွင်းပိုင်း အပူချိန်ကို ချိန်ညှိနိုင်သည်။ Ratnik 3 သည် အနုတ် ၂၂ ဒီဂရီဖယ်ရင်ဟိုက်မှ ၁၂၂ ဒီဂရိဖယ်ရင်ဟိုက်ထိ အပူချိန်ရှိသော မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်သည်။
ခြေထောက်ပိုင်းအကာအကွယ်
တိုက်ခိုက်ရေးဖိနပ်မှ တင်ပါးထိနှင့် ခါးပိုင်းတစ်ဝိုက် အလုပ်လုပ်နိုင်ရန် တိုက်တေနီယမ်ဘောင်သည် လမ်းလျှောက်နေစဉ်အတွင်း၊ ပြေးနေစဉ်အတွင်း အလေးချိန်ကို ပြောင်းလဲပြင်ဆင် ခွဲဝေပေးသည်။ ဤနည်းပညာသည် စစ်သည်ကို ပိုမိုသက်သောင့်သက်သာရှိစေပြီး ပိုမိုမြန်ဆန်စွာပြေးနိုင်ရန်နှင့် ပိုမိုမြင့်မားစွာခုန်နိုင်ရန် အထောက်အပံ့ဖြစ်စေသည်။
Ratnik-3 အတွက် ဘက်ထရီသည် တိုက်ခိုက်ရေးဖိနပ်အတွင်းမှာရှိပြီး ၎င်းတိုက်ခိုက်ရေး ဖိနပ်သည် မြေမြှုပ်မိုင်းဒဏ်ခံနိုင်သည့်အပြင် မီးလောင်မှုဒဏ်ပါခံနိုင်သည်။ ဝတ်စုံ၏ ခြေထောက်အောက်ပိုင်းနှင့် အထက်ပိုင်းတွင် လက်နက်ခဲယမ်းအပိုင်းအစများဒဏ် ကာကွယ်စောင့် ရှောက်ရေးပါရှိသည်။
အနာဂတ်ဆန်းသစ်တီထွင်မှု
ဗဟိုသုတေသန အင်စတီကျူသည် အနာဂတ်ဝတ်စုံသစ်များအတွက် ဝတ်စုံ၏ ဆေးဘက်ဆိုင်ရာစွမ်းရည်ကို ခေတ်မီအောင် တိုးမြှင့်လိုသည်။ အဓိကရည်မှန်းချက်တစ်ခုမှာ သွေးတိတ်စေမည့်နည်းလမ်းကို ရှာရန်ဖြစ်သည်။
ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ခြင်းနှင့် ကုသခြင်းသည် နောက်ထပ်ကြီးမားသော တိုးတက်တီထွင်မှုများဖြစ်ပြီး ရုရှားသည် ၎င်းသုတေသနအတွက် ရန်ပုံငွေပံ့ပိုးရန် စီစဉ်ထားသည်။
အကယ်၍ Ratnik-3 သည် ၎င်း၏ အကာအကွယ်ပေးမှုနှင့် အကာအကွယ်ပေးနိုင်သော နည်းပညာအားလုံးကို တစ်စုတစ်စည်းပေါင်းစပ်နိုင်ခဲ့ပါက ၎င်း၏ကိုယ်ပိုင်အတန်းအစားတစ်ခုပိုင်ဆိုင်သော စက်ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။
Source:Yadanarpon News