အီလက်ထရွန်နစ်အရေပြားတုတစ်မျိုးကြောင့် အနာဂတ်ကာလ၌ စက်ရုပ်များပင် နာကျင်မှုဝေဒနာကို ခံစားကြရနိုင်

အီလက်ထရွန်နစ်အရေပြားတုတစ်မျိုးကြောင့် အနာဂတ်ကာလ၌ စက်ရုပ်များပင် နာကျင်မှုဝေဒနာကို ခံစားကြရနိုင်

မနှစ်မြို့ဖွယ်အာရုံခံစားမှုများကို တုပဖန်တီးပေးနိုင်သော အီလက်ထရွန်နစ်အရေပြားတုတစ်မျိုးကြောင့် အနာဂတ်ကာလ၌ စက်ရုပ်များပင် နာကျင်မှုဝေဒနာကို ခံစားကြရနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။

မိမိတို့ဖန်တီးထားတဲ့ အီလက်ထရွန်နစ် အရေပြားတုများ တပ်ဆင်ထားသည့် စက်ရုပ်လက်တံများဟာ လက်ကောက်ဝတ်ကို ဖျစ်ညှစ်ခြင်းကဲ့သို့ ပြင်ပအား သက်ရောက်မှုများကို ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိသည်ကိုတွေ့ရကြောင်း စကော့တလန်နိုင်ငံ ဂလပ်စဂို တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စကော့တလန် သိပ္ပံပညာရှင်များက ၎င်းတို့ရဲ့ အီလက်ထရွန်နစါ အရေပြားတုကို ဦးနှောက်၏ အာရုံဆဲလ် အချက်ပြလမ်းကြောင်းများကို တုပပေးနိုင်တဲ့ Synaptic Transistors ခေါ် အီလက်ထရွန်နစ်ပစ္စည်းငယ်များကို အခြေခံဖန်တီးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စကော့တလန် သိပ္ပံပညာရှင်များရဲ့ အီလက်ထရွန်နစ်အရေပြားတုဟာ လူသားကဲ့သို့ အာရုံခံစားမှုရှိတဲ့ စက်ရုပ်များဖန်တီးရေးအတွက် အထောက်အကူပေးနိုင်ဖွယ်ရှိတယ်လို့ ‌သိရပါတယ်။

စကော့တလန် သိပ္ပံပညာရှင်များဟာ အထိအတွေ့ကို အာရုံခံစားနိုင်တဲ့ အဆိုပါ အီလက်ထရွန်နစ် အရေပြားတုကို ဖန်တီးရေးအတွက် နှစ်ပေါင်းများ စွာ သုတေသနပြုလုပ်ခဲ့ကြရကြောင်း သိရပါတယ်။

နောက်ပိုင်း စက်ရုပ်တွေမှာ ဂာာမ အထိအတွေ့တွေကိုတောင် ခံစားနိုင်တော့မှာလို့လဲ ဆိုပါတယ်။ စက်ရုပ်တွေနဲ့ လက်ထပ်တာ၊ အိမ်ထောင်ပြုတာတွေလဲ နောက်ပိုင်း မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး။

စက်ရုပ်နည်းပညာတွေ တဟုတ်ထိုးအဆင့် မြင့်လာပြီး AI ( artificial intelligence ) အသိဉာဏ်တုဟာလည်း တဟုန်ထိုး တိုးတက်လာနေပါတယ်။ ဒါတွေကို ပြန်လည်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့တစ်နေ့ ကမ္ဘာကြီးဟာ ဘာတွေဖြစ်မလဲဆိုတာ မတွေးရဲစရာပါ။

ပညာရှင်များက‌တော့ အသိဉာဏ်တု နည်းပညာတွေကြောင့်လည်း ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေကို မျိုးသုဉ်းစေနိုင်တယ်လို့ သုံးသပ်ခန့်မှန်းထားကြတွေလည်း ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.