အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုကွန်ရက်ကို တရုတ်က စိုးရိမ်ထိတ်လန့်နေရတဲ့ အကြောင်းအရင်း

အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုကွန်ရက်ကို တရုတ်က စိုးရိမ်ထိတ်လန့်နေရတဲ့ အကြောင်းအရင်း

အမေရိကန် ဘီလျံနာ သူဌေးအီလွန်မတ်စ်ဟာ ဆက်သွယ်ရေး ပြတ်တောက်သွားတဲ့ ဒေသတွေကို အရေးပေါ် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်တဲ့ Starlink ဂြိုဟ်တုကွန်ရက်ကို တည်ဆောက်ထားပါတယ်။

အဆိုပါ ကွန်ရက်များမှာ ဂြိုဟ်တုအလုံးပေါင်း ၂၄ဝဝ ကျော် ပါဝင်ပါတယ်။ လာမည့် ၁၀ နှစ်ခန့်အတွင်း ဂြိုဟ်တုအလုံးပေါင်း ၃၀၀၀၀ ကျော်အထိ တိုးချဲ့ကာ တစ်ကမ္ဘာလုံးကို ဈေးနှုန်းချိုသာတဲ့၊ ကောင်းမွန်သည့် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရန် ရည်မှန်းထားပါတယ်။

Starlink ဂြိုဟ်တုကွန်ရက်ကို ပိုင်ဆိုင်တဲ့ အီလွန်မတ်စ်ရဲ့ Space X ကုမ္ပဏီဟာ အရပ်ဘက် ပုဂ္ဂလိကကုမ္ပဏီ ဖြစ်ပါတယ်။ သို့သော် စစ်ပွဲပေါ်ပေါက်လာပါက Starlink ဂြိုဟ်တုများကို အမေရိကန်စစ်တပ်က အသုံးချလာနိုင်တယ်လို့ တရုတ်စစ်တပ် တာဝန်ရှိသူများက သတိပေး ပြောဆိုနေကြပါတယ်။

တရုတ်စစ်တပ်အနေဖြင့် Starlink ဂြိုဟ်တုများကို ပစ်ချဖျက်ဆီးနိုင်မဲ့လက်နက်များ တီထွင်ထုတ်လုပ်ရန် လိုအပ်နေပြီလို့လည်း တရုတ်ပညာရများက တိုက်တွန်းပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

တရုတ်ဟာ အမေရိကန်နဲ့ရုရှားတို့ကဲ့သို့ပင် ဂြိုဟ်တုဖျက် ဒုံးကျည်များပိုင်ဆိုင်ထားပါတယ်။ သို့သော် Starlink ကွန်ရက်မှာ ဂြိုဟ်တုအလုံးရေ ၂၄၀၀ ကျော်ရှိတာကြောင့် ဂြိုဟ်တုအားလုံးကို ပစ်ချဖို့ လိုအပ်နေတယ်လို့  ပညာရှင်အချို့က ထောက်ပြပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဂြိုဟ်တုများဟာ စစ်ရေးနယ်ပယ်မှာ အလွန်အသုံးဝင်ပါတယ်။ ရန်သူရဲ့ တည်နေရာကို ထောက်လှမ်းခြင်း၊ ဒုံးကျည်များကို ဂျီပီအက်စ်စနစ်နဲ့ ပဲ့ထိန်းခြင်း စသည်တို့မှာ ဂြိုဟ်တုများက အသုံးဝင်ပါတယ်။

ရှရှားကျူးကျော်မှုအတွင်း အင်တာနက်အဆက်အသွယ်ပြတ်တောက်သွားတဲ့ ယူကရိန်းနိုင်ငံအတွက် SpaceX ဘီလျံနာ အီလွန်မတ်စ်က သူရဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို ဖွင့်ပေးထားပြီး ယူကရိန်းနိုင်ငံကို ကူညီပေးထားပါတယ်။

ဒါကြောင့် စစ်ပွဲပေါ်ပေါက်လာပါက အမေရိကန်နဲ့ တရုတ်တို့ဟာ အာကာသထဲမှ ဂြိုဟ်တုများကို အရင်ဆုံး တိုက်ခိုက် ဖျက်ဆီးကြဖွယ် ရှိနေကြောင်း တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.