အပျက်အစီးများကြား ပိတ်မိနေတဲ့သူများကို ရှာဖွေပေးနိုင်မည့် ခေတ်မီကယ်ဆယ်ရေး စက်ရုပ်တစ်ခုကို ပါလက်စတိုင်း ကျောင်းသားများ တီထွင်

အပျက်အစီးများကြား ပိတ်မိနေတဲ့သူများကို ရှာဖွေပေးနိုင်မည့် ခေတ်မီကယ်ဆယ်ရေး စက်ရုပ်တစ်ခုကို ပါလက်စတိုင်း ကျောင်းသားများ တီထွင်

ပြိုကျနေသော အဆောက်အအုံအောက်မှ ပိတ်မိနေတဲ့သူများကို ရှာဖွေပေးနိုင်မည့် ခေတ်မီကယ်ဆယ်ရေး စက်ရုပ်တစ်ခုကို ဂါဇာကမ်းမြောင်တွင်ရှိသည့် ပါလက်စတိုင်း ဆယ်ကျော်သက် ကျောင်းသား ကျောင်းသူ သုံးဦးက တီထွင်လိုက်ကြောင်း သိရပါတယ်။

ရာမာအီဘရာဟမ်၊ ၎င်းရဲ့ အစ်ကို တော်စပ်သူ အာမက်နှင့် ၎င်းတို့ရဲ့ အတန်းဖော် ယူဆွတ်ဖ်အကွီတို့ဟာ သုတေသနနှင့် စမ်းသပ်လုပ်ဆောင်ချက်ကို လအတန်ကြာ ပြုလုပ်ပြီးနောက် ဝိုင်ဖိုင် အဝေးထိန်းစနစ် တပ်ဆင်ထားတဲ့ အသေးစား ကားပုံသဏ္ဌာန်ကိရိယာကို တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့သုံးဦးဟာ အလယ်တန်း ကျောင်းသားများဖြစ်ကြောင်း သိရပါတယ်။

ကင်မရာနှင့် အချက်ပေးစနစ် တပ်ဆင်ထားတဲ့ အဆိုပါ ကယ်ဆယ်ရေး စက်ရုပ်ဟာ ဆဲလ်ဖုန်း အက်ပလီကေးရှင်းတစ်ခုဖြင့် လုပ်ဆောင်နိုင်ပြီး ကယ်ဆယ်ရေးအဖွဲ့ထံသို့ တတီတီမြည်သံနှင့် ဆဲလ်ဖုန်းထံသို့ တိုက်ရိုက် မက်ဆေ့ပေးပို့ နိုင်ကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်၊ မေ ၁ဝ ရက်နေ့က ဂါဇာကမ်းမြောင်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေးနှင့် ဟားမားစ်တို့ကြား ၁၁ ရက်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း လူမျိုး ၂၆၀ ဦးနှင့် အစ္စရေးလူမျိုး ၁၄ ဦး ဆုံးပါးခဲ့ကြောင်း သိရပါတယ်။

ကံမကောင်းစွာဘဲ ၎င်းတို့ သုံးဦးအနေဖြင့် ပဋိပက္ခဇုန်အတွင်း ရှိနေခဲ့ပြီး အဖြစ်အပျက်များကို မြင်တွေ့ခဲ့ရပါတယ်။ဒါ့‌ကြောင့် အနာဂတ်မှာ ယခုလို ဆိုးရွားတဲ့ အခြေအနေအတွက် ပြင်ဆင်ထားသင့်တယ်လို့ ကယ်ဆယ်ရေးစက်ရုပ်တီထွင်သူထဲက တစ်ဦးဖြစ်တဲ့ ယူဆွတ်ဖ်အကွီက ဆိုပါတယ်။

ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များဟာ ဗုံးဒဏ်ကြောင့် သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် သော်လည်းကြောင်း ပိတ်မိနေသော သူများကို ရှာဖွေရာမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

ပြီးခဲ့သည့်နှစ်က ဂါဇာကမ်းမြောင်ဒေသမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ စစ်ပွဲအပြီးမှာ အရပ်သားများစွာ အပျက်အစီးများအောက် ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ထိုကဲ့သို့ စက်ရုပ်မျိုးကို တီထွင်ရန် အကြောင်းရင်းဖြစ်လာကြောင်း ရာမာက ပြောခဲ့ပါတယ်။

Source-xinhua

Leave a Reply

Your email address will not be published.