ထိုင်ဝမ် သို့မဟုတ် အဖိနှိပ်မခံတဲ့နိုင်ငံ

ထိုင်ဝမ် သို့မဟုတ် အဖိနှိပ်မခံတဲ့နိုင်ငံ

ထိုင်ဝမ်ရဲ့ တရားဝင်အမည်က Republic of China လို့ခေါ်ပါသည်။ တရုပ်ပြည်က People Republic of China ဖြစ်ပါသည်။ ဤနှစ်ခု မရောထွေးစေလိုပါ။

တရုပ်က ကွန်မြူနစ်ဝါဒကို ကျင့်သုံးပါသည်။ ထိုင်ဝမ်က အများစု ဆန္ဒကိုအခြေခံသော တနည်း အများစုမဲစနစ်ဖြင့်အုပ်ချုပ်ပါသည်။

ထိုင်ဝမ်သည် အာဆီယံနိုင်ငံများထဲတွင် ပိုရှေး ဇိမ်ခံပြိုင်ကားအများဆုံး ပိုင်ဆိုင်ပါသည်။ ပိုရှေးမြို့တော်ဟုပင် တင်စား ခေါ်ဝေါ်ကြပါသည်။

အာဆီယံရှိ ပိုရှေးကား ၆၀ ရာခိုင်နှုန်းကို ထိုင်ဝမ်မှ ဝယ်ယူပိုင်ဆိုင်ပါသည်။ အာရှတလွှား ဂျာမန်ကားများကို နှစ်သက်ကြသော်လဲ ထိုင်ဝမ်၏ ပိုရှေးအပေါ် အရူးအမူးဖြစ်မှုကို မမှီကြပါ။

ထိုင်ဝမ်သည် လိပ်ပြာတို့၏ နိုင်ငံလဲဖြစ်ပါသည်။ လိပ်ပြာများကို နိုင်ငံရပ်ခြားအထိတင်ပို့ရောင်းချသော လုပ်ငန်းလဲရှိပါသည်။

၁၉၆၀ ခုနှစ် တစ်နှစ်အတွင်း လိပ်ပြာကောင်ရေ ဆယ်သန်းတင်ပို့ရောင်းချခဲ့ရသည်ဟု ဆိုပါသည်။ တင်ပို့မှုမှ တစ်နှစ်လျှင် ဝင်ငွေဒေါ်လာ သန်း ၃၀ ခန့်ရရှိနေပါသည်။

ထိုင်ဝမ်လိပ်ပြာများ မျိုးကွဲ ပေါင်း ၄၀၀ ခန့်ရှိသည်ဟုသိရပါသည်။ယခုအခါ လိပ်ပြာတင်ပို့မှု ကိုထိန်းချုပ်လိုက်ပြီဟု သိရပါသည်။

ထိုင်ဝမ်၏ အမျိုးသားအားကစား နည်းမှာ ဘေ့ဘောဖြစ်ပြီး တစ်နိုင်ငံလုံး နီးပါးနှစ်သက်ကြပါသည်။ ၁၉၆၉ မှ ၁၉၉၆ အတွင်း နိုင်ငံတကာဆုတံဆိပ် ၁၇ ခုအထိရရှိခဲ့ပါသည်။

သင် ၈ နာရီအတွင်း တစ်နိုင်ငံလုံးနီးပါး ကားဖြင့်လည်ပါတ်ကြည့်ရှုနိုင်ပါသည်။ အမြန်ရထားဖြင့်ဆိုပါက ၂ နာရီဖြင့် ဖြတ်သန်းနိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့်ထိုင်ဝမ်သည် ဘယ်ဂျီယမ်နိုင်ငံနှင့် အကျယ်အဝန်းတူညီလုနီးပါး ရှိပါသည်။

ဧရိယာစတုရန်းမိုင် ၁၄၀၀၀ ခန့်ရှိပါသည်။လူဦးရေ ၂၃ သန်းကျော်ရှိသည်။သို့သော် နိုင်ငံဧရိယာတဝက်ခန့်မှာ လူနေထိုင်ခြင်းမရှိ အုံ့ဆိုင်းသော သစ်တောများဖုံးလွှမ်းလျက်ရှိသည်။

ထိုင်ဝမ်ရဲ့ အဝေးပြေးလမ်းတွေသည် လေယာဉ်ပြေးလမ်းများအဖြစ် အချိန်တိုအတွင်း ပြောင်းလဲနိုင်ပါသည်။

တရုပ်၏ အချိန်မရွေးကျူးကျော်လာနိုင်မှုအတွက် ထိုသို့ပြုလုပ်ထားခြင်းဖြစ်ပါသည်။ထိုသို့ပြောင်းလဲနိုင်ရန် ထိုင်ဝမ်သည် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိပါသည်။

၂၀၂၁ စက်တာဘာလတွင် အဝေးပြေးလမ်းပေါ်သို့ တိုက်လေယာဉ်များ ဆင်းသက်ခြင်းကို အောင်မြင်စွာ ပြုလုပ်ပြသခဲ့ပါသည်။

ထိုင်ဝမ်ရိုးရာ အစားအစာမှာ တို့ဖူးဖြစ်ပါသည်။မြို့တော်ဖြစ်သော နယူးတိုင်ပေတွင် တိုဖူးအား အမျိုးမျိုးချက်ပြုတ်ကျော်လှော် ရောင်းချသော ဆိုင်များရှိပါသည်။

ထိုင်ဝမ်၏ ထင်ရှားသောထုတ်ကုန်တစ်ခုမှာ မူလီ အမျိုးမျိုးဖြစ်ပြီး အခြားကမ္ဘာ့နိုင်ငံများထက် ပိုမိုထုပ်လုပ်နိုင်ပါသည်။ ပမာဏ အနေဖြင့် ကမ္ဘာ့ထုပ်လုပ်မှု၏ ၁၅ ရာခိုင်နှုံးကျော်ရှိပါသည်။မူလီ အမျိုးအစားပေါင်း ၅၀၀၀ ကျော်ထုပ်လုပ်ပါသည်။

ထိုင်ဝမ်တွင် မွေးမြူသောခွေးမှာ ဒေသမျိုးရင်းဖြစ်ပြီး မယဉ်မရိုင်း ဖြစ်သည်။ အမဲလိုက်ရန် လေ့ကျင့်ပေးထားသလို ကယ်ဆယ်ရေး မိုင်းရှာခြင်းနှင့် အထူးစစ်ဆင်ရေးများတွင် အသုံးပြုကြသည်။

နောက်ဆုံးတင်ပြလိုသည်မှာ အမှိုက်သိမ်းစနစ်ဖြစ်ပါသည်။ထိုင်ဝမ် အမှိုက်သိမ်းစနစ်မှာ ကားဖြင့် လှည့်လည်သိမ်းဆည်းသောစနစ် ဖြစ်ပါသည်။

အမှိုက်တင်နောက်တွဲယာဉ်များကို လမ်းများတွင်နေရာချထားပြီး ကားများဖြင့် အချိန်မှန် လာရောက်သိမ်းဆည်း စွန့်ပစ်လေ့ရှိပါသည်။

Knight News Teams

Leave a Reply

Your email address will not be published. Required fields are marked *