အမေရိကန်က ရုရှားလုပ် ရဟတ်ယာဉ်တွေ ယူကရိန်းကိုပေး

အမေရိကန်က ရုရှားလုပ် ရဟတ်ယာဉ်တွေ ယူကရိန်းကိုပေး

နဲနဲတော့ စဉ်းစားရခက်လိမ့်မယ်ဗျ။ ဒါပေမဲ့အမှန်ပါ။ ဘယ်လိုဖြစ်တာလဲဆိုတော့ ဒီလိုပါ။ မေလအစောပိုင်းလောက်က ယူအက်စ်ဟာ ယူကရိန်းကို စစ်လက်နက်တွေထောက်ပံ့ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။

ဒီထဲမှာ ရုရှားလုပ် MI -17 ဟယ်လီကော်ပတာ ၁၁ စီး ပါဝင်နေပါတယ်။ မူလက ဒါတွေကို အာဖဂန်နစ္စတန်အတွက် ယူအက်စ်က ရည်ရွယ်ဝယ်ယူခဲ့တာပါ။အခုတော့ ယူကရိန်းကို ပြောင်းလဲပေးအပ်လိုက်တာပါ။

MI-17ဟာ သယ်ယူပို့ဆောင်ရေး အမျိုးအစားပါ။ ဒါပေမဲ့သူ့ကို gun ship အနေနဲ့လဲ သုံးနိုင်ပါတယ်။ ယူအက်စ် ဟာ ၂၀၁၀ ကတဲက MI-17 တချို့ကို အာဖဂန်နစ္စတန်အတွက် ဝယ်ယူခဲ့ပါတယ်။ ဒီရဟတ်ယာဉ်တွေဟာ ဈေးနှုန်း သက်သာပေမဲ့ စိတ်ချရပါတယ်။

အာဖဂန်လေတပ်ဆိုတာကလဲ အမေရိကန် အကူအညီနဲ့ ရပ်တည်နေတာပါ။ဒါပေမဲ့ ၂၀၂၁ ဩဂုတ်လမှာ အာဖဂန်ဟာ တာလီဘန်တို့ လက်ထဲပြန်ရောက်သွားပါတယ်။ ဒီအချိန်မှာ အာဖဂန်လေတပ်ရဲ့ MI-17 ငါးစီးဟာ ယူကရိန်းမှာ အကြီးစားပြင်ဆင်မှုတွေလုပ်နေချိန်ဖြစ်ပါတယ်။ အာဖဂန်အစိုးရ ပြိုကွဲသွားပြီးနောက် မတ်လမှာ ဒီငါးစီးကို ယူကရိန်းကို လွှဲအပ်ပေးလိုက်တာပါ။

ဒါ့အပြင် ယူအက်စ်မှာ သိုလှောင်ထားတဲ့ MI-17 တွေရှိနေပါသေးတယ်။ ဒါတွေဟာ အာဖဂန်အတွက် ဝယ်ထားတာဖြစ်ပေမဲ့ မပေးဖြစ်တော့ပါဘူး။ တာလီဘန်တွေလက်ထဲကို အရောက်မခံနိုင်တာလဲပါပါတယ်။ သူတို့ကို Davis Monthan AFB ဆိုတဲ့လေယာဉ်သိုလှောင်ရာနေရာကို ပို့လိုက်ပါတယ်။ဇန္နဝါရီလထဲမှာတော့ ဒီရဟတ်ယာဉ်တွေကိုပြည်နယ်အစိုးရက ယူကရိန်းကိုပို့ဖို့ အတည်ပြုပေးခဲ့ပါတယ်။

ယူကရိန်းဟာ မူလကတည်းက MI-17 တွေ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းပိုင်းလော့တွေဟာ သီးခြားလေ့ကျင့်ပေးစရာမလိုတော့ပါဘူး။အနဲဆုံး MI-17အစီးရေ ၂၀ အထိပေးသွားဖို့ရှိပါတယ်။

ဒီရဟတ်ယာဉ်ရဲ့ထူးခြားချက်ကို ပြောရရင် အမြီးပိုင်းပန်ကာဟာ ဘယ်ဖက်မှာတပ်ဆင်ထားပြီး အင်ဂျင်ရဲ့လေဝင်ပေါက်မှာလဲ ဖုန်နဲ့အမှိုက်သရိုက်ကို ကာကွယ်ဖို့ အဖုံးတွေပါပါတယ်။ လက်ရှိမှာ ယူကရိန်းဟာ အထူးစစ်ဆင်ရေးအတွက် ဒီရဟတ်ယာဉ်ကို ကောင်းကောင်းအသုံးချနေပါပြီ။ ယူကရိန်းရဲ့ Mariupol မြို့ဟာ ရုရှားတို့ရဲ့အဝိုင်းခံရတာ သုံးလရှိပါပြီ။

ရုရှားတွေက မြို့ကို ပါတ်ပါတ်လည်ဝိုင်းထားတဲ့အပြင် ဆိပ်ကမ်းမှာလဲစစ်သင်္ဘော တွေချထားပါတယ်။ ယူကရိန်းမြို့စောင့်တပ်ဟာ သံမဏိစက်ရုံကြီးထဲမှာပိတ်မိနေပါတယ်။ရုရှားကလဲ ဗုံးမိုးရွာချပြီးတိုက်ခိုက်ပါတယ်။ ယူကရိန်းမြို့စောင်တပ်ဟာ ကြံ့ကြံ့ခံတွန်းလှန်နေပါတယ်။သူတို့ဘယ်လို အင်အားပြန်ဖြည့်ခဲ့သလဲဆိုတော့ စောစောက MI-17 တွေကြောင့်ပါဘဲ။

ဒီ ၁၆ စီးသော ရဟတ်ယာဉ်တွေဟာ မစ်ရှင် ၇ ခုခွဲပြီး ပျံသန်းပေးခဲ့ကြပါတယ်။တကြိမ်ကိုနှစ်စီး ပျံသန်းပြီး လူ လက်နက် ရိက္ခာတွေကို အဝိုင်းခံထားရသူတွေဆီ အရောက်ပို့ခဲ့ကြပါတယ်။ သူတို့ဟာ ရန်သူရဲ့လေကြောင်းပိုင်နက် ကြားထဲမှာ ကြက်သီးထဖွယ် စွန့်စား ပျံသန်းခဲ့ကြပါတယ်။

ရုရှားတွေဟာ မြို့ကိုအာရုံစိုက်နေပေမဲ့ ယူကရိန်းတို့ဟာ ဒီရဟတ်ယာဉ်တွေနဲ့ပဲ ထောက်ပံ့ရေးကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ လူ လက်နက် ရိက္ခာ ဆေးဝါးတွေထောက်ပံ့နိုင်ခဲ့သလို စစ်သည် ၇၂ ဦးကိုပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါဏ်ရာရသူများကိုလဲကယ်တင်နိုင်ခဲ့ပါတယ်။ရုရှားတို့ဟာ ရဟတ်ယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။ တတိယအစီးက ကယ်ဆယ်ဖို့ကြိုးစားရင်းစက်ချို့ယွင်းပြီးပျက်ကြခဲ့ပါတယ်။

အနှစ်ချုပ်ဆိုရရင်တော့ ယူကရိန်းတို့ရဲ့မစ်ရှင်ဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပြီး ယူအက်စ်ရဲ့ကူညီမှုဟာလဲ ယူကရိန်းအတွက် အကျိုးရှိတဲ့အကူအညီဖြစ်တယ်လို့ဆိုနိုင်ပါကြောင်း။

Leave a Reply

Your email address will not be published.