တရုတ်က ထိုင်ဝမ်ကို မသိမ်းပိုက်သေးပဲ အချိန်ဆွဲနေရတဲ့ အကြောင်းအရင်း

တရုတ်က ထိုင်ဝမ်ကို မသိမ်းပိုက်သေးပဲ အချိန်ဆွဲနေရတဲ့ အကြောင်းအရင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ရောက်ရှိခဲ့ပြီး တရုတ်-ထိုင်ဝမ်စစ်ပွဲ ပေါ်ပေါက်လာပါက ထိုင်ဝမ်ဘက်မှ ကူညီတိုက်ခိုက်မည်ဟု ပြောဆိုခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အဆိုပါ ပြောကြားချက်ဟာ တရုတ်-ထိုင်ဝမ်စစ်ပွဲ မပေါ်ပေါက်လာစေရန်တရုတ်ကို ခြိမ်းခြောက်ဟန့်တားခြင်းသာဖြစ်ပါတယ်။

စစ်ပွဲအမှန်တကယ် ပေါ်ပေါက်လာပါက ထိုင်ဝမ်ကို အမေရိကန်က ကူညီတိုက်ခိုက်မည်ဆိုသည်မှာ မသေချာပါဘူး။

တရုတ်စစ်တပ်ဟာ စစ်သင်္ဘောနှင့်မစ်ဆိုင်းဒုံးကျည် အရေအတွက်တွေမှာ အမေရိကန်ထက်ပင် ပိုများနေတာကြောင့် တရုတ်ဟာ ထိုင်ဝမ်ကို သိမ်းပိုက်လိုပါက အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်စွမ်းရှိနေပါတယ်။

သို့သော် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ပါက ရရှိမည့်အကျိုး ကျေးဇူးထက် ဆိုးကျိုးက ပိုများနေတာကြောင့် တွက်ဆ ချိန်ဆနေရခြင်းဖြစ်ပါတယ်။

တရုတ်-ထိုင်ဝမ် ကျွန်းသိမ်း တိုက်ပွဲဟာ မဟာမိတ်များရဲ့ ဒုတိယ ကမ္ဘာစစ်ကာလ နော်မန်ဒီကမ်းတက်တိုက်ပွဲ (D-Day)ထက်ပင် ပိုပြီးခက်ခဲကာ အသေအပျောက် အကျအဆုံး များပြားလိမ့်မယ်လို့ စစ်ရေးကျွမ်းကျင်သူ ပညာရှင်များက သုံသပ်ပြောဆိုထားကြပါတယ်။

ထိုင်ဝမ်ဟာ အရွယ်အစား သေးငယ်တဲ့ ကျွန်းကလေးဖြစ်သော်လည်း လူဦးရေ ၂၄ သန်း ရှိပါတယ်။ တစ်စတုရန်း ကီလိုမီတာမှာ လူဦးရေ တစ်သောင်းခန့် နေထိုင်ကြပါတယ်။

ဒီလို လူနေထူထပ်ခြင်းကလည်း ထိုင်ဝမ်ကို သိမ်းပိုက်ရာတွင် တရုတ်စစ်တပ်ကို အခက်အခဲဖြစ်စေမှာ ဖြစ်ပါတယ်။ တရုတ်စစ်တပ် အနေနဲ့ ထိုင်ဝမ်ကို မရမက တိုက်ခိုက် သိမ်းပိုက်ပါက ထိုင်ဝမ်ပြည်သူအများအပြား ဆုံးပါးနိုင်ပြီး တရုတ်အပေါ် နိုင်ငံတကာရဲ့ဝေဖန်ကန့်ကွက်မှုများကလည်း ကြီးထွား လာဖွယ်ရှိနေပါတယ်။

မဟာမိတ်တပ်များဟာ D-Day တိုက်ပွဲမှာ ဂျာမနီကို အနိုင်ရခဲ့သော်လည်း အသက်ပေါင်းများစွာ စတေးခဲ့ရပါတယ်။ တရုတ်မှာလည်း ထိုင်ဝမ်ကို တိုက်ခိုက်ပါက အသက်ပေါင်းများစွာ စတေးပြီးပါမှ သိမ်းပိုက်နိုင်မည် ဖြစ်ပါတယ်။

စစ်ပွဲပြီးဆုံးတဲ့ အခါမှာလည်း စစ်ဒဏ်ကြောင့် ဗုံးဗုံးလဲသွားတဲ့ အခွံသာကျန်တော့သော ထိုင်ဝမ်ကိုသာ ရရှိမည်ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်က ထိုင်ဝမ်ကို မသိမ်းပိုက်နိုင်သေးဘဲ အချိန်ဆွဲနေရခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်သိမ်းပိုက်မှာလား၊မသိမ်းပိုက်ဘူးလားဆိုတာကိုလည်း မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေ ပြောသွားကြပါဦးလို့။

Leave a Reply

Your email address will not be published. Required fields are marked *