တစ်မြို့လုံးက လူတွေ အိမ်တစ်လုံးထဲမှာနေ

တစ်မြို့လုံးက လူတွေ အိမ်တစ်လုံးထဲမှာနေ

တစ်မြို့လုံးကလူတွေဟာ အိမ်တစ်လုံးထဲမှာဘဲ အတူတူ နေထိုင်ကြတယ်ဆိုတာ တကယ်ပါ။

မြို့အမည်က Whittier ပါ။ အလာစကာ မှာတည်ရှိပြီး တစ်မြို့လုံး လူဦးရေက ၃၁၈ ယောက်ပါတဲ့။သူတို့အားလုံးဟာ အဆောက်အဦ တစ်ခုထဲမှာ နေထိုင်ကြပါတယ်။

သူတို့နေတဲ့ အဆောက်အဦကို ၁၉၅၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အထပ် ၁၄ ထပ် ပါရှိပါတယ်။ မူလက စစ်တပ်သုံး အဆောက်အဦဖြစ်ပြီး ခုတော့ သူတို့နေထိုင်ရာနေရာပါ။

ဒီအိမ်ကြီးမှာ ရဲစခန်း၊ဆေးရုံ အဝတ်လျော်စက်ခန်းနဲ့ ဘုရားရှစ်ခိုးကျောင်းအထိ ပါဝင်ပါတယ်။ အမှန်တော့ Whittier မြို့မှာ မူလက အဆောက်အဦ နှစ်လုံး ရှိခဲ့တာပါ။ တစ်လုံးကို လူမနေပဲ စွန့်ပစ်ထားခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ် အတွင်း အလာစကာကို စစ်သားတွေရောက်ရှိလာပြီး ဒီနေရာမှာ စစ်တပ်အတွက် အဆောက်အဦ နှစ်လုံးကို တည်ဆောက်ခဲ့ကြပါတယ်။

၁၉၆၀ ခုနှစ်မှာ စစ်သားတွေထွက်ခွာသွားကြပါတယ်။ Whittier ဟာ ငါးမျှားစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီမြို့ကို သွားရောက်ဖို့ကလဲ ခုချိန်ထိ ခက်ခဲပါတယ်။ ကမ်းခြေကနေ မြို့အထိ ပေ ၁၃၃၀၀ ရှည်တဲ့ တစ်လမ်းသွား လှိုင်ခေါင်း လမ်းတစ်ခုပဲရှိတာပါ။

အရင်က ရထားလမ်းအဖြစ်အသုံးပြုခဲ့တာဖြစ်ပြီး အခုတော့ ကားလမ်းအဖြစ် သုံးပါတယ်။ လမ်းကိုတစ်ကြိမ်မှာ တစ်နာရီသာ သုံးနိုင်ပြီး ည၁၀ နာရီခွဲဆို ပိတ်ပါတယ်။

တစ်မြို့လုံးကလူတွေနေတဲ့ အဆောက်အဦကို Begich tower လို့ အမည်ပေးထားပါတယ်။ ထိပ်ဆုံးထပ် ခေါင်မိုးမှာတော့။ နံနက်စာ စားနိုင်တဲ့ဆိုင်ဖွင့်ထားပါတယ်။ အတွင်းမှာJohn Whittier ဆိုတဲ့ ဟော်တယ်ခန်းလဲဖွင့်ထားပြီး ခရီးသည်တွေ နှစ်ခြိုက်တဲ့အခန်းအပြင်အဆင်တွေရှိပါတယ်။

ဒီနေရာကနေ အလာစကာရဲ့ လှပတဲ့ရှုခင်းတွေကိုခံစားနိုင်ပါတယ်။ မြို့ဘတ်ဂျက်ရဲ့၃၈ ရာခိုင်နှုံးဟာ ခရီးသွားလုပ်ငန်းက ရပါတယ်။နှစ်စဉ် ဒီမြို့လေးကို ခရီးသည်တင်သင်္ဘော အကြိမ် ၄၀ လောက် လာပါတယ်။

ပထမထပ်မှာ စည်ပင်ဌာန အစားအသောက်ဆိုင် အမှတ်တရ ပစ္စည်းအရောင်းဆိုင် တို့ရှိပါတယ်။ Whittier က စာသင်ကျောင်းကတော့ သီးသန့်တည်ဆောက်ထားပြီး မူလအဆောက်အဦကြီးနဲ့ မြေအောက်ကနေဆက်သွယ်ထားပါတယ်။

ဒီအိမ်ကြီးထဲက လူတွေဟာ အပြင်ကိုထွက်ဖို့ မလိုအပ်ပါဘူး။ မြေအောက်ခန်းမှာ ဘုရားရှစ်ခိုးကျောင်း နှစ်ခုရှိပြီး တစ်ပါတ်ကိုနှစ်ကြိမ် ဝတ်ပြုဆုတောင်းကြပါတယ်။ တချို့ဆို တစ်နှစ်တာလုံး အပြင်ကိုမထွက်ကြပါဘူးတဲ့။သူတို့ လိုချင်တာအားလုံး ဒီအိမ်ကြီးထဲမှာ ရနိုင်လို့ပါတဲ့။

ဒီအိမ်ကြီးဟာ ဗုံးဒါဏ်ခံနိုင်အောင် တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် မြို့လူထုအတွက် အ‌ကောင်းဆုံး ခိုနားရာလဲဖြစ်နေပါတယ်။ ဒါ့အပြင် အလာစကာရဲ့ဆိုးရွားတဲ့ ရာသီဥတုဒါဏ်ကိုလဲ ခံနိုင်ရည်ရှိပါတယ်။

အလာစကာမှာ တစ်နှစ်ကို ၆ လက မိုးရွာပြီး ၆ လက ဆီးနှင်း တွေ ကျပါတယ်။ လေကလဲ တနာရီကို မိုင်၈၀ လောက်တိုက်လေ့ရှိပါတယ်။နှင်းတွေဟာ တခါတခါ ၂၂ လက်မထိကျဆင်းပါတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာတော့ တခါတလေမှ အနွေးထည်ဝတ်ရပါတယ်။

သူတို့မသုံးတဲ့‌ တခြားအဆောက်အဦကတော့ Buckner building ပါ။ သူက ၁၉၆၀ မှာဖြစ်တဲ့ ငလျင်ဒါဏ်ကြောင့်ပျက်ဆီးနေပြီး အထဲမှာ အဆိပ်သင့်နိုင်တဲ့ကျောက်ဂွမ်းလို အစအနတွေပြန့်ကျဲ နေတာပါ။

၂၀၂၂ မှာတော့ ဒီမြို့ကိုကို ခရီးသွားဖို့အာဏာပိုင်တွေက ခွင့်မပြုတော့ပါဘူး အကြောင်းကတော့ Covid-19 တွေ့ရှိမှု ကြောင့်ဖြစ်ပါတယ်။ သူတို့အကြောင်းကို အထူးဆန်းဆုံးမြို့တမြို့ ဆိုပြီး စာအုပ်တအုပ်ရေးသားထုပ်ဝေဖူးပါကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.