ဒိုင်နိုဆောတွေ ဘာကြောင့် မျိုးသုဥ်းပျောက်ကွယ်သွားခဲ့ရသလဲ

ဒိုင်နိုဆောတွေ ဘာကြောင့် မျိုးသုဥ်းပျောက်ကွယ်သွားခဲ့ရသလဲ

လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းခန့်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါပေါင်း ၇၅% ခန့်ကို အစုလိုက်အပြုံလိုက် မျိုးသုဉ်းသွားစေတဲ့အထိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးတွေရဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါကြောင်း ခိုင်မာသော အထောက်အထားများက ညွှန်ပြနေပါတယ်။

ထိုဖြစ်ရပ်ကြောင့် နှစ်ပေါင်း သန်း ၁၈၀ ထက်မနည်း တည်ရှိခဲ့တဲ့ ဒိုင်နိုဆောတွေမျိုးစိတ်ဟာ လုံးဝကို ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။

၁၉၈၀ ခုနှစ်မှာတော့ နိုဘယ်ဆုရ ရူပဗေဒပညာရှင် Luis Walter Alvarez နှင့် သူ့ရဲ့ ဘူမိဗေဒပညာရှင် သားဖြစ်သူ Walter တို့ဟာ ကြီးမားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုနှင့် တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သမိုင်းဝင် ရွှံ့စေးအလွှာကို လေ့လာစစ်ဆေးပြီးနောက်မှာတော့ သီအိုရီတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သီအိုရီအရ ဒိုင်နိုဆောတွေ အခုလို ရုတ်တရက် သေဆုံးသွားခဲ့ကြရသည်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးတွေ ကျရောက်လာခဲ့သည့်အရှိန်နဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှု နောက်ဆက်တွဲတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒိုင်နိုဆောတွေ ကမ္ဘာမြေပေါ်မှာ သက်ရှိထင်ရှား တည်ရှိနေခဲ့တဲ့ ကာလကိုတော့ Cretaceous Period လို့ခေါ်ပြီး ထိုကာလကုန်ဆုံးချိန်မှာ ကမ္ဘာမြေဟာ ပထမဆုံးအကြိမ်အဖြစ် အထင်ရှားဆုံးသော အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်းများကို မြင်တွေ့ခဲ့ရတာပါ။

ဒိုင်နိုဆောတွေဟာ နှစ်ပေါင်းသန်း ၁၈၀ ကျော်အထိ ကမ္ဘာမြေကြီးရဲ့ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေစွာ ကြိုးစားနေထိုင်ခဲ့တယ်လို့ မှတ်တမ်းတွေရဲ့အဆိုအရ သိရှိရပြီး အကောင်သေးတဲ့ ဒိုင်နိုင်ဆောတွေဟာ အချိန်ကြာလေ ပျောက်သွယ်သွားလေပဲလို့ သိရပါတယ်။

သဘောတရားကတော့ ကမ္ဘာမြေကြီးရဲ့ သဘာဝတရားအရ ပြောင်းလဲမှုဖြစ်စဥ်တွေကို ရင်ဆိုင်နိုင်ကြတဲ့ ဒိုင်နိုဆော မျိုးစိတ်တွေဟာ နှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ကြပြီး နောက်ဆုံး Cretaceous Period မကုန်ဆုံးခင်ချိန်ထိ ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေကို ဖော်ပြရမယ်ဆိုရင်တော့ အကောင်ကြီးပိုင်းတွေပဲ ကျန်ရှိတယ်လို့ ဆိုကြပါတယ်။

သို့ပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က အထက်ဖော်ပြပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ ရိုက်ခတ်မှုအပြီးမှာတော့ အချိန်တိုလေးအတွင်းမှာပဲ ဒိုင်နိုဆောမျိုးစိတ်တွေဟာ (ငှက်များမှလွဲ၍) လုံးဝ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

ဒိုင်နိုဆောတွေနဲ့အတူ ပျောက်ကွယ်သွားခဲ့တဲ့ သတ္တဝါတွေထဲမှာ pterosaurs, ရေနေ တွားသွားသတ္တဝါကြီးများနဲ့ အမိုနိုက်များအပါအဝင် အခြားသော တိရစ္ဆာန်ပေါင်းများစွာလည်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ကျန်ရှိခဲ့တဲ့ ပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ် ဒိုင်နိုဆောတွေဟာလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်သွားခဲ့တဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ရှင်သန်နိုင်ခဲ့ခြင်းမရှိတာကြောင့် နောက်ပိုင်းမှာ မျိုးသုဥ်းသွားခဲ့ကြပြီး ဒိုင်နိုဆောမျိုးစိတ်ဟာ ကမ္ဘာမြေကြီးပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ကပ်ဘေးဖြစ်ရပ်ကြီးအပြီးမှာတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ၂၅% သော သတ္တဝါမျိုးစိတ်တွေကသာလျှင် ဒီပြောင်းလဲမှုတွေမှာ လိုက်လျောညီထွေစွာ နေထိုင်ပြောင်းလဲနိုင်ခဲ့တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

ဒါဆိုရင် အဲ့ဒီလို ကပ်ဘေးဖြစ်ရပ်ကြီးတွေ ဘာကြောင့် ဖြစ်ပေါ်ခဲ့ရတာလဲဆိုတာကိုတော့ သူနဲ့ပတ်သက်တဲ့ သဘောသဘာဝတွေကို ယနေ့ချိန်ထိတိုင် သိပ္ပံနည်းကျ ငြင်းခုံမှုတွေ ဖြစ်ပွားနေဆဲပါပဲ။

ဂြိုဟ်သိမ်ဂြိုဟ်မွှား ရိုက်ခတ်မှုတွေဟာ ဒိုင်နိုဆောတွေရဲ့ မျိုးသုဥ်းခြင်းမှာ အဓိကတရားခံတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ပညာရှင်တွေအများစုကလည်း သဘောတူညီထားခဲ့ကြသလို အထောက်အထားများစွာကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

ဆက်ပြီးရှင်းရမယ်ဆိုရင်တော့ ကြီးမားတဲ့ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော မီးတောင်ပေါက်ကွဲမှုများဟာ နှစ်သန်းပေါင်းများစွာအတွင်း ဆင့်ကဲဖြစ်ပွါးခဲ့တာကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ဂေဟစနစ်တွေ ကွာဟချက်ကြီးကြီးမားမားဖြစ်ခဲ့သည့်အတွက် ဒိုင်နိုဆောတွေရဲ့ သက်တမ်းဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားခဲ့ပြီး ကြီးမားတဲ့ မျိုးသုဉ်းသွားမှုမျိုးဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

Knight News Team
Ref; nhm.ac. uk

Leave a Reply

Your email address will not be published.