တတိယ ကမ္ဘာစစ် စပြီလား

တတိယ ကမ္ဘာစစ် စပြီလား

NATO ရဲ့ F-16 , F-35 နဲ့ MIG -29 တွေကို ပိုလန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်အတွင်း ရုရှားလေယာဉ်များက ကြားဖြတ်နှောင့်ယှက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ ပိုလန် လေတပ်မဂ္ဂဇင်းကို လေတပ် တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

သူကဆက်ပြောရာမှာ NATO နဲ့ US အနေနဲ့ အင်အားကို ပိုမိုတိုးမြှင့်ချထားဖို့လိုတယ်လို့လဲ တောင်းဆိုလိုက်ပါတယ်။

ခုအ‌အခြေအနေက ပိုတင်းမာတဲ့အနေအထားပါ။ NATO အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးအကြီးဆုံးအနေအထားလဲဖြစ်ပါတယ်လို့ လေတပ် ဒါရိုက်တာလဲဖြစ် ဗိုလ်ချုပ်တစ်ဦးလဲဖြစ်တဲ့ Ireunensz Nowak က ဗွီဒီယိုကွန်ဖရင့်ကနေတဆင့် ပြောကြားခဲ့တာပါ။

ရုရှားတို့ရဲ့ SU-35 , SU-27နဲ့ MIG -29တွေဟာ ဘယ်လာရု့စ်နိုင်ငံမှတဆင့် ပိုလန်လေပိုင်နက်ထဲကို အကြိမ်ပေါင်းများစွာ ကျူးကျော်နေခဲ့တာ ယူကရိန်းစစ်ပွဲ စကတည်းကဘဲလို့ သူကဆိုပါတယ်။ဒီဖြစ်ရပ်မျိုး နေ့စဉ်ဖြစ်နေပါတယ်။

ရုရှားလေယာဉ်တွေဟာ ၂၄ နာရီအတွင်း နှစ်ကြိမ်၊သုံးကြိမ်မက အသင့်အနေအထားနဲ့ ကျနော်တို့ပိုင်နက်ထဲကို ကျူးကျော်ပြီး ရန်စနေခဲ့တာပါ။ ရုရှားလေကြောင်းကာကွယ်ရေးစနစ်တွေကလဲ NATO လေယာဉ်တွေကို ခြေရာခံနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့က ဒီမှာ ဖြတ်ပျံနေကြတုန်းဘဲလို့လဲ သူကဆက်ပြောခဲ့ပါတယ်။ ဒါဟာနည်းမျိုးစုံနဲ့ ရန်လိုနေတဲ့အပြုအမူပါဘဲတဲ့။

ဒါ့အပြင် Airborne Early Warning and Control Aircraft (AWAC )ဖြစ်တဲ့ Beriev-51 လေယာဉ်ကလဲ အမြဲတန်းပျံသန်း စောင့်ကြည့်နေပါတယ်တဲ့။

NATO အနေနဲ့ အင်အားတိုးချဲ့ချထားခဲ့ရင်တောင် ရုရှားရဲ့ရန်လိုမှုကတော့ ဆက်လက်ရှိနေအုံးမှာ ဖြစ်တယ်လို့ Nowak ကယုံကြည်နေပါတယ်။လက်ရှိမှာ ပိုလန်ဝေဟင်ကို F-16 နှစ်စီး ၊MIG-29 နှစ်စီး ပေါင်းလေးစီး နဲ့ကင်းလှည့်နေရတာပါ။

တစ်ပါတ်အတွင်းမှာ NATO နဲ့US တို့ရဲ့ပူးပေါင်းလေကြောင်းပျံသန်းမှုတွေကို ပိုလန်လေပိုင်နက်တလျောက် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။သဘောတူညီချက်ထဲမှာ သတင်းအချက်အလက်မျှဝေဖို့လဲပါရှိပါတယ်။

ဒါဆိုရင်တော့ US ရဲ့ ခေတ်မီတိုက်လေယာဉ်တွေဖြစ်တဲ့ F-35 တို့ ၊FA-18 တို့နဲ့အတူ F-16 တွေလဲ ပါဝင်လာမှာဖြစ်ပါတယ်။ ပိုလန်သာမက ဥရောပလေပိုက်နက်တစ်ခုလုံးကို လှည့်ပါတ်ပျံဝဲနေမှာဖြစ်လို့ ရုရှားရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

ခုတင်ပြခဲ့တာက နောက်ဆုံးရရှိထားတဲ့အချက်တွေပါ။ အတိမ်းအစောင်းမခံတဲ့အခြေအနေဖြစ်လို့ တတိယကမ္ဘာစစ်ဟာ လက်တလုံးသာလိုပါတော့တယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

Knight News

Leave a Reply

Your email address will not be published.