ယူကရိန်းလူငယ်လေးတစ်ဦးရဲ့ အကူအညီ

ယူကရိန်းလူငယ်လေးတစ်ဦးရဲ့ အကူအညီ

ဒီတစ်ခါတော့ အသက်၁၅ နှစ်သာရှိသေးတဲ့ယူကရိန်းလူငယ်လေးရဲ့ အကူအညီနဲ့ ရုရှားယာဉ်တန်းကို တိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်း တင်ပြချင်ပါတယ်။

သူ့အမည်ကတော့ Andrii Pokrasa ဆိုတဲ့ လူငယ်လေး ဖြစ်ပါတယ်။

သူဟာ ရုရှားယာဉ်တန်းကို သူ့ရဲ့ ကစားစရာဒရုန်းလေးနဲ့ အလင်းတန်းထိုးပြီး ယူကရိန်းစစ်တပ်ကို အကြောင်းကြား ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဆက်သွယ်ချက်ထဲမှာ အချက်အလက်ပြည့်စုံတဲ့အတွက် ယူကရိန်း စစ်တပ်ကို အထောက်အကူ ဖြစ်ခဲ့ပါတယ်။

သူဟာ အဲဒီဒေသရဲ့ တစ်ဦးတည်းသော ဒရုန်းကျွမ်းကျင်သူပဲလို့ ယူကရိန်း ဒရုန်း ကင်းထောက်တပ်ဖွဲ့အကြီးအကဲ Kasjanov က ပြောကြားခဲ့ပါတယ်။

သူဟာ တကယ့်သူရဲကောင်းလေးပါလို့ ချီးမွန်း ဂုဏ်ပြုခဲ့ပါတယ်။

ယူကရိန်း မြို့ပြကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူ့ဆီရောက်လာခဲ့ပြီး ရုရှားယာဉ်တန်းရဲ့ တည်နေရာ ကိုဩဒီနိတ် အတိအကျကို ရယူသွားကြပါတယ်။

ကျနော်ပေးတဲ့အချက်အလက်ကို မူတည်ပြီး ရုရှားယာဉ်တန်းနဲ့ စစ်သားတွေရဲ့ တည်နေရာအတိအကျကို သူတို့က ပြန်တွက်ချက် ရယူနိုင်ခဲ့ပါတယ်လို့ Global News ကို Pokrasa ကပြောခဲ့ပါတယ်။

ဒါဟာ အကြီးဆုံး မှတ်တိုင်ပါ Zhytomyr လမ်းမကြီးပေါ်မှာ ရုရှားတို့ရဲ့ ထရပ်ကားတစ်စီးဟာ မီးတောင်မပိတ်နိုင်ဘဲ ရပ်တန့်သွားခဲ့ပါတယ်။

Pokasar ဟာ ဆိုရှယ်မီဒီယာကတဆင့် ယူကရိန်း ကာကွယ်ရေး အဖွဲ့တွေကို ဆက်သွယ်ပြီး သတင်း အချက်အလက်တွေကို ပေးပို့ခဲ့တာပါ။

ဒါကြောင့်လဲ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ် Kiev မြို့နဲ့ ကီလိုမီတာ ၄၀ အကွာ Berezivka အရပ်မှာ ဒီကွန်ဗွိုင် ယာဉ်တန်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အသက်ငယ်ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာနေရာက တာဝန်ကျေခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ဟာ ယူကရိန်းပြည်သူတွေကြားမှာ သင်းပျံ့နေမှာ မလွဲပါဘူးလို့ ဂုဏ်ပြုတင်ပြလိုက်ရပါတယ်။

Knight News

ရုရှား – ယူကရိန်း

ယူကရိန်းလူငယ်လေး – Andrii Pokrasa
တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာနေရာက တာဝန်ကျေခဲ့သူ

Leave a Reply

Your email address will not be published. Required fields are marked *