စက်ဘီးအရေအတွက်က လူဦးရေထက် ပိုများတယ် ထင်ရတဲ့နိုင်ငံ
ဟုတ်ပါတယ်ဒီနိုင်ငံမှာ စက်ဘီး ၁၈ သန်းလောက် ရှိပါတယ်။ Bakfiets လိုခေါ်တဲ့ တွဲယာဉ်တွေပါ ပါတယ်။
သူတို့လူမျိုးဟာ တစ်နေ့ပျမ်းမျှ ၁.၈ မိုင်လောက် စက်ဘီးစီးကြပါတယ်။သူတို့ခရီးစဉ်ရဲ့ ၂၅ ရာခိုင်နှုန်းကျော်ကို စက်ဘီးနဲ့သာ သွားကြပါတယ်။
ဒီနိုင်ငံရဲ့ မြို့တစ်မြို့ဆိုရင် ကားလုံးဝမရှိပါဘူး။ မြို့အမည်က Houten ဖြစ်ပြီးတစ်မြို့လုံး စက်ဘီးလမ်းဘဲ ရှိပါတယ်။
ဒီမြို့ကို ဒီဇိုင်းဆွဲခဲ့တဲ့ ဗိသုကာ Rob Derks ဆိုသူက လူသွားလမ်းနဲ့ စက်ဘီးစီးဖို့လမ်းတွေကိုသာ ဦးစားပေးရေးဆွဲခဲ့တာပါ။ လမ်းတွေမှာလဲ အရှိန်လျော့စေမဲ့ အတားအဆီးတွေ တပ်ဆင်ထားပါတယ်။
ဒီနိုင်ငံမှာ ကျားမ ခွဲခြားသတ်မှတ်ခြင်းကို ပါတ်စပို့မှာသာ တွေ့နိုင်ပြီး နိုင်ငံသားကဒ်မှာတော့ တွေ့ရမှာ မဟုတ်ပါဘူး။
ဒီနိုင်ငံမှာ လေလွင့်ခွေး၊ ကြောင်တွေ မရှိပါဘူး။ ကမ္ဘာပေါ်မှာ လမ်းဘေးခွေးကောင်ရေ သန်းနှစ်ရာကျော်ရှိမယ် ခန့်မှန်းထားပါတယ်။ဒါပေမဲ့ ဒီနိုင်ငံမှာ လေလွင့်ခွေးတစ်ကောင်ဆို တစ်ကောင်မှ မရှိပါဘူး။
နိုင်ငံအတွင်းကို တင်သွင်းမဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် အခွန်အများကြီး ကောက်ခံလို့ပါ။ ပြည်တွင်း ဂေဟာတွေက ဝယ်ယူမွေးမြူတာက ဈေးသက်သာတဲ့အတွက် လေလွင့်ခွေးနဲ့ကြောင်ရယ်လို့ မရှိတော့ပါဘူး။
ဒီနိုင်ငံမှာ ရာဇဝတ်မှု နဲပါးလွန်းလို့ အကျဉ်းထောင်အများစုက ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာဆို ရာဇဝတ်မှုဖြစ်ပွါးနှုန်းဟာ ၀.၉ ရာနှုန်းအထိ ကျဆင်းခဲ့ပါတယ်။
အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သဘာဝတောရိုင်း တိရစ္ဆာန်တွေ ဖြတ်သန်းဖို့ ဖြတ်လမ်းတွေ ဖေါက်ပေးထားပါတယ်။ ecoduct လိုခေါ်တဲ့ တိရစ္ဆာန်ဖြတ်လမ်း ၇၀ တောင်ရှိပါတယ်။ ဘိုးဝါးလေးတွေ ၊ခွေးတူဝက်တူတွေ၊သမင်တွေကို ဥပဒေ နဲ့ကာကွယ်ပေးထားပါတယ်။
ဒီနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ အစိမ်းရောင် နိုင်ငံဖြစ်ဖို့ ရည်မှန်းထားပါတယ်။ အစိမ်းရောင်နိုင်ငံဆိုတာက သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းပြီး ဓါတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိတာကို ဆိုလိုတာပါ။
၂၀၃၀ ခုနှစ်မှာ ဒီဇယ် ၊ဓါတ်ဆီကားတွေအားလုံးတားမြစ်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားနဲ့ ဟိုက်ဒြိုဂျင်ကားတွေ အသုံးပြုမှာဖြစ်လို့ ပါဝါစတေရှင်တွေ ဟိုက်ဒြိုဂျင်ဖြည့်တင်းဖို့ဆိုင်တွေတောင် အမှာစာတွေလက်ခံရရှိနေပါပြီ။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ၂၀၂၁ ခုနှစ်၊ဂျူလိုင်လထဲက တားမြစ်ပြီးပါပြီ။
ဆိုလာပြားတွေနဲ့ ပလက်ဖေါင်းခင်းထားတဲ့ မီတာ ၇၀ ရှည်လမ်းတစ်ခုလဲရှိပါတယ်။ ဒီလမ်းက ထုတ်လွှတ်တဲ့ လျှပ်စစ်ဓါတ်အားဟာ အိမ်တလုံးကို တစ်နှစ်စာ စွမ်းအင် ပေးထားနိုင်ပါတယ်။၃၀၀၀ ကီလိုဝပ်အထိ ထုတ်နိုင်ပါတယ်တဲ့။
ဒီနိုင်ငံဟာ ပြတိုက်တွေ ဥရောပမှာ အများဆုံးရှိတဲ့ နိုင်ငံပါ။ ပြဇာတ်ရုံတွေလဲအများအပြားရှိပြီး နာမည်ကျော် ပြဇာတ်တွေ ကြည့်ရှုဖို့ ဥရောပတလွှားက လာကြပါတယ်။
လေရဟတ်ပေါင်း ၁၀၀၀ ကျော်ရှိပြီး တချို့ဟာ ၁၈၅၀ ခုနှစ်ကတည်းက တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။ဒါကြီးတွေအပြင် ရေရဟတ်တွေလဲရှိပြီး သီးနှံစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းတို့မှာအသုံးချကြပါတယ်။
Keukenhof ဆိုတာ ဒီနိုင်ငံရဲ့ နာမည်ကျော် ပန်းဥယျာဉ်ကြီးပါ။ ကမ္ဘာ့အကြီးဆုံး ဥယျာဉ်လို့ ဆိုပါတယ်။Lissie အရပ်မှာ တည်ရှိပါတယ်။ ဧက ၈၀ ကျော်မှာ tulip ပန်းအမျိုးပေါင်း ၈၀၀ ကျော် စိုက်ပျိုးထားပါတယ်။ tulip ပန်းပွင့် ၇ သန်းလောက် နှစ်စဉ်ထွက်ရှိပါတယ်။
သူဟာ တချို့နေရာတွေမှာ မြေပြင်က ပင်လယ်ရေထက် ၁၅ မီတာလောက် နိမ့်နေတဲ့အတွက် တူးမြောင်းတွေ၊ တာတမံတွေကို စနစ်တကျ ဆောက်လုပ်ထားတဲ့နိုင်ငံလဲဖြစ်ပါတယ် ။
စာရှု့သူ ရိပ်မိလောက်ပြီ ထင်ပါတယ်။ ဟုတ်ပါတယ် သူကတော့ ကင်းဒမ်းအော့ဖ် သည် နယ်သာလန် ( Kingdom of the Netherlands ) ဖြစ်ပါတယ်ခင်များ။
Knight News Team