ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေဆိုးများအကြောင်း

ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေဆိုးများအကြောင်း

ဒီစာရင်းထဲက မြွေဆိုးတွေနဲ့ တွေ့ဆုံမိရင်တော့ အသက်နဲ့ခန္ဓာ အိုးစားကွဲသွားစေမှာ အသေအချာပါပဲ။ WHO ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ နှစ်စဥ်လူပေါင်း ၅.၄ သန်းဟာ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရပါတယ်။

ဒါကြောင့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေတွေအကြောင်းကို ဗဟုသုတအနေနဲ့ ရွေးချယ်တင်ဆက် ပေးလိုက်ရပါတယ်။

အနက်ရောင် အာဖရိကမြွေ

အာဖရိကဒေသရဲ့ အသေအပျောက်အများဆုံးမြွေဖြစ်တဲ့ Black Mamba ဟာ အဆိပ်နှစ်စက်တည်းဖြင့် လူတစ်ဦးကို သေဆုံးစေနိုင်ပါတယ်။

သူတို့ရဲ့ပါးစပ်အတွင်းက မှင်အရောင် အဆိပ်ရည်ကို အစွဲပြုပြီး Black Mamba လို့ အမည်ပေးထားတာပါ။ အညိုရင့်ရောင် ရှိပါတယ်။ ပျမ်းမျှအားဖြင့် ၇ ပေအရှည်ရှိပြီး တစ်နာရီကို ၁၉ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနိုင်ပါတယ်။

အာဖရိက မြွေစိမ်း

အာဖရိက မြွေစိမ်းလို့ လူသိများကြတဲ့ Boomslang မြွေတွေဟာ သူတို့ရဲ့အဆွယ်တွေကနေ အဆိပ်သင့်စေပါတယ်။ အထူးသဖြင့် ဒီမြွေအကိုက်ခံရရင် ခန္ဓာကိုယ်အတွင်းပိုင်းတွေမှာ သွေးထွက်လွန်ပြီး သေဆုံးရတတ်ပါတယ်။

ကျားမြွေ

ဩစတေးလျနိုင်ငံ အရှေ့တောင်ပိုင်းရှိ တောင်များနှင့် မြက်ခင်းပြင်များမှာ တွေ့ရှိရတတ်တဲ့ ကျားမြွေ ကို သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင်နှင့် အနက်ရောင်ကြားကွက်များကြောင့် အခုလိုအမည်ပေးထားခြင်းပါ။

သူ့ရဲ့ အစွမ်းထက်သော အဆိပ်ဟာ အကိုက်ခံရပြီး ၁၅ မိနစ်အတွင်း လူကိုအဆိပ်ဖြစ်စေနိုင်ပြီး ဒီမြွေကြောင့် ပျမ်းမျှအားဖြင့် တစ်နှစ်ကို အနည်းဆုံး လူတစ်ဦး သေဆုံးနေရပါတယ်။

ရပ်ဆဲမြွေပွေး

အိန္ဒိယနိုင်ငံတွင် နှစ်စဉ်သေဆုံးသူ ၅၈,၀၀၀ ခန့်ဟာ မြွေကိုက်ခြင်းကြောင့်ဖြစ်ပြီး Russell’s viper (ရပ်ဆဲမြွေပွေး) ဟာ အဆိုပါသေဆုံးမှုအများစုကို ဖြစ်ပေါ်စေခဲ့တာပါ။

ဤမျိုးစိတ်ဟာ မြွေပွေးများထဲတွင် သေဆုံးမှု အများဆုံးကို ဖြစ်ပေါ်စေခဲ့သော မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အိန္ဒိယနိုင်ငံတစ်ဝှမ်းက လယ်ကွင်းတွေမှာ အနေများပါတယ်။

ဒီမြွေဆိပ်ဟာ ပြင်းထန်ကျောက်ကပ်ပျက်ယွင်းခြင်း၊ ပြင်းထန်သောသွေးထွက်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါများစွာပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ငန်းတော်ကျား

ငန်းတော်ကျားတွေဟာ နေ့ဘက်မှာ နှေးကွေးစွာ ရွေ့လျားကြတာကြောင့် ညမှောင်ချိန်မှာ အကိုက်ခံရနိုင်ချေ ပိုများသည်။ မြွေဆိပ်ဟာ ကြွက်သားများကို လေဖြတ်စေနိုင်ခြင်း၊ အဆုတ်အတွင်းသို့ လေဝင်ရောက်ခြင်းမှ ရပ်တန့်စေပြီး အသက်ရှုကြပ်ပြီး သေဆုံးခြင်းတို့ထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

မြွေဟောက်

မြွေဟောက်တွေဟာ ၁၈ ပေ အထိ အရှည်ရှိတာကြောင့် ကမ္ဘာ့အရှည်ဆုံး အဆိပ်ရှိ မြွေမျိုးဖြစ်ပြီး သူတို့ရဲ့အားသာချက်ကတော့ အမဲလိုက်တတ်တာပါပဲ။

သူတို့ မျက်လုံးတွေဟာ ပေ ၃၃၀ နီးပါးအကွာမှ ရွေ့လျားနေတဲ့ လူတစ်ဦးကို မြင်တွေ့နိုင်ပါတယ်။ မြွေဟောက်ဟာ သူတို့ရဲ့လည်ပင်းရှိ နံရိုးများနဲ့ ကြွက်သားများကို အသုံးပြုကာ တိုက်ခိုက်တတ်ပြီး ဤမြွေများဟာ ခန္ဓာကိုယ် အရှည်ရဲ့ သုံးပုံတစ်ပုံခန့်ကို ဦးခေါင်းထောင်နိုင်စွမ်းရှိပါတယ်။

အကိုက်ခံရပါပ လူတစ်ယောက်ကို ၁၅ မိနစ်၊ ဆင်တစ်ကောင်ကို နာရီပိုင်းအတွင်း သေဆုံးစေနိုင်ပါတယ်။

ထိုင်ပန်မြွေ

Taipan မြွေတွေဟာ ကမ္ဘာ့အမြန်ဆုံး မြွေမျိုးစိတ်ဖြစ်တာကြောင့် သူတို့ကို သတိမထားမိချိန်မှာပဲ သင်ဟာ အဆိပ်သင့်ပြီး သေဆုံးသွားနိုင်ပါတယ်။

သမပိုင်းနဲ့ အပူပိုင်း ကမ်းရိုးတန်းဒေသများရှိ စိုစွတ်သောသစ်တောများတွင် နေထိုင်သော ဤမြွေဟာ ထူးထူးခြားခြားပဲ တစ်ကိုယ်လုံးခုန်ကာ သားကောင်ထဲသို့ အဆိပ်များ ထိုးသွင်းလိုက်ခြင်းဖြင့် ကိုက်တတ်ကြပါတယ်။

ဖြေဆေးရှိသော်လည်း သေဆုံးလေ့ရှိတာတွေက ပိုမိုများပြားပါတယ်။

Leave a Reply

Your email address will not be published.