“ငရဲတံခါးဝ” (သို့) မီးများတောင်လောက်နေသည့် ကမ္ဘာ့အံ့ဖွယ်ရာ တွင်းနက်ကြီး

“ငရဲတံခါးဝ” (သို့) မီးများတောင်လောက်နေသည့် ကမ္ဘာ့အံ့ဖွယ်ရာ တွင်းနက်ကြီး

တာ့ခ်မင်နစ္စတန် နိုင်ငံက ကမ္ဘာ့အံ့ဖွယ် နေရာတွေထဲက တစ်ခုဖြစ်တဲ့ DarvazaGasCrater ခေါ်တစ်နည်းအားဖြင့် ”ငရဲတံခါးဝ” ခေါ်ကြတဲ့ သဘာဝဓာတ်ငွေ့ မီးတွင်းကြီးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။

မြို့တော် Ashgabat ရဲ့ မြောက်ဘက်မိုင် ၁၆၀ ခန့် အကွာမှာရှိတဲ့ အဆိုပါ ကန္တာရ မီးတွင်းကြီးဟာ ဆယ်စုနှစ်များစွာကြာ မီးလောင်ကျွမ်းခဲ့ပြီး တာ့တခ်မင်နစ္စတန်သို့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက်တော့ ရေပန်းစားရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်က ဆိုဗီယက် ဘူမိဗေဒပညာရှင်များဟာ အဆိုပါ နေရာကို ရေနံတူးဖို့အတွက် ရောက်ရှိခဲ့ပြီး ရေနံထွက်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

စတင်တူးလိုက်တဲ့အခါမှာတော့ မြေကြီးဟာ ကျွံဝင်သွားပြီး၂၂၆ ပေ ကျယ်ကာ ၉၆ ပေ နက်တဲ့ မီးတွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

ဘူမိဗေဒ ပညာရှင်များက အဆိုပါမီးတောက်လောင်နေတဲ့ တွင်းကြီးကိုနှစ်ပတ်အကြာလောက်မှာ မီးငြိမ်းသွားမယ်လို့ ယူဆထားပေမယ့် ထင်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘဲ မီးဟာ ယခုချိန်ထိ လောင်ကျွမ်းနေတာဖြစ်ပါတယ်။

ထိုစဉ်ကတည်းက လောင်ကျွမ်းခဲ့တဲ့မီးဟာ အံ့သြစရာ ကောင်းလောက်အောင် တောက်လောင်ခဲ့တာကြောင့် သမ္မတ Gurbanguly Berdymukhamedov ဟာ ၂၀၁၉ ခုနှစ်က ထရပ်ကားတစ်စီးနဲ့ ပတ်ပတ်လည်ကို မောင်းပြီး ကြည့်ရှုခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းများမှာ ဖော်ပြခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သမ္မတဟာ ဂေဟစနစ် ပျက်စီးပြီး ထိုဒေသမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့် မီးတွင်းကြီးကို အပြီးတိုင် ရပ်တန့်သွားအောင် နည်းလမ်းကောင်းများ ရှာဖွေဖို့ သမ္မတက အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ Neitralny Turkmenistan မှာ ဖော်ပြခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.