ဆယ်စုနှစ်များစွာ ကျိန်စာသင့်ပြီး ခြောက်လှန့်နေခဲ့တဲ့ အရုပ်မလေး Annabelle အကြောင်း

ဆယ်စုနှစ်များစွာ ကျိန်စာသင့်ပြီး ခြောက်လှန့်နေခဲ့တဲ့ အရုပ်မလေး Annabelle အကြောင်း

ရုပ်ရှင်တွေထဲမှာ ထည့်ရိုက်ရတဲ့အထိ နာမည်ကျော်ကြားခဲ့တဲ့ ဒီချောက်ခြားစရာ အရုပ်မလေးဟာ အပြင်ဘဝမှာလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူပါ။

Annabelle လို့ခေါ်တဲ့ ဒီအရုပ်လေးရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဟာ ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သူမရဲ့ပိုင်ရှင်တွေဖြစ်ကြတဲ့ Ed နဲ့ Lorraine Warren တို့ကို အသက်အန္တရာယ်ဖြစ်စေခဲ့တဲ့အထိ ခြောက်လှန့်ခဲ့တာကြောင့် Occult ပြတိုက်သို့ ခေါ်ဆောင်လာရတဲ့ အရုပ်မလေးလည်းဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ Annabelle လို့ ခေါ်တဲ့ အရုပ်လေးတစ်ရုပ်ကို Donna ဆိုတဲ့ မိန်းကလေးက မိခင်ဖြစ်သူဆီကနေ မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

ဒီအရုပ်ကို မိခင်ဖြစ်သူဟာ Belle ဆိုတဲ့အရုပ်ဆိုင်ကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီအရုပ်ဟာ တရားဝင်ထုတ်လုပ်တဲ့ company မရှိပါဘူး။ ဘယ်လိုနည်းနဲ့ အဲ့ဒီဆိုင်မှာ ရှိနေခဲ့မှန်းလည်း မသိခဲ့ပါဘူး။

Donna က အထက်တန်းပြီးခါစမှာ ဒီအရုပ်ကို ရရှိခဲ့တာဖြစ်ပြီး သူနာပြုကောလိပ်တက်ဖို့ သူမဟာ အဆောင်နေရချိန်မှာ တပါတည်း ယူဆောင်သွားခဲ့ပါတယ်။

အစပိုင်းမှာ Donna နဲ့ အခန်းဖော် သူငယ်ချင်းဖြစ်သူတို့ဟာ ဒီအရုပ်ကို အမှုမဲ့အမှတ်မဲ့သာ ထားခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဒီအရုပ်လေးဟာ ထူးဆန်းစွာပဲ ရွေ့လျားနေတတ်ကြောင်း သိခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ သူငယ်ချင်းနှစ်ဦးက မယုံကြည်ကြခဲ့ကြသေးပါဘူး။

Lou လို့ ခေါ်တဲ့ သူငယ်ချင်းတစ်ဦးကသာ ဒီအရုပ်ဟာ သာမာန်မဟုတ်ကြောင်း၊ စွန့်ပစ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရုပ်က ကြမ်းတမ်းစွာ ခြောက်လှန့်လာခဲ့ပါတော့တယ်။

သရေပြားပေါ်မှာ “Help us” လို့ ရေးထားတာတွေ၊ အရုပ်မှာ သွေးတွေပေနေတာတွေ၊ သူ့ဘာသူ နေရာရွေ့နေတာတွေ၊ ညဖက်မှာ ခြောက်လှန့်လာတာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီတော့မှ အရုပ်ပိုင်ရှင် Donna က နတ်ဝင်သည်တစ်ဦးကို ခေါ်ကာ ဖြစ်ပျက်နေမူတွေကို မေးမြန်းခဲ့ရာမှာ ၂၀ ရာစု အစပိုင်းက ဒွန်နာတို့ လက်ရှိနေနေတဲ့အိမ်ဟာ လယ်ယာမြေတစ်ခုဖြစ်ကြောင်း၊ ဒီနေရာမှာ Annabelle Higgins လို့ခေါ်တဲ့ ၇ နှစ် အရွယ် ကလေးမလေးတစ်ဦး သေဆုံးလို့ မြှုပ်နှံခဲ့ဖူးကြောင်း၊ ကလေးမလေးရဲ့ဝိဥာဉ်ဟာ ဒီအရုပ်မှာပူးနေပြီး Donna တို့နဲ့ အတူနေချင်နေကြောင်း ပြောခဲ့ပါတယ်။

Donna တို့ကလည်း ခေတ်ဆန်တဲ့ မိန်းကလေးတွေဖြစ်တာကြောင့် သူနေချင်လည်းနေပါဆိုပြီး နေခွင့်ပေးခဲ့ပါတော့တယ်။ ပြသနာများစွာဟာ ယခုလိုနေခွင့်ပြုခဲ့ရာက စတင်ခဲ့တာပါပဲ။

လူ့အသက်အန္တရာယ်ကို ထိခိုက်လုနီးတွေအထိ ခြောက်ခြားစရာ ပြဿနာတွေ ဖြစ်လာခဲ့ပြီး ဒီအရုပ်ဟာ ဘယ်လိုဖျက်ဆီးဆီး မပျက်စီးခဲ့ဘဲ နောက်ဆုံးမှာ လက်ဆင့်ကမ်းယူဆောင်ခဲ့သူ Warren က ဘီရိုတစ်ခုထဲ အပြီးပိတ်ကာ Do Not Open ဆိုတဲ့စာကို ကပ်ခဲ့ပါတော့တယ်။

ဒါပေမယ့် Annabelle အရုပ်ဟာ ဘယ်တော့ ပြန်ဖွင့်ပေးမလဲ ပြန်ပွင့်လာမလဲဆိုတဲ့အကြည့်နဲ့ ဘီရိုထဲမှာရှိခဲ့ပါတယ်။

ဒီအရုပ်အစစ်ဟာ ယနေ့အချိန်ထိ Occult ပြတိုက်ထဲမှာ ရှိသေးလား၊ မရှိတော့ဘူးလားဟာ တရားဝင်သတင်း မထွက်လာပေမယ့် ဒီအရုပ်ရဲ့နောက်ဆုံးပိုင်ရှင်ဖြစ်တဲ့ Ed Warren ကတော့ ၂၀၀၆ ခုနှစ်မှာ သေဆုံးသွားပြီဖြစ်ပြီး ဇနီးဖြစ်သူ Lorraine Warren ကလည်း ၂၀၁၉ ခုနှစ်အစောပိုင်းမှာ သေဆုံးသွားခဲ့ပါပြီ။

ထူးခြားမူကတော့ သူတို့ဇနီးမောင်နှံထံ အလည်လာတဲ့ ဧည့်သည်များအနက် အရုပ်ကို မထီမဲ့မြင်ပြုခဲ့တဲ့ ဧည့်သည် ၃ ဦးဟာ ထိုနေ့တွေမှာတင် မတော်တဆမူတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။

Annabelle နဲ့ ပတ်သက်ပြီး ဒီအကြောင်းတွေဟာ Movie ဖက်မှာလည်း ပြောင်းလဲခြင်းမရှိပဲ ချပြခဲ့ပေမယ့် အရုပ်ဟာ လက်လုပ်ရုပ် တစ်ခုသာဖြစ်ပြီး ချုပ်လုပ်ပုံမှာ အာမေးနီးယန်းဟန်တွေ ပါဝင်ကြောင်း နောက်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *