ဂျာမနီအကြောင်း သိကောင်းစရာ

ဂျာမနီအကြောင်း သိကောင်းစရာ

ဒီတခါတော့ ကွီးတို့အကြိုက်တွေ့မယ့် ဂျာမနီနိုင်ငံရဲ့ ထူးခြားချက်လေးတွေကို ဖေါ်ပြလိုက်ပါတယ်။

၁။ တနင်္ဂနွေ နေ့တိုင်း ဆိုင်အားလုံးပိတ်ပါတယ်။ တစ်နိုင်ငံလုံးပိတ်တာဖြစ်လို့ ဘာဆိုဘာမှ ဝယ်လို့မရပါဘူးတဲ့။

၂။ အ၊ရက်၊ဘီယာကို လူကြားထဲသောက်ခြင်းကို တရားဝင်ခွင့်ပြုထားပါတယ်။ အရက်နဲ့ပါတ်သက်တဲ့ ဥပဒေတွေကို ဖြေလျော့ပေးထားပါတယ်။ လမ်းပေါ်မှာ သောက်နိုင်ပါတယ်။

၃။ အသက် ၁၄ နှစ်ဆို အပျော့တွေ ( ဘီယာ၊ဝိုင် ) သောက်လို့ရပါပြီ။အုပ်ထိန်းမှုအောက်မှာရှိတဲ့ကလေးဆိုရင် အသက် ၁၆ နှစ်ဆို သောက်လို့ရပါပြီ။ အပြင်းကတော့ အသက် ၁၈ နှစ်မှသာ ခွင့်ပြုပါတယ်။

၄။ ဂျာမနီမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားဝင်ခွင့်ပြုထားတာ ၂၀၀၂ ခုနှစ် ကတည်းကပါ။ ဇိမ်ခန်းတွေဖွင့်ထားတဲ့အပြင် ကားနောက်တွဲ ဇိမ်ခန်းတွေတောင်ရှိလို့ ငှားရမ်းအသုံးပြုနိုင်ပါတယ်။

၅။ မသန်စွမ်းသူများအတွက် အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ မသန်စွမ်းသူများကို သီးခြားအခွင့်အရေး ပေးပါတယ်တဲ့။

သူတို့ကိုသန်စွမ်းလာအောင် အထူးသူနာပြုတွေ ဆရာဝန်တွေက ကုသပေးပါလိမ့်မယ်။

၆။ ဒီနိုင်ငံမှာ ကျေးဇူးတင်ပါတယ်လို့ပြောရင် ဒါဟာ ငြင်းဆိုတာ ဖြစ်ပါတယ်။ တစ်စုံတယောက်က သင့်ကို သောက်ပါဦးလားလို့ မေးခဲ့ရင် Danke လို့ဖြေရင် မသောက်တော့ပါဘူး ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပါယ်ရပြီး Bitter လို့ဖြေခဲ့ရင်တော့ ဟုတ်ကဲ့သောက်ကြတာပေါ့လို့ အဓိပ္ပါယ်ရပါတယ်။

၇။ လက်ခလယ်တချောင်းထဲ ထောင်ပြတာဟာ ပြစ်မှု မြောက်ပါတယ်။ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပြီး ဆဲဆိုတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုအငယ်စားပါတဲ့။ ဒါကိုမြင်တဲ့သူက သင့်ကားနံပါတ်ကိုဖြစ်ဖြစ် တိုင်လိုက်ရင် ရဲက သင့်ကို ဒါဏ်ရိုက်ပါလိမ့်မယ်။

၈။ Oktobarfest လို့ခေါ်တဲ့ ပွဲတော်တစ်ခုကိုခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။ အခမ်းအနားဖွင့်ပွဲကို အောက်တိုဘာလမှာ ၁၆ ရက်ကြိုပြီး ဖဲကြိုးဖြတ် ဖွင့်ပေမဲ့ စက်တင်ဘာလမှာ ကျင်းပကြပါတယ်။ တစ်နိုင်ငံလုံးပျော်ရွှင်စွာ ပါဝင်ကြပါတယ်။

၉။ နိုင်ငံတော်သီချင်းကလဲ ထူးခြားပါတယ်။ ပထမစာပိုဒ်က deutschland Uber alles ဖြစ်ပြီး အဓိပ္ပါယ်က ဂျာမနီသာ အားလုံးထက်ကြီးမြတ်သူ လို့ဆိုပါတယ်။

၁၉၂၂ ခုနှစ် နာဇီ ဝါဒ အားကောင်းတဲ့အချိန်ကထဲက ဒီသီချင်းကို အသုံးပြုခဲ့ပါတယ်တဲ့။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ တတိယစာပိုဒ်ကို ဖြုတ်ပစ်ခဲ့တယ်ဆိုပါတယ်။

၁၀။ သင်ပစ္စည်းပျောက်ခဲ့သလား။ မပူပါနဲ့ သင်ပျောက်ခဲ့တဲ့နေရာကို မှတ်မိဖို့ပဲလိုပါတယ်။ အဲဒီနေရာ ကိုပြန်သွားကြည့်ရင် သင့်ပစ္စည်းကို အနီးဆုံးသစ်ပင်တစ်ပင်မှာ ချိတ်နဲ့ချိတ်ဆွဲထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ရှေးကျပြီးချစ်စရာ ရိုးရာဓလေ့တခုပါ။

၁၁။ နိုင်ငံခြားရုပ်ရှင်တွေကို ဂျာမနီမှာ ကြည့်ရင်တော့ ဂျာမန်အသံထွက်ကိုဘဲကြားရပါလိမ့်မယ်။ ဒီလိုဖြစ်အောင်လဲ ဂျာမန်အသံထွက် ပြင်တဲ့လုပ်ငန်းးတွေဟာ ငွေ သန်းချီမြုပ်နှံ ထားပါတယ်။

၁၂။ အဝတ်အစားမဝတ်ဘဲ နေထိုင်တဲ့ယဉ်ကျေးမှုကိုလဲ တရားဝင်ခွင့်ပြုထားပါတယ် ဒီအတွက် သီးသန့်နေရာသတ်မှတ်ထားပါတယ်။

တစ်ခါတလေ တီဗွီ ကြော်ငြာတွေမှာတောင်ခွင့်ပြုထားပါတယ်။ အဝတ်မဲ့အပန်းဖြေနိုင်တဲ့ ကမ်းခြေတွေ နိုင်ငံ အနှံ့ရှိပါတယ်။ ဒီထဲမှာ Hainch အမျိုးသားဥယျာဉ်က နံပါတ်တစ်ပါတဲ့။ နာရီနဲ့ချီပြီးကြာတဲ့အဝတ်မဲ့ ကပွဲတွေတောင် ကျင်းပလေ့ရှိပါတယ်။

၁၃။ ဒီနိုင်ငံမှာ တန်းစီစနစ် မရှိပါဘူး။ ပြည့်ကျပ်နေတဲ့ ကုန်တိုက်လိုနေရာမှာတောင် သင့်ရှေ့ကလူ နဲ့ သင့်နောက်ကလူကိုမှတ်မိယုံနဲ့ သင့်အလှည့်ကျရင် လိုအပ်တာ ဝယ်ယုံပါဘဲ။

၁၄။ ကလေးတွေဟာ မွေးကထဲက မျိုးရိုးနာမည်ကို တပ်ပြီးမှည့်ခေါ်ဖို့ အစိုးရက ကြပ်မတ်ထားပါတယ်။ ဒါကြောင့် လ ဝ က လို ဌာနမျိုးတွေဟာ နာမည်ကြောင့် ရှုပ်ထွေးမှု မရှိဘူးလို့ဆိုပါတယ်။ ပေါ်ပင်နာမည်မှဲ့ခေါ်တာတွေဟာ ဂျာမနီမှာ ခေတ်မစားပါဘူးတဲ့။

ခုတော့ ဒီလောက်ပါဘဲ။ စာရှု့သူများအတွက် ဗဟုသုတ ဖြစ်စရာတွေကို ဆက်လက်ရှာဖွေတင်ပြသွားပါ့မယ်လို့။

Knight News Team

Leave a Reply

Your email address will not be published.