ဘရုစ်လီ သေဆုံးခဲ့ရခြင်းနောက်ကွယ်က ပဟေဠိဆန်တဲ့ အကြောင်းရင်းများ

ဘရုစ်လီ သေဆုံးခဲ့ရခြင်းနောက်ကွယ်က ပဟေဠိဆန်တဲ့ အကြောင်းရင်းများ

ဘရုစ်လီဟာ အမေရိကန်မှာမွေးတဲ့ ဟောင်ကောင်လူမျိုး ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ သိုင်းပညာရှင်နဲ့ အတွေးအခေါ် ပညာရှင်ဖြစ်ပါတယ်။

သူ့ကို ၁၉၄၀ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ Lee Jun-fan ဖြစ်ပါတယ်။

ဘရုစ်လီဟာ ဟောင်ကောင်-အမေရိကန် နိုင်ငံသားဖြစ်ပြီး dual-citizenship ရရှိထားခဲ့သူပါ။ သူဟာ ဂျစ်ကွမ်ဒို ဆိုတဲ့သိုင်းကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ ဟောင်ကောင်နိုင်ငံ Kowloon Tong မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘရုစ်လီဟာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်သာ ရှိပါသေးတယ်။ သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အခုထိ ရှိနေဆဲပါ။

တချို့က သူနဲ့ သူ့မိသားစုအပေါ် Triads လို့ ခေါ်တဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လက်ချက်ကြောင့် အသက်ဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

တချို့ကလည်း လျှို့ဝှက် ဆန်းကြယ် ကိစ္စရပ်တွေ၊ ကျိန်စာတွေနဲ့ ဆက်စပ်ပြီး ယူဆတာတွေ ရှိနေပါသေးတယ်။

တချို့ကတော့ ဘရုစ်လီဟာ လုပ်ကြံခံရတယ်လို့ ပြောကြပါတယ်။ ဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးတဲ့ မှတ်တမ်းအရ ဘရုစ်လီဟာ ဦးနှောက် ရုတ်တရက် ရောင်ရမ်းခြင်း (Acute cerebral edema) လို့ သိရပါတယ်။

အဲဒီလို ဖြစ်ရခြင်းဟာ Equagesic လို့ခေါ်တဲ့ ဘိန်းအနွယ်ဝင် အပြင်းစား အကိုက်အခဲ ပျောက်ဆေး တစ်မျိုးကြောင့် ဖြစ်ရတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဘယ်လိုပဲပြောပြော ဘရုစ်လီဟာ ကျွန်တော်တို့တွေရဲ့ ငယ်ဘဝအတွက်တော့ ဂန္ဓဝင်လူသား တစ်ယောက်အဖြစ် ထင်ကျန် နေစေခဲ့တာဖြစ်ပြီး

သူ့ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားခဲ့တဲ့ Birth of the Dragon ဇာတ်ကားကိုလည်း ပြန်လည်ကြည့်ရှုရင်း ငယ်ဘဝတွေကို အလွမ်းဖြေနိုင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.