ဘယ်နေရာနဲ့မှ မနီးတဲ့မြို့

ဘယ်နေရာနဲ့မှ မနီးတဲ့မြို့

ဟုတ်ပါတယ် ဗြိတိန်တို့ရဲ့ မြို့တစ်မြို့ဟာ ဘယ်နေရာနဲ့မှ မနီးပါဘူး။ဗြိတိန်တို့ပိုင်တယ်လဲဆိုသေးတယ် ဘယ်နေရာနဲ့မှ မနီးဘူးဆိုတော့ ရှုပ်သွားပြီထင်တယ်။

အမှန်ပါပဲ ဒီမြို့ဟာ ဗြိတိန်နဲ့ အလွန်ဝေးကွာတဲ့နေရာမှာ ရှိနေလို့ပါ။ ဒါ့အပြင် ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့လဲဝေးကွာလို့ပါ။

အနီးဆုံးနေရာဆိုလို့ တောင်အာဖရိကရဲ့ ကိပ်တောင်းမြို့တော့ ရှိပါတယ်။ ဒါတောင်မှ ရေလမ်းနဲ့သွားရင် ၆ ရက်ကြာစီးမှ ဒီမြို့ကို ရောက်ပါလိမ့်မယ်။ ဒီမြို့ရဲ့ အမည်က ပင်လယ်ခွန်နှစ်စင်းရဲ့ အီဒင်ဘာ့ဂ် ( Edinburgh of the seven seas ) ဖြစ်ပါတယ်။

မြို့ဟာ Tristan da Cunha ကျွန်းစုပေါ်မှာ တည်ရှိပါတယ်။ အဲဒီကျွန်းစုဟာ ဗြတိသျှတို့ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် မြို့သားတွေဟာ ဗြိတိန်နိုင်ငံသား ခံယူထားသူများဖြစ်ပြီး မြို့ဟာလဲ ဗြိတိန်အပိုင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြို့ဟာ ကိုယ်ပိုင်ဖွဲ့စည်းပုံ ဥပဒေနဲ့ပါ။

လူဦးရေက ၂၄၄ ယောက်ရှိပြီး ဟိုတယ်မရှိ၊ စားသောက်ဆိုင်မရှိသလို ခရီးသွားဧည့်သည်လဲ မရှိပါဘူး။

ဒစ်ဂျစ်တယ်ငွေကြေးမသုံးဘဲ ငွေသားပဲအသုံးပြုပါတယ်။ မိုဘိုင်းဖုန်းလဲ မသုံးကြပါဘူးတဲ့။ လိုင်းမမိလို့ပါ။ အင်တာနက် တခါတရံ ရပေမဲ့ လစ်မစ်နဲ့ပဲ သုံးလို့ရပါတယ်။

ကျွန်းပေါ်မှာ မီးတောင်ကြီးတစ်ခုရှိပါတယ်။ ဒီကျွန်းစုဟာ အတ္တလန်တစ် သမုဒ္ဒရာအလည် လောက်မှာရှိနေတာပါ။

လေယာဉ်နဲ့မသွားနိုင်ဘဲ ရေလမ်းတစ်ခုသာ ရှိပါတယ်။ ဒီကလူတွေရဲ့တစ်ခုတည်းသော စီးပွားရေးက ဂဏန်းနဲ့ပုဇွန် တင်ပို့ခြင်းဖြစ်ပါတယ်။Tristan ရဲ့ကျောက်ပုဇွန်ကြီးတွေဟာ ဈေးကွက်မှာ နံမည်ကြီးပါတယ်။

ဒီလိုပြောလို့ ဒီနိုင်ငံကို သွားလို့မရဘူးလားလို့ မေးစရာရှိပါတယ်။ သွားလို့တော့ရပါတယ်။ သင့်ရဲ့ လည်ပါတ်မဲ့အစီအစဉ်ကို ကျွန်းရဲ့အာဏာပိုင်တွေစီ တစ်နှစ်ကြိုတင် တင်ပြရပါမယ်။

အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှသာ သင်သွားလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ရိုးရှင်းတဲ့ အီးမေးလ် တစ်စောင်ကို မြို့အုပ်ချုပ်ရေးအဖွ့ရဲ့ အတွင်းရေးမှုးဆီကိုပို့လိုက်ပါ။

သူတို့ကလက်ခံရင် သင့်ကိုအကြောင်းပြန်ပါလိမ့်မယ်။ သင်ဟာ တစ်ဦးဦးရဲ့နေအိမ်မှာတည်းခိုခွင့် ရပါမယ်။ ဟိုတယ်မှမရှိတာ။

ဒီမြို့ကလူတွေအားလုံး တစ်ဦးနဲ့တစ်ဦးသိရှိကြပါတယ်။ သေးငယ်တဲ့ အသိုက်အမြုံတစ်ခုလို ဖြစ်နေပါတယ်။

ရာဇဝတ်မှုမရှိ အိမ်တွေ သော့ခတ်စရာမလိုပါဘူး။ ကလေးငယ်တွေ လွပ်လပ်ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေတာ တွေ့ရပါမယ်။

သူတို့အားလုံးဟာ ဥရောပ ခရီးသွားတွေကတဆင့် ဆင်းသက်လာကြသူတွေဖြစ်ပြီး အားလုံးအိုးအိမ်ပိုင်ဆိုင်ကြပါတယ်။ဒီအတွက် အခွန်အခလဲ ပေးစရာမလိုပါဘူး။

ဒေသသုံး အင်္ဂလိပ်ဘာသာကို ရေးသားပြောဆိုကြပါတယ်။ ခုဆိုရင် အာလူးကို ကိုယ်တိုင်စိုက်ပျိုးထုပ်လုပ်နိုင်ပြီဖြစ်ပြီး ဘယ်အစားအသောက်မှ ပြည်ပကတင်သွင်းစရာမလိုအပ်ပါဘူးတဲ့ ။မိသားစု ၈၀ လောက်က ကိုယ်ပိုင်လယ်ယာခြံမြေတွေပိုင်ဆိုင်ကြပါတယ်။

ကျွန်းမှာ ဆရာဝန်တယောက်သာရှိပြီး စာသင်ကျောင်းကလည်း တစ်ကျောင်းပဲရှိပါတယ်။ အရေးပေါ်ကုသဖို့လိုရင် အာဖရိက က ကိပ်တောင်းမြို့ကိုသွားကြရပါတယ်။

၁၉၆၁ ခုနှစ်မှာ ကျွန်းပေါ်က မီးတောင်ကြီး တစ်ခါပေါက်ကွဲခဲ့ဘူးပါတယ်။ ဗြိတိသျှအစိုးရဟာ ကယ်ဆယ်ရေးတွေကို ဟယ်လီကော်ပတာနဲ့ ချက်ခြင်းစေလွှတ်ခဲ့ပြီး မြို့လူထုကိုနေရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။

သူတို့အားလုံးကို ဗြိတိန်ကိုခေါ်သွားခဲ့တာပါ။ အားလုံးအေးဆေးသွားမှ သူတို့ဟာ စိတ်သစ်လူသစ် နဲ့ကျွန်းကိုပြန်လာခဲ့ကြပါတယ်။ ခုတော့ ကျွန်းပေါ်က တောင်တန်းတွေဟာ သဘာဝ အမွေအနှစ်စာရင်းဝင်ဖြစ်လာပြီး ပင်လယ်စင်ရော်ကြီးများကို သဘာဝဘေးမဲ့ သတ်မှတ်ထိန်းသိမ်းထားပါတယ်။

အရာအားလုံးက အကောင်းချည်းတော့မဟုတ်ပါဘူး။ ငါးဖမ်းသင်္ဘောတွေ၊ ပုဇွန်ဝယ်တဲ့ သင်္ဘောတွေကပါလာတဲ့ ကြွက်တွေဟာ ကျွန်းပေါ်မှာပေါက်ဖွားပြီး ဒုက္ခပေးတာရှိပါတယ်။

သူတို့ဖြေရှင်းနည်းကတော့ ဆန်းပါတယ်။ ကြွက်ဖမ်းတဲ့ အဖွဲ့တွေဖွဲ့ပြီး အကောင်ရေ အများဆုံးဖမ်းနိုင်တဲ့သူတွေကို ဆုချီးမြှင့်တဲ့နည်းပါ။ ဖမ်းတဲ့နေ့ကိုလဲ အားလပ်ရက် သတ်မှတ်ပေးပါတယ်။

သင်ရော ဒီလိုကျွန်းပေါ်ကို လည်ပါတ်ခြင်သလားလို့မေးပါရစေနော်။

Knight News Team

Leave a Reply

Your email address will not be published.