ဒီနေ့ခေတ်ရဲ့ ရဝမ်ဒါ
ရဝမ်ဒါ (Rwanda) ဆိုတာ ကိုယ်ပိုင် စမတ်ဖုန်းထုပ်နိုင်တဲ့ အာဖရိကရဲ့ ပထမဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ Mara groupe ဆိုတဲ့ Eimarati စက်မှုကုပ္မဏီကြီးရဲ့ ဌနခွဲ က စတင်ထုတ်လုပ်ပြီး ၂၀၁၉ ခုနှစ်မှာ ဈေးကွက်တင်နိုင်ခဲ့ပါတယ်။
ပုံစံကွဲ ငါးမျိုး ထုတ်လုပ်ခဲ့တာပါ။ ဖုန်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းအားလုံးကို ရဝမ်ဒါ မှာပဲ ထုတ်လုပ်တာဖြစ်ပါတယ်။
ရဝမ်ဒါဟာ သုံးပြီးသား အဝတ်အထည် ( ဘေထုပ်လို့ခေါ်မှာပေါ့နော် ) တင်သွင်းမှုကို ၂၀၁၉ ခုနှစ်ထဲက တားမြစ်ထားပါပြီ။ ပြည်တွင်း အဝတ်အထည်ထုတ်လုပ်မှုကို တွန်းအားပေးဖို့ဖြစ်ပါတယ်။
ဖိနပ်ဆိုရင်လဲ ယူအက်စ်က တင်သွင်းခဲ့ပေမဲ့ ခုတော့ တားမြစ်လိုက်ပြီး ပြည်တွင်းထုပ်လုပ်ဖို့ အားစိုက်နေပါတယ်။
မြို့တော် Kigali ဟာဆိုရင် အာဖရိကရဲ့အသန့်ရှင်းဆုံးမြို့ ဖြစ်နေပါပြီ။ တစ်ခါသုံး ပလတ်စတစ်ကို ၂၀၀၈ ခုနှစ်က တည်းက တားမြစ်ခဲ့လို့ပါ။ သဘာဝပ်တ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးရဲ့ လမ်းညွှန်ချက်ကလဲ အရေးပါပါတယ်။
စွန်ပစ်ပလတ်စတစ်တွေဟာ စိုက်ပျိုးမြေကို ဆိုးရွားစွာထိခိုက်စေတာကို ပြည်သူကို အသိပေးခဲ့ပါတယ်။ လမ်းပေါ်အမှိုက်ပစ်ရင် ဒါဏ်ရိုက်ပါတယ်။အပြစ်ပေးခံရပါတယ်။
ရဝမ်ဒါဟာ ပညာရေးအတွက် အသုံးပြုဖို့ ကိုယ်ပိုင်ဂြိုလ်တုကို လွှတ်တင်ပြီးပါပြီ။၂၀၁၉ ခုနှစ်မှာပါ။ဒီဂြိုလ်တုကြောင့် ကျောင်းတွေမှာ အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုနိုင်ခဲ့ပါတယ်။
ဝေးလံသီခေါင်တဲ့ ကျွန်းတွေ၊ မြို့တွေအထိ အင်တာနက် ရပါတယ်။ ဂြိုလ်တုကိုတော့ ယူကေ အခြေစိုက် One Web ကုမ္ပဏီက ရေးဆွဲပေးခဲ့ပါတယ်။
ရဝမ်ဒါမှာ အစိုးရက ဆင်းရဲတဲ့မိသားစုတွေ နေထိုင်ဖို့ အိမ်ဆောက်ပေးတဲ့အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်လောက်ကစတင်ပြီး စံပြကျေးရွာတွေတည်ဆောက်ပေးခဲ့ပါတယ်။ ဒီကျေးရွာတွေကို နိုင်ငံအနှံ့မှာ ဆောက်ပေးခဲ့တာပါ။
ကျေးရွာတွေမှာ ရေမီးအပြည့်အစုံပါပါတယ်။စာသင်ကျောင်း၊ ဈေး၊ ဆေးရုံများပါထည့်သွင်း တည်ဆောက်ပေးထားပါတယ်။ ပထမဆုံးစံပြကျေးရွာဟာ ၂၀၁၀ ခုနှစ်မှာ ပြီးခဲ့ပါတယ်။
ရဝမ်ဒါဟာ ဆီလီကွန် ထုတ်လုပ်ဖို့လဲကြိုးစားနေပါတယ်။ ဆီလီကွန်ထုတ်လုပ်ရာမြို့ကို Kigali Innovation City လို့အမည်ပေးထားပါတယ်။
ဇီဝစက်မှုနည်းပညာထွန်းကား တိုးတက်လာဖို့လဲ အစိုးရက လုပ်ဆောင်နေပါတယ်။ အဖွဲ့တွေဖွဲ့ပေးပြီး သုတေသနလုပ်နိုင်ဖို့ထောက်ပံ့ပေးပါတယ်။
သုတေသန စိုက်ခင်းဟာ ၁၇၂ ဧက ကျယ်ပြီး ဒေါ်လာ နှစ်ဘီလီယံ တန်ကြေးရှိပါတယ်။
ရဝမ်ဒါဟာ အာဖရိကမှာ ဒီဂျစ်တယ်ငွေကြေး သုံးစွဲမှု အများဆုံး နိုင်ငံလဲဖြစ်ပါတယ်။ ငွေပေးငွေယူ ကိစ္စအားလုံး အွန်လိုင်းကပဲ လုပ်ပါတယ်။
ရဝမ်ဒါဟာ ဒရုန်းကို တွင်ကျယ်စွာအသုံးပြုနေပါပြီ။ ဆေးကုသမှု ကုန်စည်ပို့ဆောင်မှုနဲ့အခြားနေရာတော်တော်များများမှာ ဒရုန်းကို သုံးကြပါတယ်။ သွေးလိုအပ်လို့ ဒရုန်းနဲ့ပို့ဆောင်ရင် ပိုထိရောက်တာပါ။
ရဝမ်ဒါပါလီမန်မှာ ၆၄ ရာခိုင်နှုန်းက အမျိုးသမီးတွေပါတဲ့။ ကမ္ဘာ့ ကျားမတန်းတူ အခွင့်အရေးရရှိမှုမှာ ရဝမ်ဒါက နံပါတ် ၆ ချိတ်ပါတယ်။ ဝန်ကြီးဌာနတွေအများအပြားမှာ မိန်းမတွေ ဟာ ခေါင်းဆောင်နေရာမှာရှိပါတယ်။
လတစ်လရဲ့ နောက်ဆုံး စနေနေ့မှာ အားလုံးဟာ အမျိုးသားရေးတာဝန်အဖြစ် မိမိပါတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ကြပါတယ်။သစ်ပင်စိုက်တာတို့ဘာတို့ပေါ့။
ရဝမ်ဒါကို လာရောက်လည်ပါတ်သူဦးရေဟာလဲ တိုးပွားလာပါတယ်။ သဘာဝမီးတောင်တွေ၊ သစ်တောတွေ၊ မြစ်ချောင်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေပေါများလို့ ခရီးသွားတွေ အကြိုက်ပါ။
ရဝမ်ဒါဟာလဲ ပြစ်မှုအနည်းဆုံး နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ညဖက်မှာတောင် တစ်ယောက်ထဲ စိတ်ချလက်ချ လမ်းလျောက်ထွက်နိုင်ပါတယ်။
ကဲ ရဝမ်ဒါသွားကြပါစို့လား။
Knight News Team