ရုရှားတို့ ဖုံးကွယ်ထားခဲ့တဲ့ ကပ်ဆိုးကြီးတွေ
ဒီတခါပြောပြမှာကတော့ ကမ္ဘာကမသိအောင် ဖုံးကွယ်ထားခဲ့တဲ့ ရုရှားက ဖြစ်ရပ်ဆိုးတွေအကြောင်းပါ။ ရုရှားဟာ ဆိုဗီယက်ယူနီယံခေတ်မှာ ဆိုရှယ်လစ်စနစ် နဲ့အုပ်ချုပ်ခဲ့တဲ့အင်ပါယာကြီးတစ်ခုပါ။
၁၉၉၁ ခုနှစ်ကျမှသာ ပြိုကွဲသွားပြီး ရုရှားဆိုတဲ့အမည်နဲ့ ဗလာဒီမာပူတင်ရဲ့ အုပ်ချုပ်မှုအောက်ကနိုင်ငံဖြစ်လာပါတယ်။ ကဲကြည့်ရအောင်။
၁။ Kyshtyn disaster (1957)
Mark ဆိုတာ ပလူတိုနီယမ်သတ္တုတွေ လျှို့ဝှက်ထုတ်လုပ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူက Ural Taiga တောနက်ထဲမှာ ရှိပါတယ်။ ဒီနေရာမှာ ပေါက်ကွဲမှုကြီးတစ်ခု ဟာ ၁၉၅၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး ရေဒီယိုသတ္တိကြွမှုနဲ့ ယိုစိမ့်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ကတော့ ကြောက်စရာအကောင်းဆုံးအဖြစ်အပျက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ လူ တစ်သောင်းလောက်ကို တိုးတိုးတိတ်တိတ် နေရာရွှေ့ပေးပါတယ်။
ကျန်တဲ့လူ ၂၇၀၀၀၀ ကျော်ဟာ ဘာမှမသိလိုက်ရဘဲ ဓါတ်ရောင်ချည်သင့်မှုကို ခံစားခဲ့ရပါတယ်။ သူတို့ဟာ ကင်ဆာဝေဒနာကို ခံစားရပြီး ဆုံးပါးခဲ့ကြရပါတယ်။ အစိုးရက ဒီကိစ္စကိုမသိရှိဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ အဒီနေရာဟာ အခုထိ ရေဒီယိုသတ္တိကြွမှုတွေ ရှိနေဆဲပါ။
၂။ Nadalin Catastrophic
( 1960 )
ဆိုဗီယက်တို့ဟာ တိုက်ချင်းပစ်ဒုံးကျည် ICBM R-16 ကို ပစ်လွှတ်ဖို့ စီစဉ်ခဲ့ပါတယ်။ Test flight အနေနဲ့ ပုံစံတူတစ်စီးကို Baikonur အရပ်မှာ စမ်းသပ် ပစ်လွှတ်ပါတယ်။
ဒီဒုံးကျည်ဟာ စမ်းသပ်ဆဲအဆင့်သာရှိပြီး ပစ်လွှတ်ဖို့အဆင်သင့် မဖြစ်သေးပါဘူး။ဒါပေမဲ့ အာဏာပိုင်တွေက နိုဝင်ဘာ ၇ ရက်နေ့မှာ အတင်းအကြပ် ပစ်လွှတ်စေခဲ့ပါတယ်။ ဘော်ရှီဗစ် တော်လှန်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ်ပေါ့။
ပစ်လွှတ်ပြီးနောက် ဒုတိယအဆင့်တွန်းကန် အင်ဂျင်ဟာ ချို့ယွင်းသွားပါတယ်။ ပေါက်ကွဲပျက်ဆီးမှုကြောင့် လူ ၃၀၀ ကျော် သေခဲ့ရပါတယ်။ဒီထဲမှာ စစ်တပ်ထိပ်ပိုင်းအကြီးအကဲတွေလည်း ပါပါတယ်။ သေတဲ့အထဲမှာ ဒုံးကျည်ဌာနအကြီးအကဲ Marshal Metrifan Medellin လည်းပါသွားပါတယ်။ဒါပေမဲ့ ဒီထိခိုက်မှုကို ၁၉၈၉ ခုနှစ်အထိဖုံးကွယ်ထားခဲ့ကြပါတယ်။
၃။ Dniprodzerzhynsk mid-air collision ( 1979 )
ဒါကတော့ လေယာဉ်ချင်းလေထဲမှာ တိုက်မိတာပါ။ ၁၉၇၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့မှာ Dniprodzerzhynsk အရပ်ရဲ့ကောင်းကင်မှာ လေယာဉ်နှစ်စီး တိုက်မိပြီး ပျက်ကျခဲ့ပါတယ်။
နှစ်စီးလုံးဟာ Tupolet 134 အမျိုးအစားတွေဖြစ်ပါတယ်။ပြည်တွင်းခရီးစဉ်ပါ။ နှစ်စီးလုံးက လူ ၁၇၈ ယောက်လုံး ဆုံးပါးခဲ့ပါတယ်။ ဒီထဲမှာ Pakhtakor ဘောလုံးကလပ်က ၁၇ ဦးပါဝင်ပါတယ်။
လေကြောင်းထိန်း တွေရဲ့မှားယွင်းမှုကြောင့် ခုလို တိုက်မိတာလို့ ဆိုပါတယ်။ဒါဟာ ရုရှားလေကြောင်းသမိုင်းမှာအဆိုးဆုံး ဖြစ်ရပ်ဖြစ်ပေမဲ့ ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။
၄။ Aleksandr Suvorov crash (1983 )
Aleksandr Suvorov ဟာ မြစ်တွင်းသွားဇိမ်ခံသင်္ဘောကြီး ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်၊ ဂျွန်လ ၅ ရက်နေ့မှာ သူမဟာ ရော့စတော့ ကနေ မော်စကိုကို ထွက်လာပါတယ်။ တရားဝင် ပြောကြားချက်အရ ခရီးသည် ၃၃၀ နဲ့ယာဥ်အမှုထမ်း ၃၀ ဦးနဲ့ဝန်ထမ်း ၃၅ ဦး လိုက်ပါခဲ့ပါတယ်။
တရားမဝင် အဆိုအရတော့ ဒီသင်္ဘောပေါ်မှာ မှတ်ပုံတင်မထားတဲ့ခရီးသည်အများအပြား ပါရှိခဲ့တယ်လို့ ဆိုပါတယ်။ တစ်နာရီ ၁၆ မိုင်နှုန်းနဲ့ ခုတ်မောင်းလာတဲ့ သင်္ဘောကြီးဟာ ယက်မကျိုးပြီး Ulyanovsk ကား ရထားလမ်းကူးတံတားနဲ့ တိုက်မိပါတယ်။
တံတားကလဲ မီးထွန်းထားခြင်း မရှိပါဘူး။ တံတားသံပေါင်တွေဟာ သင်္ဘောရဲ့ကိုယ်ထည်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်သလိုပါဘဲ။အပေါ်ဆုံးက ရုပ်ရှင်ခန်းမပါ။ တံတားရဲ့ ရထားလမ်းလည်း ပျက်ဆီးသွားပါတယ်။
တချို့သောကားတွေဟာ တံတားကျိုးနဲ့အတူမြစ်ထဲကျကုန်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ ၆၀၀ ကျော်မယ်လို့ ခန့်မှန်ကြပေမဲ့ ဘယ်သတင်းဌာနကမှ ထုတ်ပြန်ကြေညာခြင်း မပြုတဲ့အပြင် မြို့ကိုပါ ပိတ်ဆို့ထားခဲ့ပါတယ်။
၅။ Chernobyl disaster (1986 )
ဒီဖြစရပ်ဆိုးကြီးကတော့ ခုထိချောက်လှန့်ဆဲပါ။ ၁၉၈၆ ခုနှစ်၊ဧပရယ် ၂၆ ရက်မှာ ချာနိုဘိုင်းနျူ ဓါတ်အားပေးစက်ရုံဟာ ချို့ယွင်းမှု အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။
ဓါတ်ပေါင်းဖိုဟာ မတည်မငြိမ်ဖြစ်ပြီး အူတိုင်ဟာ အပူချိန်လွန်ကဲမှုကြောင့် အရည်ပျော်သွားပါတယ်။ အအေးပေးစနစ်မနိုင်တော့လို့၊မီလောင်ပေါက်ကွဲ့မှုဖြစ်ကာ ရေဒီယိုသတ္တိကြွမှုနဲ့အဆိပ်ဓါတ်ငွေ့ယိုစိမ့်မှုးတွေဟာ ဧရိယာတဝိုက်ကို ပြန့်နှံ့သွားပါတယ်။
အစပိုင်းမှာ အာဏာပိုင်တွေက နှုတ်ဆိတ်နေခဲ့ကြပါတယ်။ အဖြစ်အပျက်ကို အစီရင်ခံဖို့နဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ရဲတွေဆိုရင် ဓါတ်ငွေ့ကာ မျက်နှာဖုံးလောက်ပဲ ဝတ်ဆင်နိုင်ပါတယ်။
အနီးဆုံးက Pripyat မြို့ဟာဆိုရင် ဧပြီ ၂၇ ရက်နေ့မှ သိကြပါတယ်။ ဒါပေမဲ့အန္တရာယ်ရှိတယ်ဆိုတာတော့ မသိကြပါဘူး။ ကယ်ဆယ်ရေးဘတ်စ်ကားတွေဟာ ကိယက်ဗ်မြို့ကိုပြန်လှည့်သွားကြပါတယ်။

ရုရှားရဲ့ KGB ဟာ ကောလဟာလတွေပါလို့ပြောပြီးအခြေအနေကို ထိမ်းချုပ်နိုင်ပြီလို့ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ မိခေးဂေါ်ဘာချော့ဟာ ဒီသတင်းကို မေလ ၁၇ ရက်ကြမှသာ ထုတ်ပြန်ခဲ့ပါတယ်။လူထောင်ပေါင်းများစွာကတော့ ရေဒီယိုသတ္တိကြွမှုဒါဏ်ကို ခံစားခဲ့ကြရပါတယ်။
ဒါတွေဟာ သင်ခန်းစာယူဖွယ် အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျ။
Knight News Team