ကမ္ဘာကျော်ခဲ့တဲ့ လှိမ့်လုံးများ

ကမ္ဘာကျော်ခဲ့တဲ့ လှိမ့်လုံးများ

ဒီတခေါက်တော့ လူတွေကို အစစ်အမှန် ဖြစ်ရပ်တွေလို့ ယုံကြည်အောင် လိမ်ညာနိုင်ခဲ့တဲ့ ဖြစ်ရပ်လေးတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။

ဒီလိုလှိမ့်လုံးတွေကို Hoax လို့ခေါ်ပြီး ဒီ
လှိမ့်လုံးတွေကို ယုတ္တိရှိရှိ ဇာတ်လမ်းဆင် တင်ပြသူတွေကိုတော့ Hoaxer လို့ ခေါ်ကြပါတယ်။

၁။ Fiji mermaid (ဖီဂျီက ရေသူမ)

P T Barnum ဆိုသူဟာ အမေရိကန်က သူ့ရဲ့ကိုယ်ပိုင်ပြတိုက်မှာ ၁၈၄၂ ခုနှစ်မှာ ခင်းကျင်းပြသခဲ့တဲ့ ရေသူမ အရိုးစုဟာ လူလုပ် မံမီတစ်မျိုးသာဖြစ်ပြီး ဖီဂျီကျွန်းနားက တွေ့ရှိခဲ့တာပါ။

အပေါ်ပိုင်းက မျောက်တစ်ကောင်ရဲ့အပိုင်းဖြစ်ပြီး အောက်ပိုင်းကတော့ ငါးတစ်ကောင်ရဲ့ အရိုးစုသာ ဖြစ်ပါတယ်။ဒီနှစ်ခုကို ပေါင်းစပ်ချုပ်လုပ်ပြီး ဂျပန်သင်္ဘောသား တ‌စ်ယောက်က မံမီပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးမှ Barnum ကိုလိမ်ရောင်းခဲ့တာပါ။

၂။ Alien Autopsy ဂြိုလ်သားကိုခွဲစိတ်ခြင်း

ဒီ အဖြူအမဲ ရုပ်ရှင်ကားတိုလေးဟာ ၁၉၉၅ ခုနှစ်မှာ Fox ကုမ္ပဏီက ပြသခဲ့ပါတယ်။ ဒါကို ၁၉၄၇ ခုနှစ်မှာ နယူးမက်ဆီကိုပြည်နယ် ရို့စ်ဝဲလ်မှာ ပျက်ကျတဲ့ ပန်းကန်ပြားပျံက ဂြိုလ်သားကို ခွဲစိတ်နေတာ လို့ယူဆကြပါတယ်။

ဒီရုပ်ရှင်မှတ်တမ်းဟာလဲ စစ်တပ်ရဲ့အတွင်းပိုင်းက ပေါက်ကြားလာတာလို့ ဆိုကြပါတယ်။ အမှန်ကတော့ ဒီဖလင်ကို ရိုက်ကူးသူဟာ ဗြိတိန်နိုင်ငံသား တီထွင်သူ Ray Santilli ဖြစ်ပါတယ်။

သူက ပျောက်ဆုံးသွားတဲ့လူသားမျိုးနွယ်တွေအကြောင်း ဖေါ်ထုတ်ဖို့တိုက်တွန်းတဲ့အနေနဲ့ ဒါကို ဖန်တီးရိုက်ကူးခဲ့တာဖြစ်ပါတယ်တဲ့။

၃။ Ghost Watch

၁၉၉၂ ခုနှစ်ရဲ့ ဟော်လိုဝင် ညမှာ BBC က တကယ်ကိုကြောက်စရာကောင်းတဲ့ အတုအယောင် သရဲတစ္ဆေ မှတ်တမ်းဇါတ်လမ်းတစ်ခုကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

သူတိုက တိုက်ရိုက်လွှင့်သယောင် ပြသပေမဲ့ အမှန်တော့ ကြိုတင်ရိုက်ကူးပြီးသားကို ပြန်လည်ပြသတာပါ။ ဇာတ်လမ်းက ပုဏ္ဏက တိုက်တယ်လို့ ပြောရမဲ့ ပစ္စည်းတွေအလိုအလျောက်ရွေ့လျားတာ ကျကွဲတာမျိုးကို သတင်းထောက်တွေက ချက်ခြင်းရိုက်ကူးတင်ဆက်တဲ့ပုံမျိုးပါ။

ဒါကိုကြည့်မိတဲ့ ဗြိတိန်သားအများစုဟာ အလွန်အမင်းကြောက်လန့်ခဲ့ပါတယ်တဲ့။ ဒီဇာတ်လမ်းကို နောက်ထပ်ပြသဖို့ လုံးဝခွင့်မပြုကြတော့ပါဘူး။

၄။ Ballon Boy

ဒီအကြောင်းအရာကတော့ မိဘတွေရဲ့ပူပန်မှုကို စမ်းသပ်ချက်တစ်ခုလို ဖြစ်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကော်လိုရာဒို ပြည်နယ်က ဖို့ဒ်မြို့မှာ အိမ်လုပ် မိုးပျံဘောလုံးတစ်ခုကို လွှတ်တင်ခဲ့ပါတယ်။

ဟီလီယမ် ဓါတ်ငွေ့ဖြည့်ထားပြီး လွှတ်တင်သူတွေကတော့ Richard နဲ့ သူ့ဇနီး Mayumi Heene တို့ဖြစ်ပါတယ်။ ဘောလုံးကို လွှတ်တင်ပြီးကာမှ သူတို့ရဲ့သား ၆ နှစ်အရွယ် Falcon ပျောက်ဆုံးနေကြောင်း ကြေငြာခဲ့ပါတယ်။

ကလေးဖြစ်သူဟာ ဘောလုံးနဲ့အတူပါသွားတယ်လို့ ယုံကြည်ရပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေကိုချက်ခြင်း စတင်ခဲ့ကြပြီး ဒီသတင်းကို ကမ္ဘာတလွှားက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရပါတယ်။

တကယ်တော့ Falcon လေးဟာ ထပ်ခိုးတစ်ခုထဲမှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ သူမမိခင်ဟာ အပြစ်ပေးခံခဲ့ရပြီး ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

ပရိတ်သတ်ကြီးလဲ အင်တာနက် ယူကျုပေါ်မှာတွေ့တိုင်း အရမ်းမယုံကြည်လိုက်ကြပါနဲ့‌နော်။ ဂျင်းမိခြင်းမှ ကင်းဝေးကြပါစေခင်ဗျာ။

Knight News Team

Leave a Reply

Your email address will not be published.