ကမ္ဘာ့ အလျင်မြန်ဆုံး သတ္တဝါများ
အချို့သောတိရစ္ဆာန်များဟာ ပြီးပြည့်စုံ ဆုံး အမြန်နှုန်းစက်လိုမျိုး တီထွင်ဒီဇိုင်း ထုတ်ထားခဲ့သလိုပါပဲ။ တချို့က လေထဲ ပျံပြီး တချို့က ရေထဲကူးပြီး တချို့က ကုန်းပေါ်မှာပြေးတယ်။
အဲ့ဒီထဲကမှ အလျင်မြန်ဆုံး တိရစ္ဆာန် အများစုဟာ ငှက်များဖြစ်ပေမဲ့လည်း ကမ္ဘာ့အမြန်ဆုံး တိရစ္ဆာန် ၁၀ ကောင်စာ ရင်းမှာတော့ ဘယ်လိုအကောင်မျိုးတွေ ပါဝင်လာမလဲဆိုတာကို ဖော်ပြပေးလို က်ရပါတယ်။
10. Brown Hare
Brown Hare ဟာ အညိုရောင် တောယု န်ဖြစ်ပြီး သူတို့ရဲ့ ရှည်လျားတဲ့ နော က်ခြေထောက်များဟာ 77kph (တစ်နာရီကို ၄၈ မိုင်) အမြန်နှုန်းသို့ ရောက်ရှိနိုင်စေတာကြောင့် ဒီအမြန်နှုန်းယာ မြေ ခွေးနီသားတွေနဲ့ ထပ်တူညီတဲ့ တူညီ သောအမြန်နှုန်းသို့ ရောက်ရှိစေနိုင်ပါတ ယ်။
9. Blue Wildebeest
Blue Wildebeest ဟာ အာဖရိကဆိ တ်အမျိုးအစား ဖြစ်ပြီး အမြင့်ဆုံးမြန်နှု န်းဟာ အတိအကျဆိုင် 80 kph (တစ်နာ ရီကို မိုင် ၅၀) နှုန်းဖြင့် ပြေးနိုင်ပါတယ်။
8. Marlin
မာလင်ငါးဟာ တစ်နာရီကို 80kph (တစ်နာရီကို မိုင် ၅၀) အမြန်နှူန်းဖြင့် ရေထဲမှာ ကူးခတ်သွားနိုင်တာကြောင့် အမြန်ဆုံး Sail Fish အဖြစ် မှတ်တမ်းတ င်ထားနိုင်ခဲ့ပါတယ်။
7. Pronghorn Antelope
Pronghorn antelope ဟာ အနောက်ပို င်းနဲ့ တောင်အမေရိက အလယ်ပိုင်းမှာ တွေ့ရှိရတဲ့ သမင်အမျိုးအစားပါ။ သူတို့ဟာ 98kph (တစ်နာရီကို မိုင် ၆၀) အမြ န်နှုန်းဖြင့် ပြေးနိုင်တာကြောင့် ကမ္ဘာ့ ဒုတိယအမြန်ဆုံး ကုန်းသတ္တဝါအဖြစ်လ ည်း မှတ်တမ်းတင်ထားပါတယ်။
6. Sail Fish
Sail fish အမျိုးအစားဖြစ်ပြီး ရေထဲမှာ 110kph (တစ်နာရီကို ၆၈ မိုင်) အမြန်နှန်းဖြင့် ကူးခတ်သွားလာနိုင်တဲ့ ကမ္ဘာ့ အမြန်ဆုံးငါးလည်း ဖြစ်ပါတယ်။
5. ကျားသစ်
ကျားသစ်တစ်ကောင်ရဲ့ အမြန်နှူန်းဟာ သားကောင်ကို အမဲလိုက်ရာမှာ အမြ င့်ဆုံးအမြန်နှုန်း 113kph (တစ်နာရီကို မို င် ၇၀) အထိ ရောက်ရှိနိုင်ပါတယ်။ ၎င်း ယာ 36kph (တစ်နာရီ ၂၂ မိုင်) အမြန်နှ ထိပ်တန်းပြေး န်းရှိတဲ့ လူသားတစ်ဦးရဲ့ နှုန်းထက် သုံးဆပိုမြန်ပါတယ်။
4. Spur-Winged Goose
Spur-Winged Goose ဟာ ငန်းအမျိုးနွ ယ်ဝင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးနဲ့ အမြ န်ဆုံး ငန်းဖြစ်သလို 142kph (တစ်နာရီ ကို ၈၈ မိုင်) အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါ တယ်။
3. Frigate Bird
Frigate ငှက်ဟာ ပင်လယ်နေငှက် အမျိုးအစားဖြစ်ပြီး သူတို့ရဲ့ အမြန်နှုန်း ဟာ 153kph (တစ်နာရီကို ၉၅ မိုင်) အမြ န်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။
အခြားသော ငှက်တွေအားလုံးထက် ကြီးမားတဲ့ အတောင်ပံနှင့် ခန္ဓာကိုယ်အလေး ချိန် အချိုးအစားရှိတာကြောင့် အခုလို အမြန်နှုန်းနဲ့ ပျံသန်းနိုင်တာဖြစ်ပါတယ်။ သူတို့ဟာ တစ်ပတ်ထက်ပို၍ မပျံသန်းပဲ မတ်တတ်နေနိုင်ကြပါတယ်။
2. White Throated Needletail
White Throated Needletoil (ကျောရိုး အမြီးဆွဲ Swift ဟုလည်းလူသိ များသည်) ဟာ ဝေဟင်တိုက်ပွဲတွေထ က်က အလျင်မြန်ဆုံး ငှက်တစ်ကောင်ဖြ စ်ပြီး သူတို့ရဲ့ အမြင့်ဆုံး စံချိန်တင် အမြ န်နှုန်းမှာ 171 kph (တစ်နာရီကို ၁၀၆ မိုင်) ဖြစ်ပါတယ်။
1. Peregrine Falcon
Peregrine Falcon ဟာ သိမ်းငှက်အမျိုး နွယ်ဝင်ဖြစ်ပြီး အလျင်မြန်ဆုံးငှက်ဖြစ်သလို ကမ္ဘာ့ အလျင်မြန်ဆုံးတိရစ္ဆာန်လည်းဖြစ်ပါတယ်။း
၎င်းရဲ့ အမဲလိုက်ချိန်မှာ အမြင့်သို့တ က်ကာ ခါးကိုင်းပြီး 322kph (တစ်နာရီ မိုင် ၂၀၀) အမြန်နှုန်းကျော်ဖြင့် မတ်စော က်စွာ ခုန်ဆင်းပြီး အမဲလိုက်လေ့ရှိပါတ ယ်။ ၎င်းရဲ့ပုံမှန်ပျံသန်းချိန်မှာ အမြန်နှုန်းက 90 kph (တစ်နာရီကို ၅၆ မိုင်) အထိ ရောက်ရှိပါတယ်။