အနမ်းတွေနဲ့ နှုတ်ဆက်တဲ့နိုင်ငံ

အနမ်းတွေနဲ့ နှုတ်ဆက်တဲ့နိုင်ငံ

လူသားတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် နှုတ်ဆက်ကြတာ အဆန်းမဟုတ်ပေမဲ့ ဒီတခါတင်ပြမယ့် နိုင်ငံကတော့ အနမ်းတွေနဲ့နှုတ်ဆက်ကြတယ်ဆိုတော့ စိတ်ဝင်စားစရာပါ။

ဟုတ်ပါတယ် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပါးတစ်ဖက်တစ်ချက်ကို နမ်းပြီးနှုတ်ဆက်လေ့ရှိကြပါတယ်။အဲဒီနိုင်ငံကို သိကြပါသလား။ ပြောပြပါ့မယ် အဲဒါ အီတလီနိုင်ငံပါ။

ပထမဆုံးတွေ့ဖူးတာဖြစ်ပါစေ သင်ဟာ တစုံတစ်ယောက်ကို အနမ်းနဲ့နှုတ်ဆက်နိုင်ပါတယ်။ ဘယ်ဖက်ပါးကိုနမ်းပြီးရင် ညာဖက်ပါးကိုနမ်းပါ ပြီးရင် ဘယ်ဖက်ကိုတစ်ခါပြန်နမ်းပါ ဒါဆိုရင် နှုတ်ဆက်ရာရောက်ပါတယ်။ ဒီနိုင်ငံနဲ့ သူ့တို့ရဲ့တခြားထူးခြားချက်ကလေးတွေလဲ တင်ပြပါရစေ။

ယောက်ျားလေးတိုင်း ပိုက်ဆံအိတ် အသေးဖြစ်စေ၊ အကြီးဖြစ်စေ တစ်လုံးတော့ ကိုင်ကြပါတယ်။ အိတ်မကိုင်တဲ့အီတာလျံရယ်လို့ မရှိပါဘူးတဲ့။

နေ့လည်စာစားပြီး လူတိုင်းတရေးအိပ်တာမျိုး၊ အနားယူတာမျိုး လုပ်ကြပါတယ်။ ရုံးဝန်ထမ်းတွေကအစပါ။ နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီလောက်အထိ အနားယူပြီးမှ ရုံးကိုပြန်လာကြပါတယ်။ ပြီးရင် ည ၇ နာရီလောက်အထိ အလုပ်လုပ်ကြပါတယ်။

နွေရာသီအားလပ်ရက်ဆိုတာ အီတလျံတွေအတွက် မရှိမဖြစ်ပါ။ဩဂုတ်လဆိုတာနဲ့ အီတာလျံတွေဟာ အလုပ်မလုပ်ကြတော့ပါဘူး။ နိုင်ငံရဲ့လုပ်ငန်းတော်တော်များများ တစ်လလောက် ရပ်ဆိုင်းသွားပါတယ်။

လူအများစုဟာ နိုင်ငံရဲ့ တောင်ပိုင်းကို ခရီးထွက်ကြပါတယ်။ တချို့ကတော့ ပြည်ပကို အလည်ထွက်ကြပါတယ်။ ဘယ်အလုပ်ရှင်မှ ဒီအချိန်ကို ခွင့်မပေးတာမရှိပါဘူး။ကြည်ဖြူစွာ ခွင့်ပြုကြပါတယ်။

လမ်းလျောက်ခြင်းကို အီတာလျံတွေက အားလပ်ချိန်တိုင်းလိုလို ပြုလုပ်လေ့ရှိပြီး နှစ်ချိုက်ကြပါတယ်။ ဒါကို Passeggiata လို့ခေါ်ပါတယ်။

ညစာမစားခင်မှာ ဒီလို ဦးတည်ရာမဲ့လမ်းလျောက်ခြင်းဟာ အီတလီမှာ ခေတ်စားတဲ့ အပြုအမူတစ်ခုပါတဲ့။

နေ့ခင်းမှာ အနားယူထားတဲ့အတွက် ညစာကတော့ တော်တော်နောက်ကျမှ စားကြပါတယ်။ ည၈ နာရီလောက်မှ ညစာစားကြလေ့ရှိပြီး နွေဦးရာသီတွေဆို ပိုနောက်ကျပါတယ်။ စားသောက်ဆိုင်ကို သင်စောရောက်နေရင် ဝန်ဆောင်မှုမရလို့
ကြောင်တက်တက်နဲ့စောင့်နေရပါလိမ့်မယ်။

အီတာလျံတွေမှာ ရေးကြီးသုတ်ပြာ ကိစ္စ ရယ်လို့ မရှိပါဘူး။ သူတို့ပြောစကာကားက Piano piano ပါတဲ့။ အဓိပ္ပါယ်က ဖြေးဖြေးပေါ့လို့ ဆိုပါတယ်။ သင့်မှာဘယ်လိုအရေးကြီးနေပါစေ သူတို့ကအေးဆေးပါ။

ဘဏ်တို့ စာပို့ဌာနတို့ဆို ပိုသိသာပါတယ်။ သူတို့က အလုပ်ကိုအေးအေးဆေးဆေးဘဲလုပ်နေကြမှာပါ။သင်ကတော့ အပိုင့်မင့်တွေလွတ်တာတို့ အစည်းအဝေးနောက်ကျတာတို့ ဖြစ်ပါလိမ့်မယ်။

နေ့လည်စာစားချိန်ကလဲ တစ်နာရီလောက်ကြာပါတယ်။စောင့်ရမှာ သင့်တာဝန်ပါ။ အီတာလျံတွေရဲ့ဒီစတိုင်ဟာ သူတို့အတွက်တော့ ဖိအားတွေ ပြေလျော့စေပါတယ်တဲ့။

အီတာလျံတွေဟာ တစ်ခါတလေ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနားနေတတ်ကြပါတယ်။ အမေရိကန်တွေနဲ့ ဆန့်ကျင်ဖက်ပါ။

အထူးခြားဆုံးကတော့ သူတို့ဟာ ၁၇ ဂဏန်းကို ရှောင်ကြပါတယ်။ဒီဂဏန်းဟာ ဥရောပက ၁၃ ဂဏန်းလိုပဲ ကံဆိုးတတ်တယ်လို့ ယုံကြည်ကြပါတယ်။ ဟိုတယ်တွေမှာ အထပ် ၁၇ နဲ့ အခန်း ၁၇ မရှိပါဘူး။ လေယာဉ်မှာလဲ ထိုင်ခုံအတန်း ၁၇ မထားပါဘူး။

တကယ်လို့ သောကြာနေ့ဟာ ၁၇ ရက်နေ့သာ ဖြစ်ခဲ့ရင် တကယ် ကံဆိုးတဲ့နေ့လို့ယူဆကြပါတယ်။ ရောမဂဏန်းမှာ ၁၇ ကို XVII လို့ရေးပါတယ် လက်တင်ဘာသာအရတော့ ဒါဟာ xivi လို့ ဖြစ်ပြီး ငါမသေသေးဘူးလို့ အဓိပ္ပါယ်ရပါတယ်တဲ့။

စပါဂတ်တီ ခေါက်ဆွဲဟာ နံမည်ကျော်အစားအစာပါ။ ဒါပေမဲ့ အသားလုံး meat ball နဲ့တွဲ မမှာပါနဲ့ ဘယ်တော့မှရောင်းမှာ မဟုတ်ပါဘူး။ အစားအစာကလဲ အစီအစဉ်နဲ့ အချိန်နဲ့ တွဲဖက်စားသောက်ကြပါတယ် ။ဥပမာ ပါစတာစားပြီးမှ အသားကိုလာချပေးတာမျိုးပေါ့။

အီတလီရဲ့ထူးခြာတဲ့ ဓလေ့တွေသိပြီဆိုတော့ အီတလီသွားဖို့ ဘယ်အချက်က သင့်ကို စိတ်ဝင်စားစေသလဲဆိုတာ ကွန်မင့်မှာ ပြောခဲ့ပါအုံးနော်။

Knight News Team

Leave a Reply

Your email address will not be published.