အကောင်းဆုံး အပန်းဖြေစရာ နေရာ

အကောင်းဆုံး အပန်းဖြေစရာ နေရာ

စိတ်ရော၊ လူရော ပင်ပန်းသမျှတွေ ပြေပျောက်စေမယ့် နေရာတစ်ခုကို ပြောပြချင်ပါတယ်။ တကယ်ကို သာယာလှပပြီး အရာရာ ပြည့်စုံအောင်လုပ်ထားပေးတဲ့နေရာပါ။ ဒါပေမဲ့ ဈေးကတော့ ကြီးတယ်ခမျ။

Banwa ဆိုတဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်မှာ အလွန်ဈေးကြီးတဲ့ အပန်းဖြေစခန်းတစ်ခု ရှိပါတယ်။ သူဟာ ကမ္ဘာ့အလှဆုံးနေရာတစ်ခုလဲ ဖြစ်ပါတယ်။သင်ဟာ အဲဒီနေရာကို သွားလည်မယ်ဆိုရင် တစ်ညကို ဒေါ်လာတစ်သိန်းလောက် ကုန်မှာပါ။

ဖိလစ်ပိုင်နိုင်ငံရဲ့ Palawan စီရင်စု တစ်ခုထဲမှာ အပူပိုင်းရာသီဥတုရှိတဲ့ ကျွန်းငယ်ပေါင်း ၁၇၈၀ လောက်ရှိပါတယ်။ ဒီထဲကမှ Banwa ကျွန်းကို အပန်းဖြေစခန်းအဖြစ် တည်ဆောက်ခဲ့တာပါ။

တစ်ကြိမ်ကို ဧည့်သည် ၄၈ ယောက်သာ လက်ခံနိုင်ပါတယ်။ ကျွန်းအကျယ်အဝန်းက ၁၅ ဧကသာ ရှိတာပါ။မြို့တော် မနီလာကသွားမယ်ဆိုရင် ရဟတ်ယာဉ်နဲ့ နှစ်နာရီကြာအောင် စီးရပါလိမ့်မယ်။တခြားနည်းနဲ့သွားလို့ မရပါဘူး။

ကျွန်းပေါ်မှာ တည်းခိုဆောင် ၆ လုံးရှိပြီး အခန်းက ၁၂ ခုရှိပါတယ်။ အခန်းတိုင်းမှာ ဆားဗစ် ဝန်ထမ်းတွေ ရှိပါတယ်။ မျက်နှာကျက်ကနေ ကြမ်းပြင်အထိ အခန်းပြင်ဆင်မှုကို Monsa ဆိုတဲ့ပြည်တွင်း အေဂျင်စီတစ်ခုက တာဝန်ယူ ပြင်ဆင်ပေးထားပါတယ်။

တချို့အဆောင်တွေမှာ ရေကူးကန် ပါဝင်ပါတယ်။ အကောင်းဆုံးအပန်းဖြေစရာအနေနဲ့ ၃၆၀ ဒီဂရီ မြင်နိုင်တဲ့အခန်းတွေရှိပါတယ်။ ကျွန်းရဲ့အမြင့်ဆုံးနေရာမှာတည်ဆောက်ထားလို့ ပါတ်ဝန်းကျင် သဘာဝ အလှတွေအားလုံးကို တဝကြီးခံစားနိုင်ပါတယ်။

ဧည့်သည်တွေဟာ ကျွန်းပေါ်မှာပဲ အမြဲနေစရာမလိုပါဘူး။ ကျွန်းရဲ့ပါတ်လည်က ပင်လည်နဲ့ Palawan ရဲ့ တခြားကျွန်းတွေကို လည်ပါတ်ဖို့ ဇိမ်ခံရွက်လှေခရီး စီစဉ်ထားပါသေးတယ်။ခရီးသည် ၃၈ ယောက်ဆန့်ပါတယ်။ ပရိုက်ဗိတ် ဟယ်လီကော်ပတာလေးနဲ့ Palawan ကျွန်းစုတွေကို ဝေဟင်က လှည့်လည်ကြည့်ရှုနိုင်ပါသေးတယ်။

ကျွန်းပေါ်မှာ အားကစားသမားတွေအတွက် စီစဉ်ထားတာ ရှိပါတယ်။ Elnido ကျွန်းကတော့ ကြည်လင်တဲ့ရေပြင် အဖြူရောင်သဲပြင် နဲ့ ကျောက်ဆောင်တွေကြောင့် ရေကူးမလား၊ ငုပ်မလား၊ ကျောက်တောင်တက်မလား အားလုံးရပါတယ်။

ဂေါက်ကွင်းလဲရှိပါတယ်။တင်းနစ်ကွင်း‌ တွေဆိုရင် ရှယ်ပါဘဲတဲ့။အဲဒီကျွန်းပေါ်က Suberterranean မြစ်ကို ရဟတ်ယာဉ်နဲ့ မိနစ်၃၀ လောက်သွားလို့ရပါသေးတယ်။ ဒီမြစ်က မြေအောက် ပေ ၉၈၀ လောက်ကစီးနေတဲ့မြေအောက်မြစ်တစင်းဖြစ်ပြီး ရှုမြင်ရသူတွေအတွက် ရင်သပ်ရှုမောဖွယ်မြင်ကွင်းတွေဖြစ်ပါလိမ့်မယ်။

ပုံစံထူးခြားတဲ့ကျောက်တုံးတွေ၊ ဇီဝသက်ရှိတွေစုံလင်စွာလေ့လာနိုင်ပါတယ်။ဒီမြစ်ဟာ UNESCO အဖွဲ့ကြီးရဲ့မှတ်တမ်းမှာ နံပါတ် ၇ ပါ။

Barbacan ဆိုတဲ့ သဘာဝမြစ်တစင်းအတွင်းမှာ မော်တော်နဲ့ လှည့်ပါတ်လေ့လာဖို့လဲ စီစဉ်ထားပါသေးတယ်။ဂေဟစနစ်တွေကို လေ့လာနိုင်ပါတယ်။

ကယက် ခေါ်တဲ့တယောက်စီးလှေငယ်တွေနဲ့လဲ လည်ပါတ်နိုင်ပါသေးတယ်။ ရေအောက်ရှုခင်း လှပတဲ့ ငါးရောင်စုံနဲ့ ငှက်မျိုးစုံကို ကြည့်မဝနိုင် ဖြစ်ကြပါလိမ့်မယ်။

ဒီကျွန်းပေါ်ရောက်ရင် လုပ်စရာတွေများလွန်းလို့ ကြိုတင်အစီအစဉ်ဆွဲသွားဖို့တော့လိုပါလိမ့်မယ်။ ကုန်ကျတာနဲ့တန်အောင်လဲ ဝန်ဆောင်မှုတွေက ထူးခြားပြည့်စုံလှပါတယ်။

ကဲဗျာ သွားလိုက်ကြပါစို့။
Knight News Team

Leave a Reply

Your email address will not be published.