လေယာဉ်တွေ ဖြတ်မပျံနိုင်တဲ့နေရာ

လေယာဉ်တွေ ဖြတ်မပျံနိုင်တဲ့နေရာ

ကမ္ဘာတလွှားမှာ လေယာဉ်တွေနဲ့ ဖြတ်ကျော်ပျံသန်း ခရီးသွားနေကြတာ သင်အသိပါ။ ဒါပေမဲ့ သင်မသိတာရှိပါတယ်။ အဲဒီနေရာကို ဘယ်လေယာဉ်မှ ဖြတ်ကျော်ပြီး မပျံသန်းကြပါဘူးတဲ့။

ခု Knight News က သင့်ကိုပြောပြပါ့မယ်။ အဲဒီနယ်မြေတစ်ခုက အမှန်တကယ် ရှိနေပါတယ်ဆိုတာကိုပေါ့။

တိဘက်ကုန်းပြင်မြင့်ကို ဘယ်လေယာဉ်မှ ဖြတ်ကျော်ပျံသန်းခြင်း မရှိပါဘူးတဲ့။ တိဘက်ကုန်းပြင်မြင့်ဟာ အကျယ်အဝန်း ၉၇၀,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

ဒီနေရာကို ကမ္ဘာ့ ခေါင်မိုးစွန်းလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်ဟာ ပျံသန်းမှုလမ်းကြောင်းတွေကို အင်တာနက်မှာရှာဖွေကြည့်ရင်‌တော့ အံ့ဩစရာ ဒီနေရာကို ရှောင်ကွင်း ပျံသန်းနေကြတာကို တွေ့ရမှာပါ။( flight radar24 ကို အက်ပ် ထားရင် သိသာပါတယ်။)

ပိုမိုသေချာစေတာကတော့ Tibet Airlines ဖြစ်တဲ့ Lhasa Conggar Airlines ရဲ့ခရီးစဉ်ကို ကြည့်ရင်သိသာပါတယ်။ သူက တိဘက် ကို သွားနိုင်တဲ့ တစ်ခုတည်းသော ခရီးစဉ်ပါ။

ကျန်တာက တရုပ်နိုင်ငံကတဆင့်ပဲ သွားလို့ရပါတယ်။ ဒါက သဘာဝလွန် ဖြစ်ရပ်ကြောင့်လားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရလား ဆိုပြန်တော့လဲ မဟုတ်ပြန်ပါဘူး။

တကယ်တော့ အခြေအနေတွေက ဖြတ်ပျံဖို့ မဖြစ်နိုင်အောင် သဘာဝတရားက ဖန်တီးထားလို့ပါ။ရှင်းပြပါ့မယ်။

တိဗက်ကုန်းမြင့်ဟာ ပေ ၁၄၀၀၀ အမြင့် အနဲဆုံး ရှိပါတယ်။ လေယာဉ်က ဒီအမြင့်ထက် ပိုပျံသန်းနိုင်ပေမဲ့ အရေးပေါ် အခြေအနေမှာ ပေ ၁၀၀၀၀ ကို ဆင်းသက်ရမှာ မျိုးရှိပါတယ်။ ဥပမာ အောက်ဆီဂျင် လိုအပ်တဲ့ အခြေအနေ မျိုးပါ။ ပြီးရင်အရေးပေါ် ဆင်းရမဲ့ ကွင်းကို ပြန်လှည့်ရပါမယ်။

တိဗက်က ပေ ၁၄၀၀၀ အနဲဆုံးရှိတာဆိုတော့ အဆင်မပြေပါဘူး။ (ဒီအကြောင်း သီးသန့်ရေးပြပါမယ်။Pressurization စနစ်အကြောင်းပါ။) ပေ ၁၀၀၀၀ ကို ဆင်းနေစဉ်မှာ ခရီးသည်တွေအတွက် အောက်ဆီဂျင်လိုပါတယ်။

လေယာဉ်တွေမှာ အရေးပေါ် အောက်ဆီဂျင်ကို မိနစ် ၂၀ အတွက်သာ ထည့်သွင်းထားတာဖြစ်လို့ တိဗက်အပေါ်မှာ ဖြတ်ပျံခဲ့ရင် မလုံလောက်ပါဘူး။နောက်တစ်ခုက ဒီနယ်မြေမှာ အရေးပေါ်ဆင်းသက်ဖို့ လေယာဉ်ကွင်းကလဲ မရှိပါဘူး။

Turbulence လို့ခေါ်တဲ့ လေစီးကြောင်းတွေကလဲ ပြဿနာ တစ်ခုပါ။ တောင်ထူထပ်တဲ့အပြင် တောင်ကြားတွေကို ဖြတ်သန်းတိုက်ခတ်နေတဲ့ လေကြောင့် လေယာဉ်ကို cross wind effect ဖြစ်စေပါတယ်။ လေယာဉ်ကို ထိန်းသိမ်းရ ခက်ခဲပါတယ်။ဒါကို လေယာဉ်မှူးတွေသာ သိကြပါတယ်။

ဒါ့အပြင် မြင့်မားတဲ့ အနေအထားကနေ ပျံသန်းရင် အပူချိန်ဟာ အလွန်အမင်းကျဆင်းတဲ့အခြေအနေနဲ့ ကြုံရပါတယ်။လေယာဉ်ဆီ Jet A1 ဟာ -47 ဒီဂရီ စင်တီဂရိတ်မှာ အေးခဲပါတယ်။

တိဗက်ပေါ်က ပျံမယ်ဆိုရင် ဒီလို အပူချိန် နဲ့ကြုံရနိုင်ပါတယ်။ တိဗက်ပေါ် ကြာကြာပျံလေ ဒီပြဿနာနဲ့ ကြုံရလေဖြစ်ရင် ဆီတွေအေးခဲပြီး အင်ဂျင်တွေ ရပ်သွားမှာဖြစ်ပါတယ်။

ခေတ်ပေါ်နည်းပညာတွေက ကျော်လွှားနိုင်ပါစေအုံး ဒီနယ်မြေကိုဖြတ်ဖို့ အကျိုးအမြတ်က နဲနေသေးပါတယ်။

ဟိမဝန္တာ တောင်တန်းကြီးတွေကြောင့် ဒီနယ်မြေဟာ ခုထိတော့ ဘယ်လေယာဉ်မှ မဖြတ်ကျ‌သေးပါဘူး။ လိုလဲမလိုအပ်ပါဘူး။

အိန္ဒိယကတဆင့် သော်၎င်း တရုပ်ကတဆင့်သော်၎င်း သွားလို့ရပါတယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ဘူတန်နိုင်ငံအကြောင်းကို မှတ်မိကြပါလိမ့်မယ်။ ၈ ယောက်သော ပိုင်းလော့တွေသာ ဘူတန်လေဆိပ်ကို ဆင်းသက်နိုင်တယ်ဆိုတာပါ။

အလားတူပါဘဲ တိဗက်ကို ဆင်းသက်နိုင်တဲ့ ပိုင်းလော့တွေလဲ အနည်းငယ်သာရှိပြီး ခုထိတော့ တိဗက်လေပိုင်နက်ဟာ ရှောင်ကွင်းပျံသန်းစရာ နေရာတစ်ခု ဖြစ်နေဆဲပါလို့ တင်ပြလိုက်ရပါတယ်။

Knight News

Leave a Reply

Your email address will not be published. Required fields are marked *