ထူးခြားတဲ့သင်ကြားမှု

ထူးခြားတဲ့သင်ကြားမှု

တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ပညာတတ်လူငယ်တွေ လိုအပ်တယ်လို့ သတ်မှတ်ကြပါတယ်။ ခုတင်ပြချင်တာကတော့ လွတ်လပ်တဲ့ ပညာသင်ကြားမှုကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုအကြောင်းပါ။

ကလေးများဟာ ၇ နှစ်အရွယ်မှသာ ကျောင်းစတက်ကြရပါတယ်။ အတန်းရယ်လို့ မသတ်မှတ်ထားဘဲ အခြေခံနဲ့အထက်တန်းဆိုပြီး ကာလနှစ်ခု ခွဲခြားသင်ကြားရတာပါ။

အတန်းတင်စာမေးပွဲဆိုတာလဲ မရှိပါဘူး။ အိမ်စာလုပ်စရာ မလိုပါဘူး။သတ်မှတ်ကျောင်းဝတ်စုံလဲ မရှိပါဘူးတဲ့ ။ တခါတလေ ကလေးတွေဟာ ညအိပ်ဝတ်စုံ( pajamas ) နဲ့တောင် ကျောင်းတက်ကြပါတယ်။

ရာသီဥတုသာယာတဲ့နေ့တွေဆိုရင် ကျောင်းထဲက ပန်းခြံလိုနေရာမျိုးမှာ စာသင်ကြပါတယ်။ ကျောင်းချိန်ကလဲ မနက် ၉ နာရီ ၄၅ မိနစ်ကနေ ညနေ ၂ နာရီ ၄၅ အထိပါဘဲ။ ကလေးတွေဆိုရင် မိနစ် ၂၀ လောက် သင်ပြီးတိုင်း အားလပ်ချိန် ပေးပါတယ်။

အစားအစာကို ကြိုက်တဲ့အချိန် စားခွင့်ပြုထားပါတယ်။ ကလေးတွေ ကစားခြင်းဟာ ပထမဦးစားပေးပါတဲ့။ စိတ်ပိုင်းရုပ်ပိုင်းကျန်းမာတဲ့ ကလေးဖြစ်ဖို့အဓိကထားပြီး သင်ကြားမှုစနစ်ဖြစ်ပါတယ်။ အတန်းသတ်မှတ်ချက် မရှိတော့ အဆင့်ပြိုင်တာမျိုးလဲ မရှိပါဘူး။

ကောလိပ် အပါအဝင် ဘယ်ကျောင်းမဆို ပြည်သူ့ ရန်ပုံငွေနဲ့သာ ရပ်တည်ကြပါတယ်။ ဒါပေမဲ့ဒီနိုင်ငံက ဆရာ ၊ဆရာမတွေဟာ တခြားနိုင်ငံထက် သင်ကြားပေးရချိန် နဲပြီး လစာကတော့ ပိုများပါတယ်။

မိဘတွေအဆိုအရ မသင်မနေရ ပညာရေးဆိုတာ ကလေးတွေရဲ့ ဖန်တီးတီထွင်နိုင်မှုနဲ့ စိတ်ကိုမွန်းကြပ်စေတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကလေးသဘာဝ လွပ်လပ်မှုကို မပျက်ဆီးရအောင် ၇ နှစ်မှ ကျောင်းစထားတာပါ။

သင်္ချာ သိပ္ပံကို ပထမဆင့်မှာ စသင်ပါတယ်။ ဒါပေမဲ့တစ်ပြိုင်တည်းမှာ သီချင်း ပန်းချီနဲ့ အားကစား ကိုပါသင်ကြားပေးပါတယ်။ ကလေးတွေဟာ ချည်ထည်နဲ့လက်မှုပညာအသေးစားတွေကို ကိုယ်တိုင်လုပ်ကြရပါတယ်။

တတိယ အဆင့်မှာ အင်္ဂလိပ်စာစသင်ပြီး စတုတ္ထအဆင့်မှာ ဆွီဒင်ဘာသာစကား သင်ပါတယ်။ပထမ ၃ နှစ်မှာ အဆင့်မခွဲဘဲ လေးနှစ်မြောက်ကျမှ အဆင့်ကိုသတ်မှတ်ပါတယ်။

၅ နှစ်မြောက်မှာ ဇီဝဗေဒ၊ ပထဝီ ၊ရူပဗေဒ၊ သမိုင်းနဲ့ဓါတုဗေဒကို သင်ပါတယ်။ကျောင်းတက်ပြီး ၃ နှစ်အကြာကနေ ၇ နှစ်အကြာအထိ နှုတ်ဖြေမေးပြီး အဆင့်သတ်မှတ်ပါတယ်။ မေးတာဖြေတာကို ကျောင်းသားနဲ့ဆရာပဲ သိခွင့်ရှိပြီး မှတ်တမ်းတင်ထားတာမျိုး မရှိပါဘူးတဲ့။

ကလေးတိုင်း အသက် ၁၆ နှစ်ပြည့်ပြီဆိုရင် အဆင့် ၉ ကိုအောင်မြင်ပြီလို့ သတ်မှတ်ပါတယ်။ သူတို့ဟာ ပညာရေးကို နည်းစနစ်အသစ်နဲ့ သင်ကြားမှုပုံစံဖြစ်ပါတယ်။

သင်္ချာ နဲ့သိပ္ပံဘာသာရပ်ဆိုရင် ပုံစံအသစ်နဲ့သင်ကြားတယ်လို့ ဆိုပါတယ်။ ကလေးတွေကို ရှုဒေါင့်မျိုးစုံနဲ့ ကြည့်မြင်ဖြေရှင်းနိုင်အောင်သင်ကြားတဲ့ပုံစံပါ။

သူတို့ဟာ အွန်လိုင်းကနေ သင်ကြားမှုကို ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကထဲက စတင်ခဲ့တာပါ။ ဒါဟာ ကျောင်းသားကို ပိုမိုနားလည်စေပါတယ်တဲ့။

ဆရာတွေဟာလဲ သူတို့ရဲ့သင်ကြားမှုပုံစံကို လွတ်လပ်စွာ ဖန်တီးသင်ကြားခွင့် ပေးထားပါတယ်။ပြဌာန်းစာအုပ် မရှိပါဘူး။ကျောင်းအားလုံးဟာ တန်းတူ အခွင့်အရေးတွေရရှိပြီး သူဌေးကျောင်း ဆင်းရဲသားကျောင်းလို့ မခွဲခြားပါဘူး။
ကျေးရွာကကျောင်းဟာလဲ မြို့ပေါ်ကကျောင်းနဲ့ အတူတူပါဘဲ။

ဒါကို လျော့ရဲတဲ့ ပညာရေးလို့ ထင်စရာရှိပေမဲ့ အဖြေတွေကိုကြည့်ရင် ဒီကျောင်းသားတွေဟာ ဥရောပမှာ အဆင့်မြင့်နေရာတစ်ခု ရရှိထားပါတယ်။ ၉၃ ရာခိုင်နှုန်းဟာ ဘွဲ့ရကြပါတယ်။

ဒါဟာ ယူအက်စ်ထက် ၁၇.၅ ရာနှုန်းပိုများပါတယ်။ ၆၆ ရာနှုန်းသော ကျောင်းသားတွေဟာ ဥရောပ အဆင်မြင့်တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားနေပါတယ်။

ဟုတ်ကဲ့ ဒီနိုင်ငံကတော့ ဖင်လန်နိုင်ငံ ဖြစ်ပါတယ်။ သင်ရော ဒီပညာရေးစနစ်ကို။ ဘယ်လိုထင်ပါသလဲ။ မန့်ခဲ့ကြပါအုံးနော်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *