အကြောင်းပြချက်မရှိပဲ ပျောက်ကွယ်သွားခဲ့တဲ့ ရွာငယ်လေးတစ်ခု

အကြောင်းပြချက်မရှိပဲ ပျောက်ကွယ်သွားခဲ့တဲ့ ရွာငယ်လေးတစ်ခု

၁၉၃၀ ခုနှစ်မှာ The Pas မှသတင်းထောက်တစ်ဦးဖြစ်တဲ့ Manitoba ဟာ ကနေဒါနိုင်ငံ၊ Angikuni ရေကန်ရဲ့ ညာဘက်ရှိ Inuit ရွာငယ်လေးတစ်ခုမှာ ရွာသားတွေ အကုန်ပျောက်ဆုံးသွားခဲ့ကြောင်းကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ထိုရွာလေးဟာ ရံဖန်ရံခါ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေကို အမြဲတမ်း နွေးထွေးစွာ ကြိုဆိုလေ့ရှိပါတယ်။ သို့သော် ၁၉၃၀ မှာတော့ ရွာမှာ လူသိများတဲ့ သားမွေးထောင်ချောက် ပြုလုပ်သူ Joe Labelle ဟာ ရွာသားများအားလုံး ပျောက်ဆုံးသွားခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ချုပ်လုပ်နေဆဲ အင်္ကျီတွေထဲမှာ အပ်တချို့နဲ့ မီးတွင်းမှာ တွဲလောင်းကျနေတဲ့ အစားအစာတွေကို တွေ့ရှိခဲ့တာကြောင့် ရွာသားတွေက ရုတ်တရက် ထွက်သွားခဲ့တာဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ပိုစိတ်ရှုပ်စရာကောင်းတာက ခွေး ၇ ကောင်ဟာ အစာငတ်ပြီး သေဆုံးနေပြီး တူးထားတဲ့ သင်္ချိုင်းတချို့ကိုပါ သူက တွေ့ရှိခဲ့တာပါ။

သင်္ချိုင်းမှာပတ်နေတဲ့ ကျောက်တုံးတွေဟာလည်း အညီအရီ စီထားတာကြောင့် တိရိစ္ဆာန်တစ်ကောင်က ဒါမျိုး မယူနိုင်ဘူးလို့ Labelle က ယူဆခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဒီဖြစ်ရပ်ကို အနောက်မြောက် တောင်တက်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှကို ပြန်ရှာမတွေ့ခဲ့ပါဘူး။

တစ်ရွာလုံး ပတ်ရှာဖွေလို့ လူတစ်ယောက်တောင် အစအန ရှာမတွေ့ခဲ့တဲ့ ဒီရွာငယ်လေးမှာ လူကြီးနဲ့ ကလေး စုစုပေါင်း ၂၅ ယောက် တိတိ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တာပါ။

ကျွမ်းကျင်သူနဲ့ သုတေတီတွေရဲ့ သုံးသပ်ချက်အရ အဆိုပါဒေသမှာ ထူးဆန်းတဲ့ဖြစ်ရပ်မျိုးတွေလည်း မရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီရွာကလူတွေဟာ လှေနဲ့ Angikuni ကို စွန့်ခွာတာတာမျိုး လုပ်ခဲ့ရင်တောင် တစ်ရွာလုံးမှာ အိမ်ထောင်စု ၆ စု ရှိသလို ရေကြောင်းခရီးမှာ လိုက်ပါသွားဖို့ အလွန်ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးတွေလည်း ရှိနေတာကြောင့် ဒီဖြစ်ရပ်ဟာလည်း ကမ္ဘာ့ လျှို့ဝှက်ဆန်းကြယ် စာအုပ်တွေမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။

ဒီရွာငယ်လေးယာ အိမ်ထောင်စု ၆ စုနဲ့ လူ ၂၅ ယောက် အတိ ပျောက်ဆုံးသွားတယ်ဆိုကြပေမဲ့ နောက်ပိုင်းမှာ ထောင်ဂဏန်းလောက် ပျောက်ကွယ်သွားခဲ့ကြတာဖြစ်တယ်လို့ အငြင်းပွားမှုတွေလည်း ပေါ်ပေါက်လို့လာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ရွာသားဖြစ်တဲ့ Joe Labelle ကရော ဘာကြောင့် တစ်ယောက်ထဲ ကျန်နေခဲ့ရတာလဲဆိုတာကတော့ ထူးဆန်းစရာပါပဲ။

Knight News Team

Leave a Reply

Your email address will not be published.